ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > ခောတ်ပြိုင် ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

နအဖစစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံတဝန်းလုံး၌ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေးများ လုပ်ဆောင်နေကြောင်း ဒေသအသီးသီးမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ဆိုင်ကယ်စီးပြီး ရုံးတက်ခွင့်ရနေသည့် ရဲသတင်းတပ်ဖွဲ့ အရာရှိတဦးက “ခု အမိန့်တမျိုး ထပ်ထွက်လာပြန်ပြီ။ ရန်ကုန်မြို့တွင်းမှာ စစ်ရောင်နဲ့ သုံးဘီးကားရောင် ဆိုင်ကယ်တွေပဲ စီးခွင့်ပြုတော့မယ်ဆိုတာမျိုး၊ ဒီအတွက် သက်ဆိုင်ရာက သူတို့ပဲ ရောင်းပေးမလား၊ ကိုယ့်ဆိုင်ကယ်ကိုပဲ ဆေးမှုတ်ပြီး စီးရမလား၊ ဒါမှမဟုတ် စီးခွင့်မှ ရှိပါ့တော့မလား မသိဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်တွင် သာမန်ပြည်သူများကို ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပင်ထားပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်းထမ်းအချို့ကိုသာ အကန့်အသတ်ဖြင့် စီးနင်းခွင့်ပြုထားပြီး ယခုနောက်ပိုင်း အဆိုပါစီးနင်းခွင့်ရှိသူများကိုလည်း အမျိုးမျိုးကန့်သတ်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့် မရှိသော်လည်း မြို့လယ် စည်ပင်သာယာနယ်နိမိတ်နှင့် ဝေးကွာသည့်အတွက် ပြည်သူအများအပြား နယ်ကျော်ဆိုင်ကယ် စီးနင်းကြကာ အချို့က လိုင်စင်မဲ့ဆိုင်ကယ်များစီးကြပြီး အဆိုပါမြို့နယ်တို့တွင် ဌာနပေါင်းစုံပါ စစ်ဆေးရေးအဖွဲ့များက လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးဖမ်းဆီးနေကြကြောင်းသိရသည်။

သန်လျင်၊ ဒလဘက်တွင် ယခုလကုန်ပိုင်းမှစပြီး ဆိုင်ကယ်တက္ကစီများကို ပြေးဆွဲခွင့်ပိတ်ပင်တော့မည့်အကြောင်း ကြေညာချက် ထုတ်ပြန်ထားကာ ဆိုင်ကယ်တက္ကစီအစား ရေနံချောင်း စက်မှုဇုန်ထုတ် သုံးဘီးဆိုင်ကယ်တို့ကိုသာ အငှားယာဉ်များအဖြစ် ပြေးဆွဲခွင့်ပြုမည်ဖြစ်သည့်အတွက် ဆိုင်ကယ်တက္ကစီ ပြေးဆွဲနေသူ ပြည်သူအများအပြား မကျေမနပ်ဖြစ်နေကြောင်း စုံစမ်းသိရသည်။

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင်မူ ပြီးခဲ့သည့်ဇူလိုင်လက ရက်ပိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ် (၇၉) စီးကို ဖမ်းဆီးသိမ်းဆည်းပြီး စီးနင်းသူများကိုပါ အရေးယူထားကြောင်း မြို့ခံတဦးက ပြောသည်။

နအဖစစ်အစိုးရက ၂၀၀၈ ဇူလိုင်မှ နိုဝင်ဘာအထိ လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသလိုင်စင် ထုတ်ပေးခဲ့သော်လည်း နောက်ပိုင်း လိုင်စင်လုပ်ပေးမှု ရပ်ဆိုင်းလိုက်သည့်အပြင် ပြည်ပမှ တင်သွင်းခွင့်ကိုလည်း လုံးဝ ခွင့်ပြုထားခြင်းမရှိသည့်အတွက် တနိုင်ငံလုံး၌ လိုင်စင်မဲ့ ဆိုင်ကယ်များ သိန်းနှင့်ချီ အရေအတွက် ထပ်မံတိုးပွားလာကြောင်း သိရသည်။

အလားတူ နေပြည်တော်ဧရိယာ၌လည်း တရားဝင်လိုင်စင်ဖြင့် ပြေးဆွဲနေသည့် ဆိုင်ကယ်တက္ကစီများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ပါက အခြားယာဉ်များနှင့်မတူဘဲ ဒဏ်ငွေ နှစ်ဆရိုက်မည့်အပြင် နောင်ထပ်မံကျူးလွန်ပါက ဆိုင်ကယ်တက္ကစီ ပြေးဆွဲခွင့်ကိုပါ ရုပ်သိမ်းမည့်အကြောင်း ကြေညာထားသည်။

နအဖစစ်အစိုးရက ကားတင်သွင်းခွင့် ပိတ်ပင်ထား၍ ကားဈေး မတန်တဆ ကြီးမြင့်နေသည့်အတွက် ပြည်သူများ ဝယ်ယူစီးနင်းနိုင်ခြင်းမရှိဘဲ တတ်နိုင်သည့် ဆိုင်ကယ် ဝယ်ယူစီးနင်း အသုံးပြုနေခြင်းကို ယခုကဲ့သို့ ဒဏ်ရိုက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

အကြောင်းအရာတူ

  1. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  2. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  3. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  4. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  5. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
  6. ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
  7. စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
  8. ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
  9. ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
  10. လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
ubuntu linux

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။