ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကမ်းတွင် သစ်ကားများ အဖမ်းခံရ

သတင်း - သဘာဝပတ်ဝန်းကျင် သတင်းရင်းမြစ် > ႐ုိင္မေရာ့/IMNA သောကြာနေ့၊ မေလ ၂၂ ရက် ၂၀၀၉ ခုနှစ်

ထိုင်းနိုင်ငံသို့ ဝင်ပေါက်တစ်ခုဖြစ်သည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှအထွက် ထိုင်းဘက်ကမ်းတွင် သစ်သား သယ်ဆောင်လာသည့် ကားများကို ထိုင်းသစ်တောဌာနတို့က ယမန်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု ဒေသခံတို့၏ ပြေပြချက်အရ သိရသည်။

“သစ်ကား အစီး ၃ဝ စီးဝန်းကျင် အဖမ်းခံရတယ်လို့ ကြားတာပဲ ဒါပေမယ် မြန်မာဘက်ကမ်းမှာတော့ သစ်ကား (၁၂) စီးတော့တွေ့တယ်၊ ဆယ်ဘီးကားလည်းပါတယ်၊ နောက်ပြီးတော့ ကားအသေးတွေလည်းပါတယ်၊ ဘုရားသုံးဆူက အထွက် ထိုင်းဘက်ကမ်းမှာ အဖမ်းခံရတာဖြစ်တယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံထားရသည့် သစ်ကားမှ သစ်တန်ချိန်ပေါင်း (၂) ရာတန်ကျော်ရှိပြီး ယခုချိန်ထိ ထိုင်းသစ်တောဌာနတို့က ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“အခုလောလောဆယ်မှာတော့ ဒီဘုရားသုံးဆူမှာ အခြေချနေတဲ့ ခလရ (၃၂) က လူတွေ အလုပ်ရှုပ်နေတာပဲ၊ ကျနော်တို့ကြားတာက ဒီသစ်ကိစ္စဟာ အရှေ့တောင်တိုင်းထိ ရောက်သွားပြီး” ဟု ၄င်းမြင်တွေ့ခဲ့သူက ပြောသည်။

အဖမ်းခံထားရသည့် သစ်ကားများနှင့် ကားမောင်းသူများကို ထိန်းသိမ်းထားပြီး သစ်ပိုင်ရှင်များက သိမ်းရှောင်နေရကာ ဘုရားသုံးဆူမှ တာဝန်ရှိသူတွေက ဒီအမှုနှင့်ပတ်သက်ပြီး လိုက်လံဖြေရှင်းနေဆဲပင် ဖြစ်သည်။

“မြန်မာဘက်ကမ်းကနေ ထိုင်းဘက်ကိုသွင်းတာ ထိုင်းဘက်မှာ အဖမ်းခံရတာ၊ အခုလောလောဆယ်မှာတော့ တာဝန်ရှိသူတွေ ကားရော သစ်ရော ပြန်ရရှိဖို့ လိုက်ဖြေရှင်းနေပဲ” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးကလည်း “မြန်မာဘက်ကမ်းကသစ်တွေကို ထိုင်းဘက်ကမ်းသွင်းဖို့ ပိတ်ထားတာဖြစ်တယ်၊ ဒါပေမယ် စီးပွားရေးသမားတွေက ဒီလိုပဲ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုယူပြီး သွင်းနေတာပဲ” ဟု သူက ပြောသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။