အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက် ကြီးမားကျယ်ပြန့်လာ
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > အောင်ထက်/ခောတ်ပြိုင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၈ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအောက်ဘက်ရှိ ပြည့်တန်ဆာဈေးကွက်သည် တစထက်တစ ပိုမိုကြီးမားလာနေပြီး ပြည့်တန်ဆာလုပ်သူများ ပိုမိုများပြားလျက်ရှိသည်။
မင်္ဂလာဈေးဝင်းအတွင်းရှိ မင်္ဂလာဈေးသစ်အဆောက်အအုံ၌ ရွှေမြို့တော် အအေးခန်းဧည့်ရိပ်သာနှင့် ကာရာအိုကေများ၊ ဂျေဂျေ နိုက်ကလပ်နှင့် လပ်ကီးအနှိပ်ခန်းမကြီးတို့ကို တခမ်းတနား ဖွင့်လှစ်ထားရှိသည်။
ဈေးဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့်နေရာများတွင်လည်း ပြည့်တန်ဆာ မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး ပျော်ပါးလိုသူများက ၎င်းတို့အား ပျော်ပါးကြေး ကျပ် (၁) သောင်းခွဲနှင့် (၂) သောင်းကြား ပေးကာ တည်းခိုခန်းများသို့ ခေါ်ယူပျော်ပါးကြကြောင်း ပြည့်တန်ဆာထိန်း လူငယ်တဦးက ပြောသည်။
၎င်းက “အဲလိုဆိုင်တွေမှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေက (၁ဝဝ) လောက်ရှိတယ်၊ ပြည့်တန်ဆာထိန်း (ခေါင်း) က အယောက် (၃ဝ) လောက်ရှိတယ်။ လာခေါ်တဲ့ဧည့်သည်များရင် များသလို ဈေးသည်တွေရော သူတို့ကိုလိုက်ပို့ပေးရတဲ့ အငှားယာဉ်သမားတွေရော အရမ်းအလုပ်ဖြစ်ကြတယ်” ဟု ပြောသည်။
တိုင်းရဲ၊ တာဝန်ကျ စခန်းရဲ၊ သတင်းတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအပါအဝင် လုံခြုံရေးအဖွဲ့အစည်းများအား ပြည့်တန်ဆာထိန်းများ က သူ့အုပ်စုနှင့်သူ အလှည့်ကျ ညစဉ် လိုင်းကြေးပေးဆောင်ကြရကြောင်း၊ တည လိုင်းကြေးစုစုပေါင်း (၁) သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။
နာဂစ်အပြီး ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီးများ၊ ၂ဝဝ၉ ခု နှစ်ဦးပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ပိတ်သိမ်းလိုက်ရသောစက်ရုံ၊ အလုပ်ရုံများမှ ရောက်လာကြသည့် အမျိုးသမီးများကြောင့် မင်္ဂလာဈေး အောက်ဘက် ပြည့်တန်ဆာဈေးကွက်မှာ ယခင်ထက် နှစ်ဆခန့်များလာကြောင်း အဆိုပါ ပြည့်တန်ဆာထိန်းလူငယ်က ပြောသည်။
မင်္ဂလာတောင်ညွန့်ရပ်ကွက်အတွင်း နေထိုင်သူတဦးက “ညနေ (၆) နာရီကျော် (၇) နာရီဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ လမ်းတောင် ဖြတ်မလျှောက်ရဲလောက်အောင် အရှက်နည်းတဲ့ မြင်ကွင်းတွေ တွေ့နေရတယ်” ဟု ပြောသည်။
နေ့လယ်ဘက်ရောင်းချသော အထည်ဆိုင်ရှင်တဦးကမူ နေ့လုံခြုံရေး၊ ညလုံခြုံရေးများ ရှိနေသည့်ကြားမှ ဈေးတာဝန်ခံရုံးအနီး၌ ယခုကဲ့သို့ ပြည့်တန်ဆာဈေးကွက် ကြီးမားနေခြင်းဖြစ်သည်ဟု ပြောသည်။
၎င်းက “ရန်ကုန်မြို့ရဲ့ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေတဲ့ ဒီလိုဈေးကွက်ကို နှိမ်နင်းနိုင်မယ့် အာဏာပိုင်အဖွဲ့အစည်း မရှိတာဟာ တရားရေးအားနည်းတဲ့ ပြရုပ်တခုပဲ” ဟု ဝေဖန်သည်။
အဆိုပါ မင်္ဂလာဈေးအောက်ဘက်မှ ပြည့်တန်ဆာဈေးကွက်နှင့် ကမ်းနားလမ်း (ယခင် ၆ ထပ်ရုံး) အောက်ဘက်ရှိ ပြည်တွင်းသုံးငွေချင်း ဖလှယ်သည့် ဈေးကွက်တို့မှာ ရန်ကုန်မြို့၏ထင်ရှားသည့် တရားမဝင် မှောင်ခိုဈေးကွက်တို့ဖြစ်သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ဝေဖန်သုံးသပ်ချက်
uminhtwe (203.81.64.xxx) 21-07-2009 12:37:27
မင်္ဂလာဈေးတင်မကပါဘူး ဒါမျိုးဆိုတာ နိုင်ငံတကာမှာလဲရှိကြပါတယ်၊ရေးကြီးခွင်ကျယ် လုပ်မနေပါနဲ့ကွာ
တုံ့ပြန်
|
ရည်ညွှန်း
1
0
ဟား..ဟား
no name (77.30.125.xxx) 10-07-2009 14:57:28
အဲ လောက်မဆိုးပါဘူးဗျာ ..တကယ်မရောက်ဖူးမှန်းသိသာလိုက်တာ အကြားလေးနဲ့ ထင်တာမရေးပါနဲ့
တုံ့ပြန်
|
ရည်ညွှန်း
0
0
free burma
t88kh88 (99.33.92.xxx) 09-07-2009 02:53:23
တုံ့ပြန်
|
ရည်ညွှန်း
1
0
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား
စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်
ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား
ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်စု ကန့်ကွက်
လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 2 ဦး အွန်လိုင်း ရှိနေသည်။