အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ဖားကန့်ရေဘေး ကယ်ဆယ်ရေး မလုပ်နိုင်သေး ရေဘေးဒုက္ခသည်များ အခက်ခဲကြုံနေရ
သတင်း
-
သဘာဝပတ်ဝန်းကျင်
သတင်းရင်းမြစ် > ခောတ်ပြိုင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၈ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဇူလိုင် (၅) ရက်က စတင်၍ ဒေသတခုလုံး ရေကြီးခဲ့ရာ လူအများအပြားသေဆုံးပြီး အိုးအိမ်အမြောက်အမြား ရေနစ်မြုပ်ခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ယနေ့အချိန်အထိ မပြုလုပ်သေးကြောင်း ဒေသအတွင်းကလာသည့် သတင်းများအရ သိရသည်။
ယခုအခါ ဖားကန့်မြို့အတွင်း ဝင်ရောက်ခဲ့သည့် ရေများ ပြန်ကျသွားသော်လည်း ရွှံ့နွံများမှာ အမြင့် (၁) ပေမှ (၃) ပေအထိ ကျန်ရှိနေပြီး မိမိနေအိမ်များနှင့် အနီးဝန်းကျင်တွင် ကိုယ့်အစီစဉ်ဖြင့်ကိုယ်သာ ရှင်းလင်းနေရသကဲ့သို့ ရိက္ခာနှင့် ရေပြတ်လပ်မှုများ ကြုံနေရချိန်တွင် ရေဘေးကယ်ဆယ်ရေးအကူအညီ ယခုချိန်ထိ ရောက်ရှိမလာသေးကြောင်း ဖားကန့်မြို့ခံတဦးက ပြောသည်။
၎င်းက “စည်ပင်သာယာက အခုလောလောဆယ် ရေပေါ်မျောလာတဲ့ အလောင်းကောက်တာလောက်ပဲ လုပ်သေးတယ်။ သူတို့ချည်းနဲ့မရလို့ ကုမ္ပဏီတွေက လူလွှတ်ပေးပြီး ဝိုင်းကူလုပ်နေရတယ်။ စားဖို့သောက်ဖို့က ကိုယ့်အသိမိတ်ဆွေအချင်းချင်း ဝေငှစားသောက်နေရတယ်။ မုန့်နှစ်ထုပ်စီ ရယက ထုတ်ပေးတယ်လို့ ပြောတယ်။ လိုက်ဝေတာ မဟုတ်ဘူး။ ကိုယ်က သွားယူရတာ။ မြစ်ကြီးနား၊ မိုးကောင်းဘက်က ကယ်ဆယ်ရေးတွေလည်း ရောက်မလာပါဘူး။ ပိုက်ဆံရှိတဲ့သူတွေဆီက ငွေတွေ ကောက်နေတယ်လို့ကြားတယ်။ အခုထိ ဘာအကူအညီမှ မရသေးဘူး။ ထမင်းမစားရတဲ့သူနဲ့၊ သောက်ဖို့ရေမရှိတာနဲ့၊ အိပ်စရာ နေရာမရှိတာနဲ့ ဒုက္ခမျိုးစုံ ကြုံနေရတယ်” ဟု ပြောသည်။
မိုးဆက်တိုက်ရွာသွန်းခဲ့၍ ဖားကန့်မြို့အား ရေပေးဝေနေသည့် တစ်သုံးလုံး အကျိုးတူ ရေပေးဝေရေး ကုမ္ပဏီ၏ ဆည်တမံ တနင်္ဂနွေနေ့ညပိုင်းက ကျိုးကျသဖြင့် ဖားကန့်မြို့ရေကြီးခဲ့ရပြီး ဥရုချောင်းအတွင်း မြေစာပုံများ ပိတ်ဆို့သွားသဖြင့် ဖားကန့်ဒေသ တခုလုံး ရေဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။
“ဥရုချောင်းအနောက်ဘက်ခြမ်း ဖားကန့်တခုတည်းမှာ အခုထိ လူပေါင်း (၁ဝဝ) ကျော် သေဆုံးခဲ့တယ်။ အလောင်းတွေက မြေအောက်မှာ ကျန်နေသေးတယ်။ ဥရုချောင်းအရှေ့ခြမ်းက မရှီးကထောင်း၊ ဆိုင်းတောင်တို့ဆို ရေအောက်ရောက်သွားပြီ။ ဖားပြင်၊ မံမုံဆိုလည်း အိမ်တွေ မြုပ်ကုန်ပြီ။ အဲဒီဘက်မှာ ဘယ်လောက်သေတယ်ဆိုတာ မသိနိုင်သေးဘူး။ တနေရာနဲ့ တနေရာ သွားဖို့ အတော်ခက်နေတယ်။ ဆေးရုံမှာ လူ (၇ဝ) လောက် မြေပြိုလို့ ဒဏ်ရာရတာတွေ တင်ထားရတယ်။ ဝမ်းလျှော၊ ဝမ်းပျက်တွေ ဖြစ်နေပြီ။ သောက်သုံးရေမသန့်လို့ ထင်တာပဲ။ ဆေးရုံမှာ လူနာတွေပြည့်နေလို့ ဆရာ၊ ဆရာမတွေလည်း မနားရဘူး။ အပြင်ဆေးခန်းမှာလည်း ဝမ်းလျှောတဲ့ သူတွေနဲ့ ပြည့်နေတာပဲ” ဟု အဆိုပါဖားကန့်မြို့ခံက ပြောသည်။
ဖားကန့်၊ တာမခံကျောက်စိမ်းတွင်းဒေသတွင် ယခုကဲ့သို့ ရေကြီးမှုမျိုး ယခင်က မရှိခဲ့သော်လည်း နဝတ တက်လာပြီးနောက်ပိုင်း အကျိုးတူဖက်စပ်လုပ်များ ပေါ်ပေါက်လာချိန်တွင် ခေတ်မီစက်ယန္တရားများနှင့် တောင်များ ဖြိုခြင်း၊ ဥရုချောင်းအား သဲအိမ်များဖြင့် တားဆီးပြီး ရေလမ်းကြောင်းပြောင်းခြင်း၊ မြေအောက်သို့ ဥမင်လိုဏ်များ ဖောက်ခြင်း စသည့်နည်းများဖြင့် ကျောက်စိမ်းများ ရှာဖွေခဲ့ပြီး အဆိုပါ ကျောက်တူးရာမှာ ထွက်ရှိသည့် မြေစာများအား အနီးဝန်းကျင်တွင် စုပုံထားသည့်အတွက် မိုးကြီးလာပါက မြေစာပုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားနေသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ဖားကန့်ရေဘေး ကယ်ဆယ်ရေး မလုပ်နိုင်သေး ရေဘေးဒုက္ခသည်များ အခက်ခဲကြုံနေရ
ကျောက်စိမ်းဒေသ ဖားကန့်တွင် မြေပြိုသဖြင့် လူသေဆုံးမှု ဖြစ်ပွား
ဖားကန့်ဒေသအတွင်း ချောင်းရေကြီး လူအသေအပျောက် အများအပြားရှိ
ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကမ်းတွင် သစ်ကားများ အဖမ်းခံရ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။