အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ဒုတိယမြောက် A (H1N1) ကူးစက်ခံရသူ မြန်မာပြည်တွင် တွေ့ရှိ
သတင်း
-
ကျန်းမာရေး
သတင်းရင်းမြစ် > မဇၩိမသတင္းဌာန
သောကြာနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
နယူးဒေလီ။ ။ ဒုတိယမြောက် ကမ္ဘာ့လူတုပ်ကွေး A (H1N1) ရောဂါ ကူးစက်ခံရသူ အသက် ၂၀ နှစ်အရွယ် အမျိုးသားတဦးကို ရန်ကုန်မြို့တွင် ထပ်မံတွေ့ရှိပြန်ပြီ ဖြစ်သည်။
အဆိုပါ အမျိုးသားမှာ ဇူလိုင်လ ၆ ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Air Asia လေယာဉ်ခရီးစဉ် အမှတ် FD 3770 ဖြင့် ပြန်လည် ရောက်ရှိလာသူ ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာစစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ရေးသားထားသည်။
ဤသည်မှာ စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ၁၃ နှစ်အရွယ် မိန်းကလေးတွင် A (H1N1) ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့်လ ၂၈ ရက်နေ့က စစ်အစိုးရမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဒုတိယမြောက် ရောဂါကူးစက်ခံရသူကို ရှာဖွေတွေ့ရှိကြခြင်း ဖြစ်သည်။
ယခုလ ၆ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျန်းမာရေး စစ်ဆေးစဉ်က အဖျား မရှိခဲ့သော်လည်း ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိသဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ရာ နောက်တရက်တွင် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အဖွဲ့က နေအိမ်သို့ သွားရောက်ကြည့်ရှုပြီး ဝေဘာဂီ အထူးဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထဲတွင် ဖော်ပြထားသည်။
ထို့နောက် သူ့ကို ဝေဘာဂီဆေးရုံ သီးသန့်လူနာခန်း၌ထားရှိပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနက စမ်းသပ်စစ်ဆေးခဲ့ရာ A (H1N1) ရောဂါ ကူးစက်ခံရသူအဖြစ် တွေ့ရှိခဲ့သည်။
ပထမဆုံး ကူးစက်ခံခဲ့ရသူ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်မှာ ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်သည်။
ဒုတိယမြောက် A (H1N1) ကူးစက်ခံရသူကို ထပ်မံတွေ့ရှိစဉ် ရန်ကုန်တွင် လူအများ အထိတ်တလန့် ဖြစ်မည်ကို စိုးရိမ်သဖြင့် ကျောင်းသူကျောင်းသားများအား ပါးစပ်နှာခေါင်းစည်း Surgical Mask များ မတပ်ဆင်ရန် တယက ခေါ် တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားချိန်လည်း ဖြစ်သည်။
“ကျောင်းဆင်းချိန် ကျောင်းတက်ချိန်တွေမှာ ကလေးတွေ အုပ်စုလိုက်ရှိနေတုန်း Mask တွေနဲ့ဆိုရင် မြင်တဲ့လူတွေ အထိတ်တလန့် ဖြစ်ကုန်မယ်ဆိုပြီး နေမကောင်းဖြစ်နေတဲ့ သူကလွဲပြီး တခြားကျောင်းသားနဲ့ ဆရာမတွေကို Mask မတပ်ခိုင်းဖို့ ညွှန်ကြားလာတယ်။ သူတို့ကတော့ လုံခြုံရေးအတွက်ဆိုပြီး ခေါင်းစဉ်တပ်တယ်” ဟု ဒဂုံ အထက ၁ မှ ကျောင်းဆရာမက ပြောသည်။
ထိုကဲ့သို့ ကလေးငယ်များကို ပါးစပ်နှာခေါင်းစည်းများ မတပ်ဆင်ခိုင်းသည့်အတွက် ကျောင်းသားမိဘအများစုက ကလေးများကို ကျောင်းလွှတ်ရမည်ကို စိုးရိမ်မှုများရှိနေကြသည်ဟု ကျောင်းသားမိဘများက ဆိုသည်။
“ကျမသမီးက အိမ်ပြန်လာတော့ ဆရာမတွေက နောက်နေ့ကစပြီး Mask တွေ မတပ်ရတော့ဘူးလို့ ပြောတယ်။ ကျောင်းမှာလည်း နှာစေး၊ ချောင်းဆိုးဖြစ်နေတဲ့ ကလေးတွေက အများကြီးဖြစ်နေတယ်။ ရောဂါစကူးတဲ့ ကလေးကလည်း ကိုယ့်ကျောင်းကပဲဆိုတော့ ကလေးတွေကို Mask တပ်စေချင်တယ်။ ကျောင်းမလွှတ် ပြန်ရင်လည်း ပညာရေးထိခိုက်မှာ စိုးတော့ စိုးရိမ်စိတ်နဲ့ပဲ လွှတ်နေရတယ်” ဟု ရန်ကုန် နည်းပညာကောလိပ်မှ ကျောင်းသားမိဘတဦးက ပြောသည်။
ထိုကဲ့သို့ တကယ အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် Mask များ မတပ်ဆင်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာနက မသိရှိကြောင်းနှင့် ၎င်းတို့ဝန်ကြီးဌာနနှင့် တိုင်ပင်ညှိနှိုင်းခဲ့ခြင်း မရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
သူက “တယက က လုပ်ခိုင်းတယ်ဆိုတော့ ကျနော်တို့လည်း နားမလည်တော့ပါဘူး။ ကလေးတွေ အများကြီး ရှိနေချိန်မှာ ဒီလို ဘာအကာအကွယ်မှ မရှိဘဲ နေတယ်ဆိုတာတော့ အင်မတန်ကို အန္တရာယ်များတဲ့ အခြေအနေပါ။ ဘာဖြစ်လို့ မတပ်ခိုင်းတာလဲဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး” ဟု ပြောသည်။
(ရန်ကုန် သတင်းထောက်တဦးက အချက်အလက် အချို့ကို ပေးပို့သည်။)
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 6 ဦး အွန်လိုင်း ရှိနေသည်။