အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > မင်းနိုင်သူ/ခောတ်ပြိုင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ပြည်တွင်းရှိ အင်တာနက်ဆိုင်များတွင် ညစ်ညမ်းဝက်ဘ်ဆိုဒ်များမှ Home Made ခေါ် သမီးရည်းစားအတွဲများ၊ အတူနေထိုင်နေကြပုံများကို ကြည့်ရှုသူ ပိုမိုများပြားလာနေကြောင်း အင်တာနက်သုံးစွဲသူများက ပြောသည်။
“သမီးရည်းစားအတွဲတွေ နေထိုင်ဆက်ဆံနေကြပုံတွေကို ရိုက်ထားပြီး ၀က်ဘ်ဆိုဒ်မှာတင်ထားတာ။ ခုနောက်ပိုင်း မြန်မာအတွဲတွေ ပိုများလာတာတွေ့ရတယ်။ အဲဒါတွေကို Home Made လို့ ခေါ်နေကြတာပဲ” ဟု ရန်ကုန်မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသတင်းဌာနများ၏ ၀က်ဘ်ဆိုဒ်များကို အများပြည်သူမကြည့်နိုင်စေရန် အစိုးရက ပိတ်ထားသော်လည်း ယင်းညစ်ညမ်းဝက်ဘ်ဆိုဒ်များကိုမူ ကြည့်ရှု၍ရနေကြောင်း ပြည်တွင်းအင်တာနက် အသုံးပြုသူများထံမှ သိရသည်။
မန္တလေးမြို့ခံ စာနယ်ဇင်းဆရာတဦးက “မြန်မာညစ်ညမ်းဝက်ဘ်ဆိုဒ်တွေ တော်တော်ကို များလာပြီ။ သမီးရည်းစားအတွဲတွေ လည်း တော်တော်ရဲတင်းလာပြီ။ သမီးရည်းစားစုံတွဲနှစ်တွဲ အပြန်အလှန်ရိုက်ထားကြတာတွေတောင် ရှိလာပြီ။ တချို့ဆိုင်တွေ မှာဆို download လုပ်ပြီး Desktop ပေါ် အဆင်သင့်တင်ပေးထားတာ။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဒါမျိုးတော့ မလုပ်သင့်ပါဘူး” ဟု ဆိုသည်။
ယင်းကဲ့သို့ ညစ်ညမ်းဗွီဒီယိုများကို Desktop ပေါ် တင်ထားခြင်းမျိုးကို မိမိတို့အနေဖြင့် လုပ်ကိုင်ခြင်းမရှိကြောင်း၊ အခြားသော ဆိုင်ရှင်များလည်း လုပ်လိမ့်မည်မထင်ကြောင်း ရန်ကုန် တာမွေမြို့နယ်ရှိ အင်တာနက်ဆိုင်ရှင်တဦးက ပြောသည်။
၎င်းက “တချို့လူငယ်တွေက အဲဒီဆိုဒ်တွေကို ဖွင့်ကြည့်ပြီး download လုပ် desktop ပေါ်တင်သွားကြတာပါ။ လူများတဲ့အချိန်ဆို ကျနော်တို့လည်း အကုန်လိုက်ကြည့်ပြီး မဖျက်နိုင်ဘူး။ ဆိုင်က သေချာတင်ပေးထားတာ မဟုတ်ပါဘူး။ အလိုလိုမှ အင်တာနက်ဆိုင်တွေကို စရဖနဲ့ သတင်းတပ်ဖွဲ့က စောင့်ကြည့်နေတတ်တာ။ ဆိုင်တွေကိုယ်နှိုက်က အဲလိုလုပ်ကြမယ် မထင်ပါဘူး” ဟု ဆိုသည်။
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် မြန်မာမိန်းကလေးများအနေဖြင့် မိမိ၏ အရှက်သိက္ခာ၊ မိဘဆွေမျိုးဂုဏ်သိက္ခာကို ပိုမိုစောင့်ထိန်းရန်လိုအပ်ကြောင်း အဖျက်သိမ်းခံထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးတဦးက ပြောသည်။
“ကိုယ့်ရည်းစားဆိုပြီး မယုံကြည်လိုက်ဖို့လိုတယ်။ ခုခေတ်မှာ ဖုန်းတွေမှာကို ကင်မရာတွေပါလာတယ်။ နောက် လုံခြုံရေးပိုင်းမှာ သုံးတဲ့ hidden camera တွေရှိတယ်။ ကိုယ်နဲ့ ဆက်ဆံနေတုန်းမှာ ဗွီဒီယိုရိုက်လို့ ရိုက်နေမှန်း မသိလိုက်ရဘူး။ ၀က်ဘ်ဆိုဒ်ပေါ်မှာ ပျံ့သွားတော့မှာ ကိုယ်ကျိုးနည်းကုန်ကြရော” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ Home Made ခေါ် ကိုယ့်ရည်းစားနှင့် နေထိုင်ပုံကို အချို့က အပျော်သဘောမျိုး ရိုက်ကူးရာမှ အကြောင်းကြောင်း ကြောင့် ၀က်ဘ်ဆိုဒ်ပေါ်ရောက်ရှိသွားခြင်းဖြစ်ပြီး အချို့က လူမှုရေးပိုင်းဆိုင်ရာ ရန်ငြိုးထား တုံ့ပြန်လို၍ အရှက်ကွဲရန် ဖန်တီးခြင်းမျိုးလည်းရှိကြောင်း အဆိုပါတပ်ကြပ်ကြီးက ပြောသည်။
“ရန်ကုန်က စီးပွားရေးသမားတယောက်ရဲ့သမီးလေး။ နိုင်ငံခြားသွားကျောင်းတက်နေတာ။ ဘယ်နိုင်ငံရယ်လို့တော့ ပြန်မပြောတော့ပါဘူး။ အဖေနဲ့စီးပွားပြိုင်ဖက်တယောက်က လူငယ်တယောက်ကို ငွေပေးပြီး သူ့သမီးကို ဖျက်ဆီးခိုင်းတာ။ နောက်ပြီး အဲဒီလိုအတူနေနေတဲ့ပုံကို အင်တာနက်ကနေပဲ ဖြန့်ချလိုက်တာ။ ကျနော်တို့ တပ်တွင်းမှာ ရှိတုန်းက အဲလိုမျိုးတွေ ကြုံတွေ့ဖြေရှင်းပေးခဲ့ရဖူးတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းကဲ့သို့ ညစ်ညမ်းဗွီဒီယိုနှင့် ဓာတ်ပုံများကို ထောက်လှမ်းရေးများကလည်း စုဆောင်းထားရလေ့ရှိပြီး ပြန်လည် အသုံးချရမှုများလည်းရှိကြောင်း သိရသည်။
“အထူးသဖြင့်တော့ နာမည်ကြီးတွေနဲ့ ပတ်သက်တာတွေ စုရတယ်။ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ အဲလိုမျိုးပေါ့။ အသုံးချရတယ်ဆိုတာက တခါတလေမှာ အထက်က လူကြီးတွေက ပွဲလုပ်ချင်တာပဲသိတယ်။ ငွေက ချမပေးဘူး။ ဥပမာ ဂေါက်ရိုက်ပြိုင်ပွဲ ဧည့်ခံပွဲအတွက် အဆိုတော် ရုပ်ရှင်မင်းသား၊ မင်းသမီး ငှားခိုင်းတယ်။ ဘတ်ဂျက်တော့ ထုတ်မပေးဘူး။ အဲလိုအခါမျိုးမှာ ကိုယ်က သူတို့နဲ့ပတ်သက်တဲ့ပုံတွေပြပြီး ဒီလိုပုံတွေ အပြင်မှာ မပြန့်ရအောင် ငါတို့ သိမ်းပေးထားတယ်။ ဘာညာနဲ့ပြောလိုက်ရင် သူတို့က ငွေစကားမပြောတော့ဘဲ ပွဲအတွက် လိုက်ရတော့တာပေါ့။ မလုပ်ချင်ပေမယ့်လည်း လူကြီးတွေကျေနပ်အောင်၊ ပွဲဖြစ်အောင် လုပ်ခဲ့ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ အနုပညာရှင်အချို့၏ ညစ်ညမ်းပုံများသာမက သာမာန်အရပ်သူအရပ်သား သမီးရည်းစားအတွဲများ အတူနေထိုင်နေကြပုံများ အင်တာနက်ပေါ် ပိုမိုရောက်ရှိလာကာ ၎င်းတို့ကို ဗွီစီဒီအခွေအဖြစ် ကူးယူဖြန့်ချိ ရောင်းချမှုများ ပြည်တွင်း၌ တွင်ကျယ်လာနေကြောင်း သိရသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
သမီးရည်းစားများအတွဲ
ကျော်ဇင်မြတ် (203.81.64.xxx) 19-10-2009 15:58:51
တုံ့ပြန်
|
ရည်ညွှန်း
8
0
fox (220.255.7.xxx) 18-10-2009 09:08:26
NO GOOD.BUT I SEE
တုံ့ပြန်
|
ရည်ညွှန်း
0
0
fox (220.255.7.xxx) 18-10-2009 09:07:11
တုံ့ပြန်
|
ရည်ညွှန်း
0
0
any news
phyuhsin (Registered) 15-08-2009 06:31:05
တုံ့ပြန်
|
ရည်ညွှန်း
0
0
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။