အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ဒေါ်စုအား ကြားနာရက်တွင် ရွှေဈေး အမြင့်ဆုံးထိ တိုးတက်
သတင်း
-
စီးပွားရေး
သတင်းရင်းမြစ် > မ်ဳိးသိဏ္း/မဇၩိမ
တနင်္လာနေ့၊ ဇွန်လ ၁ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ရန်ကုန်၊ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း တရားရုံး၌ စတင် စစ်ဆေးချိန်မှစ၍ ရန်ကုန် ရွှေဈေးနှုန်းများ မတည်မငြိမ် ဖြစ်လာပြီး အမှုကြားနာရက်ဖြစ်သည့် မေလ ၂၆ ရက်နေ့တွင်မူ ယခုနှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ပင် ရောက်ရှိသွားခဲ့သည်။
၂၀၀၉ နှစ်ဦးပိုင်း ၂ လခန့်တွင် ရွှေတကျပ်သားလျှင် ကျပ် ၅ သိန်းခန့်ဈေးဖြင့် တန့်နေခဲ့ပြီး၊ မတ်လ ဒုတိယပတ်မှ စတင်၍ ဖြည်းဖြည်းချင်း ဈေးထပ်တက်လာခဲ့ရာ ထောင်တွင်း တရားရုံး၌ ဒေါ်စု စတင်ထွက်ချက်ပေးသည့် ပြီးခဲ့သည့်လ ၂၆ ရက် (အင်္ဂါနေ့) တွင် ကျပ် ၅ သိန်း ၅ သောင်းခွဲဖြင့် အမြင့်ဆုံး ဈေးသို့ ခုန်တက်သွားခြင်း ဖြစ်သည်။
”အင်္ဂါနေ့ ဈေးဖွင့်တော့ တနင်္လာနေ့ထက် ၈ ထောင်လောက် တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ငြိမ်နေပေမယ့် နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်ရင် ရွှေဈေးက လှုပ်တတ်ပါတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်မှ ရွှေဆိုင်တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ထိုနေ့ နံနက်ပိုင်းတွင် ကျပ် ၅၅၅၅၀၀ ဈေးပေါက်ခဲ့ပြီးနောက် ရွှေဈေးကစားသူ အများအပြားက ထုတ်ရောင်းခဲ့သဖြင့် ဈေးနှုန်း ပြန်ကျသွားပြီး၊ ညနေပိုင်းတွင် ၅၄၈၀၀၀ သို့ ပြန်ဖြစ်သွားသည်။
“ဒေါ်စုကို စဖမ်းပြီ ဆိုကတည်းက ရွှေဈေး လှုပ်နေတာ။ တောက်လျှောက် အတက်ချည်းပဲ။ ရွှေဈေးက ပုံမှန် ၁၀၀၀၊ ၂၀၀၀ (ကျပ်) အလွန်ဆုံးပဲ အတက်အကျဖြစ်တာ။ ၃-၄ ထောင်လောက် အတက်အကျဖြစ်ပြီဆိုရင် ရွှေဈေး လှုပ်တယ်လို့ ပြောလို့ရတယ်။ အရောင်းအဝယ် မှန်းရခက်တဲ့ အနေအထား ဖြစ်သွားတာပေါ့။ အရင်က နိုင်ငံရေး အခြေအနေ လှုပ်လှုပ်ရှားရှားဖြစ်လို့ တသောင်းလောက် အတက်အကျ ဖြစ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အခုလကုန်ရက် နည်းနည်းလေး ပြန်ကျပေမယ့် ပြန်တက်ဦးမယ် ထင်တယ်” ဟု ရွှေဆိုင်သက်တမ်း ၁၅ နှစ်ခန့် ရှိပြီဖြစ်သော အဆိုပါ ရွှေဆိုင်မှ တာဝန်ရှိသူက ဆိုသည်။
မေလ ၂၆ ရက်နေ့ အလွန်တွင် အမြင့်ဆုံးဈေးမှ ပြန်လည် ကျဆင်းလာခဲ့ပြီးနောက် ၂၉ ရက်နေ့အထိ ကျပ် ၅ သိန်း ၄ သောင်းနှင့် ၅ သိန်း ၄ သောင်း ၅ ထောင်ဝန်းကျင်ဖြင့် ရွှေဈေးကွက်တွင် အရောင်းအဝယ် ဖြစ်နေခဲ့သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
မြန်မာငွေဈေး ကျသဖြင့် မြန်မာဆန် အဝယ်လိုက်
ကျောက်ကုန်သည်များ ကူမင်းသို့ သွားရောင်း
မိုလ်ဘိုင်းလ်ဖုန်း စီမံခန့်ခွဲခွင့် ထူး နှင့် မြန်မာ့ဆက်သွယ်ရေး ဆွေးနွေးနေ
အဲမန္တလေး မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြန်လည်ပျံသန်းမည်
FEC ၅၀ တန် ဖုန်းကတ်များ စတင်ရောင်းချ
ဒေါ်စုအား ကြားနာရက်တွင် ရွှေဈေး အမြင့်ဆုံးထိ တိုးတက်
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။