အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > အေးချမ်းမြေ့/ဧရာဝတီ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ကျောင်းသုံးစာအုပ်ပါ အကြောင်းအရာများကို အလွတ်ကျက်မှတ်သည့် သမားရိုးကျ သင်ကြားမှုစနစ်များနှင့် ဆောင်ရွက်နေပါက အမျိုးသား ပညာရည်မြင့်မားရေးဆိုင်ရာ ရည်မှန်းချက်များကို နှောင့်နှေး ထိခိုက်စေမည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်၌ ဖွင့်လှစ်သည့် အခြေခံ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အပတ်စဉ် ၃၄ သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်နေ့က ကျင်းပခဲ့စဉ် ဦးသောင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းက ယခင်ကကဲ့သို့ ဆရာဗဟိုပြု သင်ကြားမှု ပုံစံအတိုင်း ဆက်လက် သင်ကြားခြင်း မပြုသင့်ဟုလည်း ဆိုသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ လက်ထောက်ကထိက တဦးက ယခုလက်ရှိတွင် အခြေခံပညာနှင့် တက္ကသိုလ် အဆင့်များ၌ သင်္ခန်းစာကို အလွတ်ကျက်မှတ်သည့် ပုံစံဖြင့်သာ သင်ကြားနေကြကြောင်း၊ ဆရာ ဆရာမ များမှာလည်း ထိုကဲ့သို့ အလွတ်ကျက်သည့် စနစ်ကိုသာ အသားသေ၍ ရင်းနှီးနေကြောင်း ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ၏ ပညာရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိသူ ဒေါက်တာ သိန်းလွင်က မြန်မာနိုင်ငံအတွင်းရှိ အစိုးရ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားဗဟိုပြု ပုံစံဖြင့် စာသင် ကြားခြင်းမှာ ယခုအချိန်ထိ ကျင့်သုံးနိုင်ခြင်း၊ အောင်မြင်နိုင်ခြင်း မရှိသေးသော်လည်း ဝန်ကြီးဦးသောင်း၏ ထုတ်ဖော်ပြောကြား ချက်ကိုမူ ကြိုဆိုသည်ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ကျောင်းသားဗဟိုပြု ပုံစံနဲ့ စာသင်ကြားဖို့ဆိုတာက ဆရာတွေကို ဒီထက်ပိုပြီး သင်တန်းတွေ ပေးရမယ်၊ ကျောင်းသားတွေရဲ့ ကိုယ်ပိုင် ဖန်တီးမှု၊ ရှာဖွေဖော်ထုတ်မှု၊ တီထွင်မှုတွေကိုလည်း ဒီထက်ပိုပြီး အားပေးရမယ်၊ ကြိုဆိုရမယ်” ဟု ဆိုသည်။
လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းက ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို ရန်ကုန်မြို့တွင်း အခြေခံ ပညာကျောင်း ၂၄ ကျောင်းတွင် စတင်ခဲ့သော်လည်း ထင်ရှားသည့် အောင်မြင်မှု မရရှိခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ကထိကဟောင်း တဦးဖြစ်သူ ဒေါ်ငြိမ်းခက်ခက်က သုံးသပ်သည်။
ဆက်လက်၍ ၎င်းက “တကယ်ဆိုရင်တော့ ဒီစနစ်ကို နိုင်ငံတကာမှာ စခဲ့တာ ၁၀ စုနှစ် တခု မကတော့ဘူး။ မြန်မာနိုင်ငံမှာ ဒီစနစ် စသင့်တာ ကြာပြီ” ဟု ဆိုသည်။
ကျောင်းသားဗဟိုပြု စနစ်နှင့်စာသင်ကြားပါက ဆရာ၊ ဆရာမများတွင် ပိုမို တာဝန်ရှိသွားမည် ဖြစ်သောကြောင့် ထိုစနစ်နှင့် ရင်းနှီးမှုမရှိသော ဆရာ၊ ဆရာမများကို သင်တန်းများစွာ ပေးရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
“ရင်းနှီးလာတဲ့ ဆရာဗဟိုပြု ပုံစံကနေ ရုတ်တရက်ပြောင်းလဲလိုက်မယ်ဆိုရင် အဓိကက အဲဒီဆရာတွေမှာ ဝမ်းစာ ပြည့်ဝနေဖို့လိုတယ်။ ကျောင်းသားဗဟိုပြု ပုံစံဆိုတာက ကျောင်းသားတွေကို သင်ပေးတာမဟုတ်တော့ဘဲ သူတို့ဟာ သူတို့ လေ့လာခိုင်းတာ။ အဲဒီမှာ ကျောင်းသားတွေဆီက မေးခွန်းတွေ အများကြီးထွက်လာလိမ့်မယ်၊ အဲဒီမေးခွန်းတွေကို ဖြေနိုင်တဲ့ ဝမ်းစာ ဆရာတွေမှာ ရှိနေရမယ်” ဟု ဒေါ်ငြိမ်းခက်ခက်က ဆက်ပြောသည်။
မြန်မာပြည် ပညာရေးစနစ်သည် အစမ်းသပ်ခံ အဆင့်တွင်သာရှိနေပြီး သင်ရိုးညွှန်းတမ်းများကို မကြာခဏ ပြောင်းလဲ သတ်မှတ်နေသဖြင့် သင်ကြားသူ ဆရာ၊ ဆရာမများကော သင်ယူသူ ကျောင်းသူ၊ ကျောင်းသားများပါ အခက်အခဲနှင့် တွေ့ကြုံကြရကြောင်း ပညာရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“ကျောင်းသားဗဟိုပြု ပုံစံနဲ့ စာသင်ကြားမယ်ဆိုရင် ဆရာ၊ ဆရာမ အင်အားက ဒီထက်မက အများကြီး လိုအပ်မယ်။ ဒီလို လုပ်နိုင်ရင်တော့ တကယ်ကောင်းပါတယ်။ ဒါပေမယ့် မြို့ပေါ်တွေမှာသာ မကဘဲ ကျေးလက် တောရွာတွေမှာပါ အဲဒီစနစ်ကို အကောင်အထည် ဖော်ရမယ်” ဟု ဒေါက်တာ သိန်းလွင်က ဆိုသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။