ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ

သတင်း - ပြည်ပသတင်း သတင်းရင်းမြစ် > ႐ုိင္မေရာ့/IMNA ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက ထက်ဝက်ကျော်ကျဆင်းသွားသည့် ရာဘာဈေးသည် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာနေသည်ဟု ထိုင်းနိုင်ငံ ရာဘာခြံတွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။

“ဇူလိုင်လလောက်မှာ ရာဘာဈေးက စတက်လာတယ်၊ ဒါပေမယ့် တစ်နယ်နဲ့ တစ်နယ်နဲ့တော့မတူဘူး၊ ဘာပဲဖြစ်ဖြစ်လေ ဒီလို ရာဘာဈေးတွေတက်လာတော့ ကျနော်တို့အတွက် အဆင်ပြေတယ်” ဟု ဟတ်ယိုင်းခရိုင်တွင် ရော်ဘာအစေးခြစ်နေသည့် မွန်အလုပ်သမားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ထိုင်းနိုင်ငံ၏ ရာဘာဈေးသည် တစ်ကီလိုလျင် ၇ဝ ဘတ်ရှိပြီး၊ လွန်ခဲ့သည့် ၂ဝဝ၈ ခုနှစ်လဆန်းပိုင်းမှာ တစ်ကီလို ၁ဝဝ ဘတ်ကျော်မှ အောက်တိုဘာလလောက်မှစပြီး တစ်ကီလို ၄ဝ ဘတ်ထိကျဆင်းလာသည်။

“ကျမတို့ခြံရှင်တွေ ပြောတာက ဒီထက်တက်ဖို့ရှိသေးတယ်၊ ကျမတို့လည်း ဒီထက်ပိုတက်ဖို့ မျော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရာဘာဈေးကျပြီးကတည်းက အိမ်ကိုလည်း ပိုက်ဆံ သိပ်မပို့နိုင်ဘူး၊ အိမ်လည်း အခတ်ခဲဖြစ် ကျမတို့လည်း အခတ်ခဲဖြစ်တယ်၊ လုပ်ရသလောက် စားစရိတ်အတွက်တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု သားသမီးကို ဌာနေရှိ မိဘများထံတွင် အပ်နှံပြီး ထိုင်းနိုင်ငံတွင် ရာဘာခြစ်နေသည့် အိမ်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်နှစ်နှောင်းပိုင်းလောက်က ရာဘာဈေးအဆမတန်ကျဆင်းလာခြင်းကြောင့် ရာဘာကို မှီခိုလုပ်ကိုင်နေကြသည့် မွန်ပြည်နယ်အတွင်းရှိ ရာဘာလုပ်သားများအပါဝင် ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများလည်း အခတ်ခဲကြုံတွေ့နေကြသည်။

ထိုင်းနိုင်ငံတွင် ယခုလို ရာဘာဈေးတက်နေသော်လည်း မြန်မာနိုင်ငံတွင် ရာဘာကို အဓိကထား လုပ်ကိုင်နေသည့် မွန်ပြည်နယ်မှာ မနှစ်က မိုးရာသီအဝင်မှာ ရာဘာတစ်ပေါင်လျင် ၁၄ဝဝ ကျပ်ထိရှိရာ ၄င်းမှဈေးကျဆင်းလာကာ ၄ဝဝ ကျပ်ဝန်းကျင်ထိကျသွားသည်။ မတ်လမှစပြီး တစ်ပေါင်ကို ၆၅ဝ ကျပ်နှင့် ၇ဝဝ ကျပ် အနည်းငယ်တက်သွားပြီး ယခုချိန်ထိ ဈေးငြိမ်နေသည်။

စိုက်ပျိုးရေးမန်နေဂျာဟောင်းတစ်ဦးကလည်း ဒီလိုရာဈေးအဆမတန်ကျဆင်းနေတာဟာ အတိကျတော့မသိပေမဲ့လည်း ကမ္ဘာ့ဈေးကွက်ကြောင့်လို့ ပြောနိုင်တယ်၊ ရာဘာကို အဓိကအားထားနေသည့် မွန်ပြည်နယ်မှာဆိုလျင် အခက်ခဲဖြစ်နိုင်သည်ဟု သူက ပြောသည်။

၂ဝဝ၆-၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ရာဘာစိုက်ပျိုးမြေဧက ၇ သိန်းကျော်ရှိပြီး အတွက်တန်ချိန် ရ သောင်းကျော် ထွက်ရှိသည့်အနက် တန်ချိန် ၆ သောင်းကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်၊

မြန်မာနိုင်ငံအတွင်း တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရာဘာအများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး ၂ဝဝ၇ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် ရာဘာစိုက်ပျိုးမြေဧက ၄ သိန်းပြည့်မီရန် လျာထားချက်ရှိသည်ဟု စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ကမ္ဘာမှာ ရာဘာဝယ်လိုအား အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရာဘာများကို ရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ အများဆုံးတင်ပို့ကာ ဈေးကွက်ရရှိ လျက်ရှိသည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 8 ဦး အွန်လိုင်း ရှိနေသည်။