မိုလ်ဘိုင်းလ်ဖုန်း စီမံခန့်ခွဲခွင့် ထူး နှင့် မြန်မာ့ဆက်သွယ်ရေး ဆွေးနွေးနေ

သတင်း - စီးပွားရေး သတင်းရင်းမြစ် > မေကျော်/မဇ္ဈိမ ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၈ ရက် ၂၀၀၉ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။     ။  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ်ဖုန်း လုပ်ပိုင်ခွင့် အရပ်ရပ်ကို စီးပွားရေး အင်အားကြီး ထူးကုမ္ပဏီ အုပ်စုအား လွှဲပြောင်းပေးရန် စီစဉ်နေ ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့် ထူးကုမ္ပဏီ အုပ်စုအကြား ညှိနှိုင်းမှု ၅ဝ ရာခိုင်နှုန်းခန့် အဆင်ပြေ သဘောတူညီမှုရထားပြီး ယခုလကုန်တွင် အပြီးသတ်ဆုံးဖြတ်ချက်ကို သိရမှာဖြစ်သည်။

“အခု MPT က ထုတ်ပေးထားတဲ့ ဖုန်းတွေရော၊ နောက်ပိုင်း ထုတ်ပေးမယ့် ဖုန်းတွေရော၊ အခု MPT က ရောင်းနေတဲ့ ကတ်တွေ၊ နောက် ဖုန်းဘီလ် (Bill) ကောက်တာတွေရော အကုန်လုံး ကိုင်မယ်ကွာ။ ကြိုးဖုန်းတွေကိုပဲ MPT က ကိုင်တော့မယ်။ မိုလ်ဘိုလ်းနဲ့ ဆိုင်တာ အကုန်လုံး ကို သူ (ထူးကုမ္ပဏီ အုပ်စု) ကိုင်တော့မယ်” ဟု ယင်း အင်ဂျင်နီယာက မဇ္ဈိမသို့ပြောသည်။

ယခုညှိနှိုင်းနေမှုသည် ထူးကုမ္ပဏီ အုပ်စု၏ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ (Telecommunication Sector) ၌ ဝင်ရောက်လုပ်ကိုင်သည့် ဒုတိယမြောက် စီးပွားရေး ခြေလှမ်းဖြစ်သည်။  

ယခု စာချုပ်အောင်မြင်ပါက ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနပိုင် ဗဟန်း ဆက်သွယ်ရေးရုံး အဆောက်အအုံကို ထူးကုမ္ပဏီက လွှဲပြောင်းရယူရန် ရှိသည်ဟုလည်း အဆိုပါ အင်ဂျင်နီယာက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်အလုံးရေ ၃ သိန်း ၉ သောင်းကျော် ရှိသည်ဟု သိရသည်။

တချိန်တည်းမှာပင် ထူးကုမ္ပဏီ အုပ်စု အကြီးအကဲ ဦးတေဇပိုင် Myanmar Avaia Services ကုမ္ပဏီက ရုရှားကုမ္ပဏီ CBOSS နှင့် ပူးပေါင်း၍ ငွေကြိုပေး ဖုန်းကတ်များ ထုတ်လုပ်ရန် ယခုနှစ် ဧပြီ ၈ ရက်နေ့က နေပြည်တော်တွင် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သည်။  

ယင်းစာချုပ်အရ ထူးကုမ္ပဏီက ကန်ဒေါ်လာ ၇ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပြင်ဦးလွင်ရှိ ရတနာပုံ ဆိုက်ဘာစီးတီး၌ ငွေကြိုပေး ဖုန်းကတ် (Prepaid Card) များ ထုတ်လုပ်မည် ဖြစ်သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။