အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > နန်းဒေဝီ/မဇ္ဈိမ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
နယူးဒေလီ (မဇ္ဈိမ)။ ။ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။
ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့် တင်ပြရာတွင် နေ့လည် ၁၂ နာရီ နောက်ဆုံးထား တင်ပြရန် ညွှန်ကြားလာခဲ့သည်။
“ဒီစနစ်ကို သုံးတာ ကောင်းပါတယ်။ ဒါပေမဲ့ ရန်ကုန်လျှပ်စစ်မီးက ဘာမှပြောလို့ မရဘူး။ ကိုယ်လိုချင်တဲ့အချိန်မှာ မီးမလာရင် အဆင်မပြေပြန်ဘူး။ ဒီတော့ ပေးတဲ့အချိန်အတွင်း ပြီးဖို့ဆိုတာ မလွယ်ပါဘူး” ဟု ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။
ရောင်းအားကောင်း အပတ်စဉ်ထုတ်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတဦးကမူ ပုံစံသစ်ကို ကြိုဆိုလိုက်သည်။
“ဒီပုံစံမျိုးက ဖြစ်သင့်တာ ကြာလှပါပြီ။ ဂျာနယ်သမားတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ လောလောဆယ်တော့ ကြိုးစားလုပ်ရတာပေါ့ဗျာ။ ဘယ်တော့လောက် အဆင်မပြေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။
ဂျာနယ်တိုက်များ၏ စာမူကြမ်းများကို ယခင်က A3 ၊ A4 အရွယ်အစား စက္ကူများအသုံးပြုကာ စိစစ်ရေးတွင် တင်ပြခဲ့ရပြီး ပြီးခဲ့သည့်လမှ စတင်ကာ စာမူကြမ်းကို PDF ဖိုင်အသွင်ပြောင်း၍ စီဒီချပ်နှင့်အတူ စက္ကူစာမူကြမ်းဖြင့် ပူးတွဲတင်ပြခဲ့ကြသည်။
သို့သော် ယခုလဆန်းမှ စတင်ကာ စီဒီတခုတည်းဖြင့်သာ စိစစ်ရေးကို တင်ပြရန် ညွှန်ကြားခဲ့သည်။
ထို့အပြင် စာပေစိစစ်ခအတွက် ဂျာနယ်များအား ခွင့်ပြုထားသည့် စာမျက်နှာ အရေအတွက်အတိုင်း တမျက်နှာလျှင် ကျပ် ၂ဝဝ နှုန်းဖြင့် စိစစ်ရေးရုံးကို ပေးသွင်းရန်လည်း ညွှန်ကြားချက်တွင် ဖော်ပြရေးသားထားသည်။
“တမျက်နှာ ၂၀၀ ပေးရလည်း သက်သာနေပါသေးတယ်။ စက္ကူမူကြမ်းထက် စာရင်ပေါ့” ဟု အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။
စီဒီတချပ်လျှင် ကျပ် ၁၅၀ဝ နှုန်းသာ ပေးဝယ်ရသည့်အတွက် ယခင် A4 နှင့် A3 အရွယ်ရှိ စက္ကူဖြင့် ပုံနှိပ်ထုတ်၊ မိတ္တုကူး တင်ပြရသည့် ကုန်ကျစရိတ်နှင့်စာလျှင် ကျပ်ငွေ ၃ သောင်းကျော် သက်သာနေသေးကြောင်း ဂျာနယ်တိုက်အချို့က ခန့်မှန်းပြောဆိုကြသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။