KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်

သတင်း - စစ်ရေးစစ်ရာ သတင်းရင်းမြစ် > မ်ဳိးၾကီး/မဇၩိမ အင်္ဂါနေ့၊ ဂျူလိုင်လ ၇ ရက် ၂၀၀၉ ခုနှစ်


ရွှေလီ (မဇ္ဈိမ) ။     ။ ကချင်လွတ်မြောက်ရေးအဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား၌ မနက်ဖြန်တွင် ထပ်မံ ဆွေးနွေးသွားမည်ဟု သိရသည်။

ဤသည်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် စတင်အဆိုပြုခဲ့သည့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်းသည် ၅ ကြိမ်မြောက် ဖြစ်မည်။

“ကျနော်တို့နဲ့ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ၈ ရက်နေ့မှာ မြစ်ကြီးနားမှာ ဆွေးနွေးမယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ စီစဉ်နေတုန်းဆိုတော့ တွေ့မယ့် အပိုင်းကိုပဲ ပြောနိုင်သေးတယ်” ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

မနက်ဖြန် ဆွေးနွေးပွဲသည် မေလ ၃ဝ ရက်နေ့တွင် KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ကိုင်တွယ်ရန် ဖွဲ့စည်းထားသည့် ၇ ဦး ကော်မတီနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မည်။

ပထမအကြိမ် တွေ့ဆုံခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့ ဆွေးနွေးပွဲတွင် KIO က မြန်မာစစ်အစိုးရ အဆိုပြုချက်ကို ငြင်းပယ်ခဲ့သော်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သဖြင့် မနက်ဖြန်တွင် ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်အရေး ကိုင်တွယ်ရန် ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် ဗိုလ်မှူးကြီး ဇော်ယော် ကိုပါ အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်တင်းထားသဖြင့် ကော်မတီဝင်ပေါင်း ၈ ဦး ရှိသွားပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရက အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရေးအတွက် မူဝါဒရေးရာ ကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် တိုင်းအဆင့် ကော်မတီ ဟူ၍ ဖွဲ့စည်းကာ လုပ်ကိုင်ဆောင်ရွက်နေသည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။