ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာအလုပ်သမားများ ဒဏ်ရာရ

သတင်း - ပြည်ပသတင်း သတင်းရင်းမြစ် > ကိုေထြး/ဧရာဝတီ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်တွင် ယမန်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင် လာသော ကား မတော်တဆ တိမ်းမှောက်သောကြောင့် အလုပ်သမား ၁ဝဦး ဒဏ်ရာရရှိ၍ တကွန်ပါ ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။

ကားပေါ်တွင် ယာဉ်မောင်း အပါအဝင်  မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၉)ဦး လိုက်ပါ လာခဲ့ပြီး ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခွင့် အလုပ်သမားလက်မှတ်အတွက် ဆေးစစ်ရန် သွားရောက်ရာမှ ယခု ကဲ့သို့ ဖြစ်ပွားခဲ့ ခြင်းဖြစ် သည်ဟု ယင်းကားပေါ်တွင်လိုက်ပါခဲ့သူ ကိုဝင်းနိုင်က ဧရာဝတီသို့ပြောသည်။

ကိုဝင်းနိုင်က“ ကားဆရာက ကွေ့လိုက်တာ စီယာတိုင်ကို မထိန်းနိုင်တော့ပဲ သစ်ပင်နဲ့ ဝင်တိုက်မိတာ၊ လတ်မှတ် လုပ်တဲ့နေရာကို အသွားမှာဖြစ်တာ၊ ကျနော်ကတော့ ခေါင်းထိသွားတော့ နည်းနည်းမူးနေတယ်၊ ဆေးကုသ စရိတ်ကိုတော့ လက်မှတ်လုပ်ပေးတဲ့ ပွဲစားက ဘာမှ မပူနဲ့လို့ပြောတယ်”ဟု ဆိုသည်။

အဆိုပါ ကားမတော်တဆမှုကြောင့် အသက် ၂နှစ်အရွယ် ကလေးငယ်တဦးနှင့် အောင်မင်းထက်ဆိုသူ ၂ဦးမှာ ဒဏ်ရာပြင်းထန်သည့် အတွက် တပါကွန် ဆေးရုံမှနေ၍ ဖူးကက်ခရိုင် ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေကြောင်း ဖန်ငခရိုင်အတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော(GHRED)မှ ကျန်းမာရေးမှူး ဦးအောင်ကြည်က ပြောသည်။

ဦးအောင်ကြည်က “ဒီနေ့ ကျနော် ဖူးကက်ဆေးရုံကို ဖုန်းဆက်ကြည့်တော့ ဆေးရုံကို လွှဲလိုက်တဲ့ ၂ယောက်ထဲက အောင်မင်းထက်ရတဲ့ ဒဏ်ရာက ပြင်းတယ် လို့ပြောတယ်၊ အခင်းဖြစ်ကတည်းက အခုချိန်ထိ သတိမရသေးဘူး၊ အောက်ဆီဂျင် ပိုက်ဖြုတ်တာနဲ့ သေမယ့် သဘောမှာရှိနေတယ်လို့ ပြောတယ်” ဟု ပြောပြသည်။

ယင်းကားမတော်တဆဖြစ်ရပ်တွင် ပါဝင်သော အလုပ်သမားများ၏ အကျိုးခံစားခွင့်နှင့် ပတ်သက်ပြီး GHRED က တာဝန်ယူ ဆောင်ရွက် ပေးနေကြောင်း သိရသည်။  

“ကားမတော်တဆမှုဆိုတော့ သူတို့ကို အာမခံကုမ္ပဏီက ငွေပေးမယ့်အစီအစဉ် ရှိနေတယ်၊ အဲဒါကို ကျနော်တို့   GHRED က တာဝန်ရှိသူတဦးကဆောင်ရွက်ပေးနေတယ်”ဟု ဦးအောင်ကြည်က ဆက်ပြောသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 13 ဦး အွန်လိုင်း ရှိနေသည်။