နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်

သတင်း - စစ်ရေးစစ်ရာ သတင်းရင်းမြစ် > မင်းအောင်/နိရဉ္စရာ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အရေအတွက်ကို အင်အား ၁၁ဝဝဝ ထိ တိုးမြှင့်ပြီး နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ အဖြစ် ဖွဲ့စည်းသွားမည် ဖြစ်သည်။

ရခိုင်ပြည် တဝန်းလုံးတွင် ယခင်က ဖွဲ့စည်းထားသော ပြည်သူ့စစ် အင်အားမှာ ၆၉ဝဝ ကျော်ရှိပြီး ယခုအခါ ၁၁ဝဝဝ အထိ တိုးချဲ့ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။

အဆိုပါ သတင်းရပ်ကွက်အရ ယခင်က ရခိုင်ပြည်နယ် ကျေးရွာ အများအပြားတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်များကို သာမန် အဆင့်ဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း ယခုခါ ထိုအဆင့်ထက် တိုးမြှင့်ပြီး နိုင်ငံတော် အရံ အင်အား အနေဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဖေါ်ပြသည်။

ထိုသို့ တဆင့်တက် ဖွဲ့စည်းရာတွင် ယခုအခါ မြို့နယ်တိုင်းရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ဝင် ကဒ်ပြားများနှင့်အတူ ယူနီဖေါင်း၊ ဘတ်တံဆိပ်၊ ဦးထုပ်များလည်း ထုတ်ပေးသွားမည် ဖြစ်ပြီး လိုအပ်သော ထောက်ပံ့ကြေးများကိုလည်း ပေးသွားမည် ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ စပြီး အမ်းမြို့တွင် နိုင်ငံတော် အရံအင်အား ကဒ်ပြားများကို ထုတ်ပေးနေပြီး တခြားမြို့နယ်များတွင် ပြည်သူ့ စစ်တပ် တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေး ရာဇဝင်များကို သက်ဆိုင်ရာမှ လိုက်လံ စုဆောင်း ကောက်ခံနေသည်ဟု သိရသည်။

အမ်းမှ ပေးပို့သော သတင်း တရပ်တွင် စစ်အစိုးရမှ ထုတ်ပေးသော နိုင်ငံတော် အရံအင်အား ကဒ်ပြားတွင် ဒုဗိုလ်မှူးကြီ်း မောင်မောင်လွှင်မှ လက်မှတ်ရေးထိုး ထုတ်ပေးထားပြီး တပ်ဖွဲ့အမည်၊ ကိုယ်ပိုင်နံပတ်၊ လိပ်စာနှင့် ကဒ်ကိုင်ဆောင်သူ၏ လက်မှတ် ပါဝင်သည်ဟု သိရသည်။

နိုင်ငံတော် အရံအင်အား ကဒ်ပြားများကို ရခိုင်ပြည်နယ် တခုလုံးတွင် စက်တင်္ဘာလ ၁၅ ရက်နေ့ကိုနောက်ဆုံးထားပြီး အပြီးသတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်တပ် သတင်းရပ်ကွက်က ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို နိုင်ငံတော် အရံအင်အား အဖြစ် စနစ် တကျ တိုးချဲ့ ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးသော်လည်း ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု လေ့လာ သုံးသပ် တဦးမှ ပြောသည်။

သို့သော်လည်း နအဖ စစ်အစိုးရမှ ယခု ပြည်သူ့စစ်များကို ဖွဲ့စည်းရခြင်းမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း စီမံချက် အရ ဖွဲ့စည်းခြင်း ဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် အချက် (၅) ချက်ကို အဓိက အခြေခံထားသည်ဟု အမည် မဖေါ်လိုသူ ပြည်သူ့ စစ်အဖွဲ့ဝင် တဦးက ပြောသည်။

ထိုအချက် (၅) ချက်မှာ ပညာရေး၊ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့ ဖြစ်ပြီး ပြည်သူ့စစ်များကို နိုင်ငံတော် အရံအင်အား အဖြစ် ဖွဲ့စည်းခြင်းမှာ လုံခြုံရေး အရ ဖြစ်သည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များကို အင်အား အလုံးအရင်းဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း နယ်စပ် ဒေသမှ အပ တခြား တပ်ဖွဲ့ဝင်များကို လက်နက် ပေးကိုင်ခြင်း မရှိဟု သိရသည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
မူးကြောင်ရှုးကြောင်လုပ်တာပါ
ကိုကိုမောင် (203.81.72.xxx) 13-10-2009 16:34:45
ကျွန်မပြောချင်တာကတော့နအဖဟာသူတို့ရဲ့
အာဏာတွေကိုဆုံးရှုံးမှာကြောက်နေတော့အရန်လူအင်အား
အနေနဲ့ယူထားတာပါ
အကြောင်းကတော့သူတို့လူများအောင်လို့ပေါ့နော့
ဟုတ်တယ်မလားရှင့်
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 13 ဦး အွန်လိုင်း ရှိနေသည်။