အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
မြန်မာငွေဈေး ကျသဖြင့် မြန်မာဆန် အဝယ်လိုက်
သတင်း
-
စီးပွားရေး
သတင်းရင်းမြစ် > ခောတ်ပြိုင်
သောကြာနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
မြန်မာငွေဈေးကျသဖြင့် မြဝတီမှထိုင်းဘက်သို့ တရားမဝင် မြန်မာဆန်တင်သွင်းသူများ အကျိုးအမြတ်ပိုမိုရရှိလာသည်ဟု မြန်မာကုန်သည်များက ပြောသည်။
ယမန်နှစ် နှစ်လယ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ် (၃.၆၀) အထိ မြန်မာငွေ ဈေးမြင့်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာကုန်ပစ္စည်းများကို ပမာဏလျှော့၍ တင်သွင်းခဲ့ရာတွင် မြန်မာဆန်ကိုလည်း ဝယ်ယူ တင်သွင်းမှု လျှော့ချခဲ့သည်။
ယခုအခါ မြန်မာကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၂.၉၈) သာ ရှိတော့သဖြင့် ယခုလဆန်းမှစ၍ မြန်မာဘက်မှဆန်များကို ထိုင်းကုန်သည်များက နေ့စဉ် ဆန်အိတ်ရေ (၅,၀၀၀) ခန့် ပြန်လည်တင်သွင်းလျက်ရှိသည်။
ထိုင်းကုန်သည်ကြီးများက ထိုင်းဆန်နှင့်စာလျှင် ထက်ဝက်နီးပါးခန့်ဈေးချိုသည့် မြန်မာဆန်ကို တင်သွင်းပြီး ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာနိုင်ငံသားများနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများ၊ မုန့်တီစက်ရုံ၊ ဆန်ခေါက်ဆွဲနှင့် ဆန်ကြာဇံစက်ရုံများသို့ တဆင့်ပြန်လည်ရောင်းချကြသည်။
ကီလို (၅၀) ဝင်အိတ်ရေ မြန်မာဆန် အိတ်ပေါင်း (၁၀,၀၀၀) ခန့်ကို ထိုင်းဘက်သို့ ယမန်နှစ်၌ နေ့စဉ်တင်သွင်းခဲ့သော်လည်း မြန်မာငွေ တန်ဖိုးတက်သွားသဖြင့် ဆန်တင်သွင်းမှုကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီးနောက် မြန်မာငွေဈေး ပြန်ကျလာသည့် အတွက် ယခုလဆန်းမှစတင်ကာ မြန်မာဆန်များကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။
တာ့ခ်ခရိုင် မဲဆောက်-မယ်လမ-ဖို့ဖ (၃) မြို့နယ်အတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသား (၃) သိန်းခန့်မှာ သုံးချိုးနှစ်ချိုးခန့် ဈေးချိုသည့် မြန်မာဆန်ကိုသာ ဝယ်စားကြကြောင်း မဲဆောက်မြို့မှ မြန်မာဆန် လက်လီလက်ကားရောင်းသူတဦးက ပြောသည်။
၎င်းက “မြန်မာဆန်က တနေ့ကို အိတ် (၃,၀၀၀) လာလည်း ကုန်တာပဲ၊ မဲဆောက်ခွင်မှာပဲ မြန်မာအလုပ်သမား (၁) သိန်းကျော် ရှိတယ်။ အခြားဒေသ မပါသေးဘူး” ဟု ပြောသည်။
လက်ရှိ မဲဆောက်ဒေသအတွင်း ရောင်းချနေသည့် ကီလို (၅ဝ) ဝင်တအိတ် မြန်မာဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး (ရှယ်) ဘတ် (၁,၀၀၀)၊ ရိုးရိုး (၉၀၀)၊ ၁၅ မှတ်ဆန်-အောက်စ (၇၀၀)၊ ထိပ်စ (၈၀၀) ဖြစ်ပြီး ယခုရောင်းဈေးမှာ ယခင်ရောင်းဈေးများထက် ဘတ် (၂၀၀) ခန့်စီ သက်သာသည်ဟု မြန်မာအလုပ်သမားများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာငွေ အတက်အကျပေါ်မူတည်၍ နှစ်နိုင်ငံကုန်သည်များက အပြန်အလှန် ကုန်စည်များ တင်သွင်းရာတွင် ဆုံးရှုံးနစ်နာမှုမရှိရန် အတိုးအလျှော့လုပ်၍ ကုန်သွယ်မှုပြုကြသော်လည်း ထိုင်းနိုင်ငံတွင် အစိုးရအားပေးမှုနှင့် ဥပဒေအကာအကွယ်ရှိသည့် လွတ်လပ်သည့် ကုန်သွယ်ရေးစနစ်ကြောင့် ထိုင်းကုန်သည်များဘက်က အသာစီးရရှိကြသည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
မြန်မာငွေဈေး ကျသဖြင့် မြန်မာဆန် အဝယ်လိုက်
ကျောက်ကုန်သည်များ ကူမင်းသို့ သွားရောင်း
မိုလ်ဘိုင်းလ်ဖုန်း စီမံခန့်ခွဲခွင့် ထူး နှင့် မြန်မာ့ဆက်သွယ်ရေး ဆွေးနွေးနေ
အဲမန္တလေး မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြန်လည်ပျံသန်းမည်
FEC ၅၀ တန် ဖုန်းကတ်များ စတင်ရောင်းချ
ဒေါ်စုအား ကြားနာရက်တွင် ရွှေဈေး အမြင့်ဆုံးထိ တိုးတက်
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။