မန္တလေးသားတို့ ရတနာပုံ အက်ဖ်စီအသင်း ကြိုရန်ပြင်

သတင်း - အားကစား သတင်းရင်းမြစ် > မင်းနိုင်သူ/ခောတ်ပြိုင် ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၈ ရက် ၂၀၀၉ ခုနှစ်

ယနေ့ညနေပိုင်းတွင် ရောက်ရှိလာမည့် ရတနာပုံအက်ဖ်စီအသင်းကို ကြိုဆိုရန် မန္တလေးသားတို့ ပြင်ဆင်နေကြကြောင်း မန္တလေးမှ စာနယ်ဇင်းသမားတဦးက ပြောသည်။

၎င်းက “မြမန္တလာဂျစ်ကားတွေ ဗထူးကွင်းရှေ့ တန်းစီထားကြပြီ။ အခု မိတ္ထီလာကို ရောက်နေပြီလို့ပြောတယ်။ နောက် (၂) နာရီလောက်ဆို မန်းလေးရောက်မှာပဲ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရတနာပုံအက်ဖ်စီအသင်း ကြိုဆိုဧည့်ခံပွဲကို မန္တလေးဆီဒိုးနားဟိုတယ်တွင် ပြင်ဆင်ထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ခန့်စည်သူ၊ ခိုင်သင်းကြည် စသည့် နာမည်ကြီးသရုပ်ဆောင် အဆိုတော်များကို ငှားရမ်းထားကြောင်း သိရသည်။

“အခမ်းအနားတက်ဖို့ မန္တလေးတိုင်းမှူး၊ မြို့တော်ဝန်တို့ကို ဖိတ်ထားတယ်လို့ကြားတယ်။ အငြိမ့်ပွဲတွေလည်း ပါမယ်လို့ကြားတာပဲ။ ကုန်ကျစရိတ်အားလုံး အယ်လ်ပိုင်းကပဲ တာဝန်ယူတာလေ” ဟု အဆိုပါ စာနယ်ဇင်းဆရာက ပြောသည်။

ရတနာပုံအက်ဖ်စီအသင်းကို ဒေါက်တာစိုင်းဆမ်ထွန်း (လွယ်ဟိန်းကုမ္ပဏီ) က ပိုင်ဆိုင်ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် (၅) ရက်တွင် ကျင်းပခဲ့သော မြန်မာပရိုလိဂ်ဗိုလ်လုပွဲ၌ ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

မြန်မာပရိုလိဂ်ဘောလုံးပြိုင်ပွဲကို ယခုနှစ်စပိုင်းတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ရာ နအဖစစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလအတွင်း လူထုအနေဖြင့် နိုင်ငံရေးအာရုံစိုက်မှုများ လျော့ကျစေရန် စီစဉ်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

“မြန်မာ့ဘောလုံးလောက အမှန်တကယ်တိုးတက်စေချင်တယ်ဆိုရင် အစောကြီးကတည်းက လုပ်သင့်တယ်။ ခေတ်ပျက်သူဌေးကြီးတွေ ချမ်းသာနေတာကြာလှပြီပဲ။ နဝတ၊ နအဖ သက်တမ်းတလျှောက်ပဲလေ။ အစကတည်းက သူတို့ကို လုပ်ခိုင်းရင် လုပ်နိုင်ကြတယ်ရယ်။ အခုမှ စလုပ်တယ်ဆိုတာကိုက အာရုံပြောင်းချင်လို့ဆိုတာ သိသာလွန်းပါတယ်” ဟု ရန်ကုန်မှ သတင်းအယ်ဒီတာတဦးက ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်းပိုင်ရှင်များ၏ ငွေကြေးအကုန်ခံ လှုံ့ဆော်မှုများနှင့်အတူ သတင်းမီဒီယာများက ဖော်ပြနေခြင်းကြောင့်လည်း လူသိပိုများလာခဲ့ခြင်းဖြစ်သည်ဟု မန္တလေးစာနယ်ဇင်းဆရာက ပြောသည်။

၎င်းက “ကျနော်တော်တော် အံ့သြသွားတယ်ဗျ။ ပြည်ပအသံလွှင့်မီဒီယာကြီးတခုက ဗိုလ်လုပွဲမှာ ရတနာပုံအက်ဖ်စီ အသင်းဗိုလ်စွဲသွားတယ်ဆိုတဲ့ သတင်းကို လွှင့်သွားတော့လေ။ တကယ်ဆို ဒီလောက်သိသာနေတဲ့ အာရုံပြောင်းပွဲကြီးကို သူတို့ကပါ လွှင့်ထုတ်လိုက်တော့ လူထုအတွင်း ပိုပျံ့နှံ့သွားတာပေါ့ဗျာ။ ကျနော်ကတော့ ဒါမဖြစ်သင့်ဘူးထင်တယ်လေ။ ကျနော်တို့ လူထုက နဂိုကမှ ဘေထိဆို အာရုံက သိပ်ပြောင်းလွယ်တာ။ အခုနောက်ပိုင်း ပြည်ပမီဒီယာတွေကပါ ဒီဘောလုံးပွဲ သတင်းကို အပြုသဘောရေးသားလာကြတာတော့ ကျနော်တော့ သိပ်သဘောမတွေ့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို တိုင်းကြီး (၈) တိုင်းကို ကိုယ်စားပြုခြင်းဆိုကာ အသင်း (၈) သင်းဖြင့် ပြိုင်ပွဲဝင်စေခဲ့ခြင်းဖြစ်ပြီး ဒယ်လ်တာယူနိုက်တက်အသင်းမှအပ အခြား (၇) သင်းမှာ ခေတ်ပျက်သူဌေးကြီးများ ပိုင်ဆိုင်သည်ဟု ပြည်တွင်းစာနယ်ဇင်း အသိုင်းအဝိုင်းက ပြောသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ