အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
သတင်း
-
ဖျော်ဖြေရေး
သတင်းရင်းမြစ် > သဲသဲ/ဧရာဝတီ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
လတ်တလော မြန်မာ့ဂီတလောကတွင် ထိုင်း သီချင်းကော်ပီများ ပြန်လည်ခေတ်စားကာ လူကြိုက်များနေကြောင်း တွေ့ရှိရသည်။
ထိုင်းသရုပ်ဆောင် အဆိုတော် Katreeya English သီဆိုသော O.K.Na Ka ဆိုသည့် သီချင်းကို ရှင်ဖုန်း” က “အိုကေ နားထား” ဟူ၍ သင်္ကြန်သီချင်း အဖြစ် ကိုယ်တိုင်ကော်ပီလုပ်ကာ ကိုယ်တိုင်ပြန်ဆိုခဲ့သည်။ ၎င်းတေးသီချင်းကို တခြားသော မြန်မာတေးရေးသူများကလည်း ကော်ပီလုပ်ခဲ့ကြသည်။
“သီချင်းဆိုရင် အားလုံးကြိုက်ပါတယ်၊ ဒါပေမယ့် ကော်ပီ တွေကို သူများနိုင်ငံတွေမှာ နားထောင်ရမှာကို မဝံ့ဘူး။ ဥပမာ - ထိုင်းသီချင်းကို မြန်မာက ကော်ပီ ပြန်လုပ်ထားရင် ထိုင်းနိုင်ငံမှာ နားမထောင်ချင်ဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ သီချင်းကို ခိုးချထားတာပဲဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်မှာကို မခံနိုင်ဘူး။ ကိုယ်ပိုင်သံစဉ် ဆိုရင်တော့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ နားထောင်လို့ ရတယ်” ဟု ထိုင်းနိုင်ငံရောက် သီချင်းနှစ်ခြိုက်သူ မြန်မာတဦးကပြောသည်။
Iron Cross (IC) တေးဂီတဝိုင်းတွင် Bass Guitar တီးခတ်သူ ကိုခင်မောင်သန့်၏သမီး တေးသံရှင် စင်ဒီ သီဆိုထားသော “သူမသိလည်း” ဆိုသည့် သီချင်းမှာလည်း ထိုင်း အမျိုးသမီး အဆိုတော် Lydia ၏ Tham Mai Mai Rap Sak Thi ဖြစ်သည်။ အဆိုပါ သီချင်းသည်လည်း မြန်မာလူငယ်များ၏ ပါးစပ်ဖျားတွင် လတ်တလော ရေပန်းစားလျက်ရှိသည်။
အဆိုတော် ယုဇနက ထိုင်းအဆိုတော် Palmy ၏ York Rong Dunk Dunk ကို “အချစ်ဆူး” ဟူ၍ လည်းကောင်း၊ ချောစုခင်က ထိုင်းအဆိုတော် Nicole Theriault ၏ Mai Chai Mai Chai သီချင်းကို “မကြိုက် မကြိုက်” ဟူ၍ လည်းကောင်း သီဆိုထားရာ မြန်မာတေးသီချင်း ကြိုက်သူများကြားတွင် ရေပန်းစားသည်ကို တွေ့ရသည်။
၁၉၉၀ ဝန်းကျင်ခန့်က ထိုင်းနိုင်ငံမှ နာမည်ကြီး အဆိုတော် “ထုံချိုင်း” ၏ သီချင်းများမှာ အာရှ၌ အထူး အောင်မြင်ခဲ့ သဖြင့် ၎င်း၏ တေးသီချင်းအများစုကို မြန်မာနိုင်ငံမှ တေးသံရှင် နောင် က ကော်ပီလုပ်၍ သီဆိုခဲ့သည်။ သရုပ်ဆောင် အဆိုတော် အကယ်ဒမီ ရန်အောင် ကလည်း ၎င်းတေးသီချင်းများကို “ဂီတဝင်္ကပါ” ဟူသောအမည်ဖြင့် ထပ်မံ ဖြန့်ချိခဲ့ရာ အောင်မြင်ခဲ့ပြန်သည်။
ယင်းနောက်ပိုင်းတွင် ထိုင်းသီချင်းကော်ပီများ ခေတ်မစားတော့ဘဲ ယခု ၂၀၀၉ တွင်မှ မြန်မာအဆိုတော်များက ထိုင်းသီချင်းကော်ပီများ ပြန်လည်သီဆိုကာ လူကြိုက်များလာခြင်းဖြစ်သည်။
“ကျနော့် အမြင်ကတော့ နိုင်ငံတကာက အနုပညာသမားတွေကို ကြိုက်တယ်၊ နှစ်သက်တယ်။ ကိုယ့်ရဲ့ ဆရာတွေ၊ ကိုယ့်ရဲ့ ဖတ်စာအုပ်တွေအနေနဲ့ သူတို့ရဲ့ ဖန်တီးမှုကို လေ့လာသင့်တယ်။ ဒါပေမယ့် သူတို့ရဲ့ အနုပညာပစ္စည်းကို ခွင့် မတောင်းဘဲ တိုက်ရိုက် ၁၀၀ ရာခိုင်နှုန်း ကူးချတာတော့ မဖြစ်သင့်ဘူး။ ကိုယ်လည်း ကိုယ်တတ်နိုင်သလောက် ဖန်တီးသင့်တယ်” ဟု အနုပညာလောကထဲသို့ ကိုယ်ပိုင်သံစဉ်တေးသီချင်းများဖြင့် ဝင်ရောက်လာခဲ့သော တေးရေး တေးဆို ဆောင်းဦးလှိုင်က ဧရာဝတီသို့ပြောသည်။
ယခင်က အနောက်နိုင်ငံများမှ တေးသီချင်းများကို အများဆုံး ကော်ပီလုပ်ခဲ့ ကြသော်လည်း ယခုအခါ အာရှတလွှားရှိ ကိုရီးယားဇာတ်လမ်းတွဲများပါ တေးသီချင်းများ၊ ဂျပန်သီချင်းများ၊ တရုတ်သီချင်းများ၊ အိန္ဒိယသီချင်းများအပြင် ထိုင်းသီချင်းများကိုပါ ကော်ပီလုပ်၍ ထုတ်လုပ်ဖြန့်ချိလာကြသည်။
တေးရေးမြင့်မိုးအောင်က ကော်ပီ တေးသီချင်းများအပေါ် ၎င်း၏အမြင်နှင့် ပတ်သက်၍ “ထိုင်း၊ ကိုရီးယား၊ တရုတ် ဆိုတာက အာရှနိုင်ငံတွေဆိုတော့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေက မြန်မာနဲ့နီးစပ်တယ်လေ။ သူတို့မှာလည်း ဒီသီချင်းတွေက ပေါက်ပြီးသားဆိုတော့ မြန်မာ့နားနဲ့ ဆက်စပ်မှုရှိလို့ ဒီလိုသီချင်းမျိုးတွေက ရှိ သင့်ပါတယ်” ဟု ပြောသည်။
IC အဖွဲ့၏ ပင်တိုင်အဆိုတော် တဦးဖြစ်သူ ဝိုင်ဝိုင်းသည်လည်း တရုတ်သီချင်း ကော်ပီများဖြင့် လူကြိုက်များကာ အောင်မြင်ခဲ့သည်။ ၎င်းသီဆိုသည့် “ဖြေသိမ့်လိုက်” ဆိုသည့် သီချင်းမှာ လူငယ်များကြားတွင် အလွန် ရေပန်းစားသော တရုတ်သီချင်း ကော်ပီတပုဒ်ဖြစ်သည်။
R ဇာနည်၏ “ကိုယ့်အနားရှိစေချင်” သီချင်းသည်လည်း ၎င်း၏စင်မြင့် ဖျော်ဖြေပွဲတိုင်းတွင် ပွဲတောင်းခံရသည့် တရုတ်သီချင်း ကော်ပီ ဖြစ်သည်။ ထိုသီချင်းကို ပြည်ပရောက်မြန်မာများ ပိုမို နှစ်ခြိုက်ကြသည်။
ဆောင်းဦးလှိုင်က မြန်မာများ ကော်ပီ လုပ်မည်ဆိုလျှင်လည်း အမေရိကန်၊ အင်္ဂလန် စသည့် နိုင်ငံများမှ တေးသီချင်း များကို ကော်ပီ လုပ်ခြင်းက နားထောင်သူ ပရိသတ်အတွက် နည်းပညာနှင့် အနုပညာ နှစ်ခုစလုံး ရရှိနိုင်ကြောင်း ထိုင်းနိုင်ငံ အစရှိသော အိမ်နီးချင်း နိုင်ငံများမှ တေးသီချင်းများကို မယူသင့်ကြောင်း၊ မြန်မာ အနုပညာသမားများ၏ ဖန်တီးမှုမှာ စက်ပိုင်းဆိုင်ရာ ကလွဲလျှင် အိမ်နီးချင်းနိုင်ငံများထက် မညံ့ကြောင်း ပြောသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
လေးဖြူနှင့် နာမည်ကြီးအဆိုတော်များ ရန်ကုန်တွင် ဖျော်ဖြေမည်
နာဂစ်စတိတ်ရှိုး လန်ဒန်တွင် လုပ်မည်
မုန်တိုင်းသင့် ကလေးများ ပညာရေးအတွက် သီးလေးသီး ဖျော်ဖြေပွဲ ကျင်းပမည်
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 13 ဦး အွန်လိုင်း ရှိနေသည်။