အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
သတင်း
-
သဘာဝပတ်ဝန်းကျင်
သတင်းရင်းမြစ် > ဝီရ/ခောတ်ပြိုင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
သံလွင်မြစ်တလျှောက် ရေကာတာတည်ဆောက်ရေးစီမံကိန်းကြောင့် ဒေသခံပြည်သူ တို့အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် အန်ဂျီအိုတို့ထံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများမှ ယမန်နေ့က ဘန်ကောက်တွင် ဆွေးနွေးတင်ပြခဲ့သည်။
ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများ၌ တည်ဆောက်မည့် သံလွင်မြစ်တလျှောက် ရေကာတာစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ရာတွင် ကျရောက်မည့် ဆိုးကျိုးသက်ရောက်မှုများကြောင့် ထိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ရပ်ဆိုင်းထားသင့်ကြောင်း တောင်းဆိုထားသည်။
အကယ်၍ တားဆီး၍ မရတော့လျှင်လည်း နေရာပြောင်းရွှေ့ခံရသည့် ပြည်သူများအတွက် ကျေနပ်လောက်သော ထောက်ပံ့မှုများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များက ပန်ကြားထားသည်။
သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ ရလာမည့် လျှပ်စစ်စွမ်းအင်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံက အများဆုံးဝယ်ယူမည်ဖြစ်သည်။
ရှမ်းပြည်နယ်ရှိ တာဆန်းရေကာတာစီမံကိန်းကြောင့် ကိန်းခမ်းဒေသတွင် ကျန်ရှိနေသူ ဒေသခံပြည်သူ (၃,ဝဝဝ) ခန့်မှာ နအဖ စစ်အစိုးရ၏ ခြိမ်းခြောက်မှုကို အလူးအလဲခံစားနေကြရပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရကြောင်း ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က “ဘဝဇာစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါအစီရင်ခံစာနှင့်ပတ်သက်၍ ပြောခွင့်ရသူ ကိုစိုင်းစိုင်းက “ဒီမရေရာ၊ မသေချာတဲ့အခြေအနေတွေကြားက ထိုင်းနိုင်ငံက တာဆန်းရေကာတာဆောက်ဖို့ ဘာကြောင့် အရှိန်အဟုန်တွေ တိုးမြှင့်လာရတာလဲ။ ဒီရေကာတာဟာ စစ်ဇုန်ထဲမှာရှိတယ်။ စစ်အစိုးရရဲ့တပ်တွေကလည်း ရွာသားတွေကို ဒီနယ်မြေအတွင်းက ထွက်သွားအောင် အတင်းအဓမ္မ မောင်းထုတ်နေတယ်။ ရွာသားတွေ ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတယ်။ အကယ်လို့ တာဆန်းရေကာတာကြီး ဆောက်လုပ်ဖြစ်သွားခဲ့ရင် ရွာသားတွေ သူတို့ရဲ့ဌာနေရင်းကို ဘယ်တော့မှ ပြန်နိုင်တော့မှာမဟုတ်ဘူး” ဟု ပြောကြားသည်။
စီမံကိန်းတည်ရှိရာ မိုင်းပန်မြို့နှင့် မိုင်းတုံမြို့နယ် ဒေသတဝိုက်ရှိ လူ (၁၅,ဝဝဝ) ခန့်သည် လွန်ခဲ့သည့် (၁ဝ) နှစ်ခန့်ကပင် အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံခဲ့ရပြီးဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ တင်ပြချက်များအား လက်ခံစဉ်းစားနိုင်ရန် ထိုင်းအစိုးရက စုံစမ်းစစ်ဆေးရေးကော်မတ်ီတရပ် ဖွဲ့စည်းရန် အတည်ပြုပြီဖြစ်ကြောင်း သိရသည်။
တာဆန်းရေကာတာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ တရုတ် ကွမ်ကျူဘ ကုမ္ပဏီက (၅၁) ရာခိုင်နှုန်း၊ ထိုင်းအမ်ဒီအက်က (၂၄) ရာခိုင်နှုန်းနှင့် ကျန်ရှိသည့် (၂၅) ရာခိုင်နှုန်းမှာ မြန်မာဘက်မှဖြစ်ကြောင်း ရှမ်းပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းခေးစိုင်းက ရှင်းပြသည်။
၎င်းက “ဒီတာဆန်းရေကာတာက ရလာမယ့်စွမ်းအင်တွေကို ထိုင်းဆီမှာ အများဆုံးတင်ပို့မယ်။ ဝေစုကျတော့ ရှယ်ယာဝင်ထားတဲ့အတိုင်းပဲ ရကြမယ်ပေါ့” ဟု ပြောသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ (၅) ခုအနက် တာဆန်းရေကာတာသည် လျှပ်စစ်ဓာတ်အား မီဂါဝပ် (၇,ဝဝဝ) ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာတွင် အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်သည်။
ပြီးခဲ့သည့်လက စစ်အစိုးရနှင့် ဒီကေဘီအေတို့၏ ထိုးစစ်ဆင်မှုကြောင့် ဆုံးရှုံးသွားရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တပ်မဟာ (၇) နယ်မြေမှ ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် မြစ်ကြောင်းတလျှောက် နေထိုင်သူ ကရင်ပြည်သူတို့အပေါ် ဆိုးကျိုးသက်ရောက်မှုများကိုလည်း ဆွေးနွေးပွဲသို့ ကေအန်ယူကိုယ်စားလှယ်အဖြစ် တက်ရောက်သူက ဆွေးနွေးတင်ပြခဲ့သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ဖားကန့်ရေဘေး ကယ်ဆယ်ရေး မလုပ်နိုင်သေး ရေဘေးဒုက္ခသည်များ အခက်ခဲကြုံနေရ
ကျောက်စိမ်းဒေသ ဖားကန့်တွင် မြေပြိုသဖြင့် လူသေဆုံးမှု ဖြစ်ပွား
ဖားကန့်ဒေသအတွင်း ချောင်းရေကြီး လူအသေအပျောက် အများအပြားရှိ
ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကမ်းတွင် သစ်ကားများ အဖမ်းခံရ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။