ဝက်တုပ်ကွေး ရောဂါပိုးရှိသူ ၂ ဦးထက် ပိုနိုင်

သတင်း - ကျန်းမာရေး သတင်းရင်းမြစ် > ေအးလဲ့/ဧရာဝတီ သောကြာနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၀၉ ခုနှစ်


မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂ ဦးရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ကြေညာသော်လည်း အမှန်တကယ် အရေအတွက်မှာ ထိုထက်မက ပိုဖွယ်ရှိ သည်ဟု သိရသည်။

ရန်ကုန်မြို့၊ ကူးစက်ရောဂါကု ဝေဘာဂီဆေးရုံတွင် ထို ရောဂါပိုး ရှိသူ ၇ ဦး ခန့် ရောက်လာသည်ဟု သိရကြောင်း ထိုဆေးရုံမှ လူနာ တဦးက ပြောသည်။

“အခုတော့ ၃ ယောက်က သက်သာလို့ ဆင်းသွားပြီ ၄ ဦး ကျန်တယ်လို့ ကြားတယ်၊ ဒီ လူနာတွေကို ထားတဲ့ အခန်း အကုန်လုံးကို အလုံ ပိတ်ထားတယ်၊ အဲဒီ ဘက်ကို ဖြတ်လျှောက်ခွင့် မရှိဘူး” ဟုဆို သည်။

ဝေဘာဂီဆေးရုံ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်သော်လည်း တစုံတရာ ဖြေကြားခဲ့ခြင်း မရှိပေ။

တနင်္လာနေ့က ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ရောက်လာသူ အသက် ၂၀ အရွယ် အမျိုးသားတဦးတွင် A (H1N1) တုပ်ကွေး ရောဂါပိုး တွေ့ရှိရကြောင်း ယနေ့ထုတ် မြန်မာနိုင်ငံ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ လူနာသည် ယခုအခါ ပြန်လည် နာလန်ထလာပြီဟု ဆိုသည်။

ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကျန်းမာရေး ဝန်ကြီးဌာနက လူနာ၏ မိသားစုဝင်များအား ပြင်ပသို့ သွားရောက်ခွင့် မပြုဘဲ စောင့်ကြည့်လျှက်ရှိပြီး၊ လူနာနှင့်အတူ လိုက်ပါခဲ့သော ခရီးသည် ၁၀၄ ဦးနှင့် ရန်ကုန်လေဆိပ် ဝန်ထမ်းများ၊ လူနာနှင့် ထိတွေ့ခဲ့သူများကိုလည်း ရောဂါ ရှိမရှိ လိုက်လံ ကြည့်ရှုနေသည်ဟု ဖော်ပြထားသည်။  

A (H1N1) ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံ ပထမဆုံး တွေ့ရှိရသည်မှာ  ၁၃ နှစ်အရွယ် မိန်းခလေး တဦးတွင် ဖြစ်ကြောင်း အာဏာပိုင်တို့က ဇွန်လကုန်ပိုင်းတွင် တရားဝင် ကြေညာခဲ့သည်။

လူနာ ၂ ဦးစလုံးမှာ လေဆိပ်တွင် စစ်ဆေးစဉ်က ကျန်းမာရေး ကောင်းမွန်သူများဖြစ်သည်ဟု သတင်းစာများတွင် ဖော်ပြထားသည်။

ကျန်းမာရေးအသုံးစရိတ် နည်းပါးသော မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေး ရောဂါပိုး ရှိသူ အရေအတွက် အတိအကျကို အစိုးရက သိနိုင်ပါမည်လောဟု အများက သံသယ ရှိကြသည်။

ရန်ကုန်လေဆိပ်တွင် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးသော်လည်း ရောဂါရှိသူကို အလွယ်တကူ တွေ့နိုင်မည်မဟုတ်ကြောင်း ပြည်ပ ခရီးထွက်ခဲ့သူ တဦးက ပြောပြသည်။

“ကျနော် ရန်ကုန်ရောက်တဲ့နေ့ကတော့ ဗီဒီယို ကင်မရာကို တယောက်က ပုခုံးမှာ ထမ်းထားတယ်၊ ကျန်းမာရေး ဝန်ထမ်း ၅ ယောက် ၆ ယောက်လောက်က စောင့်နေတယ်၊ ခရီးသည်တွေကို ကြည့်နေကြတယ်” ဟု သူက ပြောပြသည်။

ရောဂါရှိမရှိ လေယာဉ်စီး ခရီးသည်များ ဖြည့်စွက်ရသည့် စာရွက်ကို ကျန်းမာရေး ဝန်ထမ်းများက ကြည့်ရှုပြီး လိုအပ်ပါက စစ်ဆေးမည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ ဧည့်သည် အဝင်အထွက် အလွန် များပြားသော အိမ်နီးချင်း  ထိုင်းနိုင်ငံ၌လည်း A (H1N1) တုပ်ကွေးရောဂါပိုး တွေ့ရှိရသူ ၃ဝဝဝကျော် ရှိကြောင်း၊ ကုသ၍ လုံးဝ ပျောက်ကင်းသွားသူ ၂၈၀၀ ကျော်ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယနေ့အချိန်အထိ တုပ်ကွေးရောဂါကြောင့် အသေအပျောက် ၁၅ ဦး ရှိသည်ဟု ဆိုသည်။

တကမ္ဘာလုံးတွင်  H1N1 တုပ်ကွေးရောဂါပိုး ကူးစက်ခံခဲ့ရသူ ၉၄၅၁၂ ဦး ရှိကြောင်း၊ ထိုရောဂါကြောင့် ၄၂၉ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့် တနင်္လာနေ့တွင် ကြေညာခဲ့သည်။



စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 7 ဦး အွန်လိုင်း ရှိနေသည်။