အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို
သတင်း
-
စစ်ရေးစစ်ရာ
သတင်းရင်းမြစ် > ဖနိဒါ/မဇၩိမ
သောကြာနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ချင်းမိုင်(မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ် ကရင်အဖွဲ့တခုဖြစ်သော ဟောင်သရောအဖွဲ့ (KPF) မှ တပ်ရင်း (၃) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်များ အား ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒအရ လာရောက် ပူးပေါင်းခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ငြင်းဆိုလိုက်သည်။
KNU ခွဲထွက် ဟောင်သရောအဖွဲ့မှ ဒုဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်အချို့ကို KNU တပ်မဟာ ၆ မှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA က ယခုလ (၈) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းများ ဖြစ်ပေါ်နေသည့်အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ကျနော်ကတော့ ပူးပေါင်းတယ်ဆိုတဲ့ သတင်းကို အလေးပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတွေက ကျနော်တို့ အကဲခတ်ပြီး မေးခိုင်းလိုက်တဲ့ အခါကျတော့ သူတို့ကတော့ ဖမ်းတာမဟုတ်ဘူး။ ပူးပေါင်းတာဘဲလို့ ပြောတာဘဲ” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမသို့ ပြောသည်။
“ဒု ဗိုလ်မှူးကြီး မန်းလေးဝါး” နှင့် အဖွဲ့ဝင်တချို့ကို KNLA တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူဂွင်၊ ဇမိချောင်း၏ အနောက်ဘက် သက်ကယ် (မြိုင်သာယာ) တွင် ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီး လိုက်သည်ဟု KPF နှင့် နီးစပ်သူများကို ကိုးကား၍ ထိုင်းနယ်စပ်အခြေစိုက် ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီကလည်း “တပ်ရင်းမှူးစောလေးဝါး” နှင့်အဖွဲ့အား KNLA တပ်ဖွဲ့ ဝင်များက ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းတွင် ဖမ်ဆီးလိုက်သည်ဟု KNU နှင့် နီးစပ်သူများ ကို ကိုးကား၍ ရေးသားထားသည်။
ဒုဗိုလ်မှူးကြီး မန်းလေးဝါး အဖွဲ့ထံမှ RPG (၁) လက်၊ ကာဘိုင် (၂)လက်၊ M-16 (၂)လက်၊ AK (၂) လက်၊ ပစ်စတို (၁) လက်နှင့် လက်နက်ကျည်ဆံတချို့ကို KNLA က သိမ်းဆည်းသွားကြောင်း ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။
သို့သော် ဗိုလ်မှူးစောလှငွေကမူ လာပူးပေါင်းသည့် အင်အားမှာ (၃ဝ) ခန့်ရှိပြီး ၎င်းတို့နှင့်အတူ RPG၊ AK-47၊ M-16 အပါအဝင် လက်နက်စုံ (၂၁) လက်နှင့် စကားပြောစက် (၅) လုံးခန့် ပါလာ သည်ဟုဆိုသည်။
ထို့အပြင် စစ်အစိုးရက ဟောင်သရောအဖွဲ့ KPF အား နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူး ပြောင်းရန် စွဲဆောင်စည်းရုံးသဖြင့် KPF အဖွဲ့ဝင်အချို့ ပြီးခဲ့သည့် ရက်သတ္တပတ်က KNU သို့ လာရောက် ပူးပေါင်းရန် ကမ်းလှမ်းခဲ့မှုများလည်း ရှိခဲ့ကြောင်း သူကပြောသည်။
ကရင်သတင်းစဉ် (KIC) မှ အယ်ဒီတာ နန်းဖောဂေ က အခြေအနေအမှန်ကို အတိအကျ မသိရ သေးကြောင်း၊ သို့သော် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းသည် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် စီစဉ်နေမှု၏ အကျိုးဆက်များသာဖြစ်သည်ဟု ပြောသည်။
“ကျန်ခဲ့တဲ့ KPF ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ security အရ ထုတ်ဖော်မပြောတာလဲ ဖြစ်နိုင်တယ်။ KNU ဘက်ကလည်း သူတို့ရဲ့ အောက်ခြေ တာဝန်ခံ အဆင့်ဆင့်ကနေ ပေးပို့လာတဲ့ အပေါ်မှာ ဖမ်းဆီးခြင်းမရှိဘူးလို့ ပြောတာပေါ့နော်။ ကျမတို့ အမြင်ကတော့ နယ်ခြားစောင့်တပ်ရဲ့ သက်ရောက်မှုလို့ ထင်တယ်လေ” ဟု သူက မဇ္ဈိမသို့ပြောသည်။
ဟောင်သရောအဖွဲ့ KPF သည် ၁၉၉၇ ခုနှစ်၌ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ တပ်ရင်မှူး အဆင့်ရှိ စောသမူဟဲ ဦးဆောင်၍ စစ်အစိုးရနှင့် ပူးပေါင်းသွားခဲ့သည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်၌ မစ္စတာ ဘန်ကီးမွန်းနှင့် တွေ့ဆုံရာတွင် အခြား အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အချို့နှင့်အတူ ဟောင်သရောအဖွဲ့လည်း ပါဝင်ခဲ့သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
မြန်မာစစ်တပ် ရှမ်းပြည်နယ်တွင် စစ်ရေးတိုးမြှင့်
ဒီကေဘီအေမှ ဗိုလ်နှုတ်ခမ်းမွှေး ထိုးစစ်အတွက် ဖားပြကျေးရွာသို့ ရောက်ရှိ
နအဖနှင့် ဒီကေဘီအေ ထိုးစစ်ကို ကေအန်ယူက ပြောက်ကျားနှင့် ခုခံမည်
ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို
ဗိုလ်စံပြုံးကို ဘယ်သူ လုပ်ကြံသလဲ
KNLA တပ်မဟာ ၇ နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး
KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်
ဒီကေဘီအေ တပ်သားသစ်ရရှိရေး ရွာတွေက အတင်းကောက်ခံ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 6 ဦး အွန်လိုင်း ရှိနေသည်။