ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ

သတင်း - လူ့အခွင့်အရေး သတင်းရင်းမြစ် > ပါးရယ်/ကန္တာရဝတီတိုင်း(မ်) ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

ကရင်နီပြည်၊ ရှားတောမြို့နယ် ဘဲငေါ့ကျေးရွာသားတဦးသည် ကရင်နီတပ်မတော်နှင့် ဆက်သွယ်သည်ဟု မြန်မာစစ်အစိုးရ ခြေမြန်တပ်ရင်း ခမရ ၂၆၁ မှ စွပ်စွဲထားပြီး ၎င်းအား ဖမ်းဆီးနိုင်ရန် ပြန်ပေးဆွဲသည့် အနေဖြင့် ဆယ်ကျော်သက်အရွယ် သားဖြစ်သူအား တပ်စခန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက ပြောသည်။

ကရင်နီတပ်မတော်နှင့် ဆက်သွယ်မှုကြောင့် ဖခင်ဖြစ်သူ ခီးရယ်မှာ ယခင်လကတည်းကရွာမှ ထွက်ပြေးပုန်းအောင်းနေခြင်းကြောင့် အိမ်တွင် ကျန်ရစ်နေသော သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် လေးရယ်အား တပ်စခန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ကျေးရွာဥက္ကဌမှ ဖခင်အား အကျိုးအကြောင်းပြော၍ တပ်စခန်းတွင်းရှိ ချုပ်နှောင်ထားခြင်း ခံနေရသော သားဖြစ်သူ ပြန်လည် လွတ်မြောက်ရန် ဖခင်နှင့် အလဲအလှယ် လုပ်ခဲ့ကြရသည်။

ဖခင်အား ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ဖွယ်ရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရပါသည်။

ရှားတောဒေသခံတဦးက “စစ်တပ်တွေ ဖမ်းသွားတဲ့ ရွာသားတဦး (ခီးရယ်)က အခုချိန်ထိ ရွာကို ပြန်မရောက်လာ တော့ဘူးလို့ ပြောကြတယ်။ သူတို့ သူ့ကို ရိုက်သတ်လိုက်ပြီလား မသိဘူး” ဟု ပြောသည်။

ယင်းအကြောင်းနှင့် ပတ်သက်ပြီး ကရင်နီပြည်ထဲရေးဌာနမှ ဒု-တာဝန်ခံ ဘားမားနိုင်က “အထူးသဖြင့် ဗမာစစ်တပ်တွေက အထောက်အထား ခိုင်လုံတာ မရှိဘူး။ သူတို့ လွတ်တဲ့ သူတို့လူ (၅၀)တပ်၊ (၁၀၀) တပ်တို့တွေက လူတယောက်ယောက်ကို အမြင် မကြည်ဘူးဆိုရင် သူတို့ ဘယ်လိုလုပ်လဲဆိုတော့ လျို့ဝှက်ချက်နဲ့ သွားတိုင်ကြားပေးတယ်လေ။ လုပ်ကြံသတ်ဖြတ်ကြတဲ့ သဘောပေါ့။ အခုဟာလည်း အဲလိုပဲဖြစ်တယ်လို့ ကျနော် မြင်တယ်” ဟု ပြောသွားသည်။

ယခုလောလောဆယ် ဖမ်းဆီးထားသော ခီးရယ်အား လွိုင်ကော်ထောင်တွင် ထားရှိပြီး နောက်ပိုင်းတွင် အခြားထောင်သို့ ပြောင်းရွေ့သွားနိုင်ဖွယ်ရှိသည်ဟု ဘားမားနိုင်က ပြောသည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
Notify
freemanhtunhtun (203.81.64.xxx) 14-08-2009 03:47:43
a
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 13 ဦး အွန်လိုင်း ရှိနေသည်။