အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
နိုင်ငံတကာစိုးရိမ်မှု ပပျောက်ရေး မြန်မာဝန်ကြီးချုပ်ကို ကိုရီးယား သမတတိုက်တွန်း
သတင်း
-
ပြည်ပသတင်း
သတင်းရင်းမြစ် > လြတ္လပ္တဲ့ အာရွအသံ
အင်္ဂါနေ့၊ ဇွန်လ ၂ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက အရေးယူ ဆောင်ရွက်နေတာကို ကမ္ဘာက စိုးရိမ်မကင်း ဖြစ်နေရတဲ့အတွက် ဒါကို ဖြေရှင်းပေးဖို့ တောင်ကိုရီးယား နိုင်ငံက ဒီနေ့ ဇွန်လ ၂ရက်မှာ တောင်းဆိုလိုက်တယ်လို့ ဆိုးလ်မြို့မှာ ရှိတဲ့ သမတရုံးက ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျေးဂျူး အပန်းဖြေကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများအသင်းနဲ့ တောင်ကိုရီးယား ထိပ်သီးညီလာခံ ပြင်ပမှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ သီးသန့်တွေ့ဆုံချိန်မှာ တောင်ကိုးရီးယား သမတ Lee Myung-Bak က အဲဒီလို ပြောကြားလိုက်တာပါ။
မြန်မာစစ်အစိုးရဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖြစ်စဉ်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရာက တဆင့် ဒီမိုကရေစီရေးနဲ့ အမျိုးသားညီညွတ်ရေး တည်ဆောက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်နေတာကို ပပျောက်အောင် လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း တောင်ကိုရီးယား သမတက ပြောကြားတယ်လို့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ သမတရုံး ကြေညာချက်မှာ ပါရှိပါတယ်။
ကြေညာချက်မှာ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုဆိုတာကို အကျယ်တဝင့် ရှင်းလင်းမပြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ အရေးယူဆောင်ရွက်နေပုံကို ရည်ညွှန်း ပြောဆိုတာလို့ အစိုးရတာဝန်ရှိသူ တယောက်က ပြောပါတယ်။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ် Abhisit ဟာ ဒီထိပ်သီးညီလာခံ ပြင်ပမှာ မြန်မာ့အရေးကိစ္စ ဆွေးနွေးဖို့ ကြိုးပမ်းပေမဲ့ ညီလာခံ တက်ရောက်လာတဲ့ တချို့ ခေါင်းဆောင်တွေဟာ အစီအစဉ်တွေ အပြည့်ရှိနေတဲ့အတွက် သူ့ကြိုးပမ်းချက်က မအောင်မြင်ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယား-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပြင်ပမှာ တောင်ကိုရီးယား သမတဟာ ဗီယက်နမ်သမတ၊ ဖိလစ်ပိုင်သမတနဲ့ ထိုင်းဝန်ကြီးချုပ်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးတဲ့အကြောင်း သမတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းနဲ့ တရားစွဲဆိုတာဟာ ဟန်ပြ တရားစွဲဆိုတာလို့ အမေရိကန်သမတ အိုဘားမားက ပြောကြားသလို ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဥရောပ သမဂ္ဂက ထပ်မံတောင်းဆိုထားပါတယ်။
အာဆီယံ-တောင်ကိုရီးယား ထိပ်သီးညီလာခံပြင်ပမှာ တောင်ကိုရီးယား သမတ Lee Myung-Bak ဟာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ကမ္ဘာက စိုးရိမ်ပူပန်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို အရင်က ဒီလိုမျိုး ပြောဆိုတာမျိုး မရှိတဲ့အကြောင်း NLD လွတ်မြောက်နယ်မြေ တောင်ကိုရီးယား ဌာနခွဲ ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်ထွန်းက ပြောပါတယ်။ ကိုရန်နိုင်ထွန်းကို RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရီးယား ယဉ်ကျေးမှု ခေတ်စားနေပါတယ်လို့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီးကို ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး ကိုရီးယားရောက် မြန်မာတွေနဲ့ ပြည်တွင်းက မြန်မာတွေရဲ့ အမြင်ကို RFA မှ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာအလုပ်သမားများ ဒဏ်ရာရ
ဘန်ကောက်မှ မြန်မာတချို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ဆန္ဒပြ
မလေးရှား အချုပ်ခန်းမှ မြန်မာများ စိုးရိမ်ရ
7th July အထိမ်းအမှတ်ပွဲများ ထိုင်းနိုင်ငံတွင် ကျင်းပ
Kang Nam 1 သူ့နိုင်ငံဆိပ်ကမ်းကို ပြန်ရောက်သွားပြီ
7th July အထိမ်းအမှတ်ပွဲများ ထိုင်းနိုင်ငံတွင် ကျင်းပ
ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်
A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူ ထိုင်းမှာ ၂၂၇၂ ဦး ရှိပြီ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 2 ဦး အွန်လိုင်း ရှိနေသည်။