ပအိုဝ်း တိုင်းရင်းသားများ ဖမ်းဆီးနှိပ်စက် ခံနေရ

သတင်း - လူ့အခွင့်အရေး သတင်းရင်းမြစ် > သန္းထိုက္ဦး/ဧရာဝတီ သောကြာနေ့၊ မေလ ၂၂ ရက် ၂၀၀၉ ခုနှစ်

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (PNLA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) တို့၏ တိုက်ခိုက် ခံခဲ့ရသည်ကို မကျေနပ်သဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသခံများကို နအဖ စစ်တပ်က ဖမ်းဆီး နှိပ်စက် မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ 

ယခုလဆန်းပိုင်တွင် PNLA နှင့် KNLA တို့က ၎င်းတို့ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခဲ့ရသည်ကို မကျေနပ်သဖြင့် စစ်အစိုးရ ခြေမြန်တပ်ရင်း (ခမရ ) ၄၂၆ က ဒေသခံများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခွန်စွဲထိုက ဧရာဝတီသို့ပြောသည်။ 

“ကျနော်တို့က အခုမေလ ၃ ရက်နေ့က လွယ်မောတောင် အနောက်ဘက်မှာဖြစ် ကြတယ်၊ ဆိုတော့ အဲဒီရွာတွေ က ကျနော်တို့သူပုန်တွေရဲ့အမာခံရွာဆိုပြီးတော့ သူတို့က စွပ်စွဲပြီးတော့ ဖမ်းဆီးတယ် ၊ ကောင်တိုင်းရွာက ဦးလွန်း ဆိုတဲ့လူကိုလည်း လက်ကောက်ဝတ် နှစ်ဘက်လုံး ဓားနဲ့ခုတ်ဖြတ်လိုက်တယ်”ဟု ခွန်စွဲထိုက ပြောပြ သည်။

ယခုကဲ့သို့ ဒေသခံကျေးရွာသားများအား ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည်မှာ ခမရ ၄၂၆ တပ်ရင်းမှ ဒု တပ်ရင်းမှူး မြင့်ဦး ဦးစီးသည့် စစ်ကြောင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် နှင့် မောက်မယ်မြို့နယ်များတွင်ရှိသော ကောင်တိုင်း၊ ထီတရီး ကျေးရွာ များရှိ ဒေသခံများကိုဖမ်းဆီး နှိပ်စက်နေခြင်းဖြစ်ပြီး ပအိုဝ်း တိုင်းရင်းသားလူမျိုးအများစု နေထိုင်သော ဒေသဖြစ် ကြောင်းလည်း သိရှိရသည်။

PNLA တပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက မေလ ၃ ရက်နေ့က မြန်မာစစ်အစိုးရ၏ ခမရ ၄၂၆ကို ခြုံခိုတိုက် ခိုက်ခဲ့ရာ ယင်းတပ်မှ ဒု တပ်ရင်းမှူး အပါဝင် ၁၂ ဦးသေဆုံးခဲ့ပြီးနောက် ယင်းဒေသခံကျေးရွာများကို သူပုန် အမာခံကျေးရွာဟု စွပ်စွဲကာ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နအဖ တပ်ဖွဲ့များ တိုက်ခိုက်ခံခဲ့ရပြီးနောက် ယင်းဒေသတွင်းရှိ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(PNO) တပ်ဖွဲ့ ၀င်များကို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ( စကခ ) (၇) မှူး ဗိုလ်မှူးချုပ် မျိုးအေးက ဖိအားပေးခဲ့သည်ဟု ခွန်စွဲ ထိုက ဆိုသည်။

“ဒီ PNO တွေက သူတို့ အုပ်ချုပ်တဲ့ ဒေသတွေကို မအုပ်ချုပ်နိုင်ဘူးလား မအုပ်ချုပ်နိုင်ဘူးဆိုရင် သူတို့အနေ နဲ့ ပြန်သိမ်းမယ်၊ အဲဒီစကားတစ်ခွန်တော့ သူပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။  

ယင်းဒေသအတွင်း အပစ်ခတ်ရပ်စဲထားသော ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO ) တပ်ဖွဲ့များအပြင် နအဖတပ်ရင်း များဖြစ်သော ခြေမြန်တပ်ရင်း ၄၂၃ ၊ ၄၂၄ ၊ ၄၂၅ ၊ ၄၂၆ စသည့်တပ်ရင်းများရှိကြောင်း သိရှိရသည်။

ဦးအောင်ခမ်းထီ ဦးဆောင်သော လူအင်အား( ၈၀၀)ခန့်ရှိ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(PNO) သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့်အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။