အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ရန်ကုန် ဂျီမေးလ် အသုံးပြုသူများ အခက်ကြုံ
သတင်း
-
သိပံ္ပ/နည်းပညာ
သတင်းရင်းမြစ် > နန်းဒေဝီ/မဇ္ဈိမ
အင်္ဂါနေ့၊ ဂျူလိုင်လ ၇ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂူဂဲလ် google အင်တာနက်မှ အခမဲ့ ဝန်ဆောင်မှုပေးသော ဂျီမေးလ် Gmail များ အသုံးပြုရာတွင် အခက်အခဲဖြစ်နေကြောင်း ရန်ကုန်မြို့ရှိ အင်တာနက် အသုံးပြုသူများက ပြောသည်။
ပြီးခဲ့သည့် ၄-၅ ရက်ခန့်မှ စတင်ကာ ရန်ကုန်မြို့ရှိ ဂျီမေးလ် အသုံးပြုသူများက မေးလ်လက်ခံစာများ ဖတ်ရန်၊ သို့မဟုတ် စာပို့ရာတွင် အခက်တွေ့နေရခြင်း ဖြစ်သည်။
“လိုင်းက မငြိမ်ဘူးအမ။ တက်လိုက်၊ ကျလိုက် ဖြစ်နေတော့ ဂျီမေးလ်တွေ ဖွင့်မရ ဖြစ်နေတာ။ လုံးဝ လိုင်းက ကျသွားတာလည်း မဟုတ်ဘူး” ဟု ပုဂံအင်တာနက် ဝန်ဆောင်မှုမှ အင်တာနက် သွယ်တန်းထားသော ရန်ကုန်ရှိ Power Internet Café ၏ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့ရှိ SMT Net Internet and E-mail ဆိုင်မှ တာဝန်ရှိသူတဦးကလည်း “ပြီးခဲ့တဲ့ ၂-၃ ရက်က လိုင်းက လုံးဝမကောင်းဘူး။ စကားလည်း ပြောလို့မရဘူး။ အင်တာနက်က ဂိမ်းတွေတောင် ကစားလို့ မရဘူး။ အဲလို ဖြစ်လာရင် ကျနော်တို့တော့ ဆိုင်ပိတ်လိုက်တယ်” ဟု ပြောသည်။
ဂျီမေးလ်ဖွင့်ကာ Inbox ကို နှိပ်အပြီး ၁၀ စက္ကန့်အကြာတွင် Error ဟူ၍ ပေါ်လာပြီး ပြန်ဖွင့်မရသည်မှာ ၅ ရက်ခန့် ရှိနေပြီဖြစ်ကြောင်း ဂျီမေးလ်အသုံးပြုသူ ရန်ကုန်ဒေသခံတဦး အဆိုအရ သိရသည်။
သို့သော် ရန်ကုန်တိုင်းအတွင်းရှိ တချို့မြို့နယ်များတွင်မှု ဂျီမေးလ်များကို အသုံးပြု၍ အဆင်ပြေနေပြီ ဖြစ်သည်။
ယခုလို ဂျီမေးလ်အသုံးပြုမှု ခက်ခဲချိန်သည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ၂ ရက်ကြာ ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။
မြန်မာစစ်အစိုးရက အင်တာနက်လိုင်းများ ထိန်းချုပ်ခြင်း၊ အကန့်အသတ်မရှိ ဖြတ်တောက်ခြင်း ပြုလုပ်လေ့ရှိသည့်အပြင်၊ နိုင်ငံတကာမှ လူ့အခွင့်အရေး ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်များ၌လည်း အင်တာနက် မြန်နှုန်းလိုင်းများ သိသာစွာ ကျဆင်းလေ့ရှိသည်။
ဂျီမေးလ် အသုံးပြုမှု ခက်ခဲလာခြင်းသည် စစ်အစိုးရအနေဖြင့် မြန်နှုန်းလိုင်းကို လျှော့ချလိုက်ခြင်းနှင့် လက်ရှိ အင်တာနက်ပေးဝေနေသည့် စနစ်များတွင် စက်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၌ အားနည်းချက်များ ရှိနေသဖြင့် ဖြစ်နိုင်ကြောင်း ဗြိတိန်ရောက် စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ကိုထိုက်က ယခုလို ပြောသည်။
“ဂျီမေးလ်ကို လုံးဝ ပိတ်လို့မရပါဘူး။ ဒါပေမယ်လို့ speed ကို တမင်သက်သက် လျှော့ချလိုက်တာမျိုး၊ မဟုတ်လည်း လက်ရှိ စက်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေမှာ ဝန်-အား မမျှ ဖြစ်ရတာမျိုးတွေကြောင့် ဂျီမေးလ် သုံးလို့ အဆင်မပြေတာတွေ ရှိနေတာပါ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်ဝန်ဆောင်မှုကို မြန်မာစစ်အစိုးရလက်အောက်ရှိ MPT ခေါ် မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပိုင် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် မြန်မာတယ်လီပို့ (ပုဂံနက်) တို့က နိုင်ငံတဝှန်း အဓိက ဝန်ဆောင်မှု ပေးနေသည်။
ဂျီမေးလ်အသုံးပြုမှု အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ပုဂံနက်ကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
garr
ogre (119.196.131.xxx) 09-07-2009 15:22:07
တုံ့ပြန်
|
ရည်ညွှန်း
0
0
အမည်မသိ (119.196.131.xxx) 09-07-2009 15:20:26
တုံ့ပြန်
|
ရည်ညွှန်း
0
0
gtalk & gmail.......သုံးလို့ရတဲ့...proxy address
j0k3r0lay (212.116.219.xxx) 08-07-2009 08:22:34
proxy.....212.93.193.83
port.......443
တုံ့ပြန်
|
ရည်ညွှန်း
0
0
gmail and gtalk လုံးဝ ကို အသုံးပြုမရတော့ ပါကြောင်း
ုkhoo (203.81.72.xxx) 08-07-2009 07:06:30
လားရှိုးမှာတော့ gmail and gtalk ကို အခုချိန်ထိ ပြန်လည်အသုံးပြုလို့မရသေးပါဘူး ..
တုံ့ပြန်
|
ရည်ညွှန်း
0
0
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
ရန်ကုန် ဂျီမေးလ် အသုံးပြုသူများ အခက်ကြုံ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။