ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > ရန္ပိုင္/ဧရာဝတီ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

ဝါတွင်း သတင်းသုံးဝါဆိုမည့် သံဃာတော်များ၏ အတ္ထုပ္ပတ္ထိအကျဉ်း နှင့် ဓာတ်ပုံကိုပါပေးအပ်ရန် ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့တွင် ဒေသ ဆိုင်ရာအာဏာပိုင်များက တောင်းခံနေကြောင်း သိရသည်။

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် နေ့နီးလာသောကြောင့် ကျောင်းတိုက်များတွင် ဝါဆိုမည့်သံဃာတော် များထံမှ အထ္တုပ္ပတ္တိအချက်အလက်များသာကမ ဓာတ်ပုံကိုပါ စစ်အစိုးရ အာဏာ ပိုင်များက ကျောင်းထိုင်ဆရာတော်ကြီးများထံတွင် တောင်းထားကြောင်းသိရသည်။  

“မနှစ်ကဓာတ်ပုံမတောင်းဘူး၊ ဒီနှစ် ကိုယ်ရေးအထ္တုပ္ပတ္တိ နဲ့တွဲပြီးတောင်းတာ၊ ထူးထူးဆန်းဆန်းပဲ” ဟု ပဲခူးမြို့တွင် သီတင်း သုံး ဝါဆိုမည့်သံဃာတပါးက ဧရာဝတီကိုပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ပဲခူးမြို့ပေါ်ရှိ စာသင်တိုက်ကြီးများနှင့် ဘုန်းကြီးကျောင်းတွင် သီတင်း သုံးနေထိုင်နေ သည့် သံဃာတော်များစာရင်းကို ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ဝင်များက လိုက်လံကောက်ခံနေကြောင်းသိရ သည်။

ပဲခူးမြို့ရှိ  သံဃာတော်များစာရင်းကို တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်သို့ပို့ရမည်ဟု ထို သံဃာတော်က ဧရာဝတီ သို့ပြောသည်။

“တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကိုပေးရမယ်ပြောတယ်၊ဦးပဉ္ဇင်းတော့ ကိုယ်ရေးရာဇဝင်ရော၊ ဓာတ်ပုံပါမပေးချင်ဘူး၊ဘာ ကြောင့် တောင်းတယ်ဆိုတာလည်းရှင်းမပြဘူး” ဟု ထိုသံဃာတော်က ဆိုသည်။

အတ္ထုပ္ပတ္တိအကျဉ်းတွင် ဘွဲ့တော်၊သီတင်းသုံးမည့်ကျောင်း ၊ မူလဥပဇ္ဈာယ် ဆရာတော်အမည် နှင့် ခမည်းတော်၊ မယ်တော် မှတ်ပုံတင် ၊ဝိနည်းသိက္ခာပုဒ်များ နှင့်အညီ သတင်းသုံးနေထိုင်ပါမည်ဖြစ်ကြောင်း ဝန်ခံချက်ပါရှိပြီး၊ ဓာတ်ပုံကို ယခုနှစ်ကျမှ သာလျှင်ထူးထူးခြားခြားတောင်းခံခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ သံဃာတော်တပါးကလည်း ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံကို အာဏာပိုင်များမှ တောင်းခံနေပြီး၊ ဤသို့ကောက်ခံနေခြင်းမှာ ရွှေဝါရောင်တော်လှန်ရေးနေ့ နီးကပ်လာသောကြောင့်ဟုထင်ကြောင်းဧရာဝတီသို့ ပြော သည်။

အခြားမြို့များရှိ သံဃာတော်များကိုမူ ကိုယ်ရေးရာဇဝင်နှင့် ဓာတ်ပုံမတောင်းသော်လည်း ဤသတင်းကိုကြားကြောင်း မြင်းခြံ နှင့် မန္တလေးမြို့မှ ဆရာတော်ကြီးများက ဧရာဝတီသို့ပြောသည်။

၂ဝဝ၇ခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှားမှုပြီးနောက် သံဃာတော်များ ခရီးသွားလာခွင့်ကို တင်းကျပ်စွာစိစစ်ခဲ့ပြီး၊ ဇွန်လ အတွင်းကလည်း သံဃာတော်များ နိုင်ငံခြားသို့ ခရီးသွားလာခွင့်ကို အာဏာပိုင်များက ပိတ်ပင် ထားခဲ့သည်။

မြန်မာနိုင်ငံတွင် သံဃာတော်ဦးရေမှာ လေးသိန်းကျော်ရှိပြီး၊ ၂ဝဝ၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို စစ်အစိုးရက ပြင်းထန်စွာဖြိုခွဲ့ခဲ့၍ သံဃာတော် အများအပြား သေဆုံးခဲ့ပြီး၊ အများအပြား အဖမ်းခံခဲ့ရသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

အကြောင်းအရာတူ

  1. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  2. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  3. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  4. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  5. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
  6. ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
  7. စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
  8. ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
  9. ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
  10. လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
ubuntu linux

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။