အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
သတင်း
-
စစ်ရေးစစ်ရာ
သတင်းရင်းမြစ် > ဖနိဒါ/မဇၩိမ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ချင်းမိုင်(မဇ္ဈိမ) ။ ။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို လက်ခံမှာ မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ NMSP က ပြောဆိုလိုက်သည်။
စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံ ကြောင်း ယနေ့ကျရောက်သည့် (၆၂) ကြိမ်မြောက် “မွန်အမျိုးသား တော်လှန်ရေးနေ့” တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ အဆို ပါ သဘောထားများအား ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“အစည်းဝေး ဆုံးဖြတ်ချက်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့လဲ လက်မခံဘူး။ ပြည်သူ့စစ်လဲ မယူဘူး။” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် တဦးက မဇ္ဈိမသို့ ပြောသည်။
ဆုံးဖြတ်ချက်များကို မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဒလညီက နအဖ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယနေ့ တရားဝင် ပေးပို့လိုက်ခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်အတွင်း၌ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရနှင့် နောင်တက်လာမည့် အစိုးရအား တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အမျိုးသားအင်အားစု၊ ဒီမိုကရေစီအင်အားစု မဟာမိတ်များနှင့် လက်တွဲကာ တွေဝေ နောက်တွန့်ခြင်းမရှိဘဲ အမျိုးသား လွတ်မြောက်ရေး ပန်းတိုင်သို့ ချီတက်သွားကြရမည်ဖြစ်ကြောင်း ပါတီဝင်ရဲဘော်မျနှင့် မျိုးချစ်ပြည်သူအပေါင်းအား တိုက်တွန်းထားသည်။
ယမန်နှစ်က အတည်ပြုခဲ့သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်မည့် အစီအစဉ်သည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ကြောင်းလည်း မွန်ပြည်သစ်ပါတီက ထုတ်ဖော်ထားသည်။
၁၉၅၈ ခု၊ ဇူလိုင်လ ၂၀ ရက်နေ့၌ စတင် တည်ထောင်လိုက်ပါသည့် မွန်ပြည်သစ်ပါတီ New Mon State Party သည် လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၉၅ သြဂုတ်လတွင် စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲပြီး ၂၀၀၄ တွင် အမျိုးသားညီလာခံကို စတက်ရောက်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် အမျိုးသားညီလာခံ၏ လုပ်ထုံးလုပ်နည်းများအပေါ် သဘောမတူသဖြင့် အမျိုး သားညီလာခံမှ ပြန်ထွက်ကာ လေ့လာသူအဖြစ်သာ ဆက်လက်တက်ရောက်ခဲ့သည်။
မွန်ပြည်နယ် ဘုရားသုံးဆူနယ်မြေ၌လည်း ယနေ့ကျရောက်သည့် ၆၂ ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေး အခမ်းအနားအား မွန်အဖွဲ့အစည်းများ စုပေါင်း ကျင်းပကြသည်။
စစ်အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲမည့်အရေးအပေါ် မွန်ပြည်သူလူထု၏ အမြင်သဘောထားများကို သက်ဆိုင်ရာခရိုင်အလိုက် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် ဇွန်လိုင်လအတွင်း၌ စစ်တမ်း ကောက်ယူခဲ့သေးသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
မြန်မာစစ်တပ် ရှမ်းပြည်နယ်တွင် စစ်ရေးတိုးမြှင့်
ဒီကေဘီအေမှ ဗိုလ်နှုတ်ခမ်းမွှေး ထိုးစစ်အတွက် ဖားပြကျေးရွာသို့ ရောက်ရှိ
နအဖနှင့် ဒီကေဘီအေ ထိုးစစ်ကို ကေအန်ယူက ပြောက်ကျားနှင့် ခုခံမည်
ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို
ဗိုလ်စံပြုံးကို ဘယ်သူ လုပ်ကြံသလဲ
KNLA တပ်မဟာ ၇ နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး
KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်
ဒီကေဘီအေ တပ်သားသစ်ရရှိရေး ရွာတွေက အတင်းကောက်ခံ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 13 ဦး အွန်လိုင်း ရှိနေသည်။