A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူ ထိုင်းမှာ ၂၂၇၂ ဦး ရှိပြီ

သတင်း - ပြည်ပသတင်း သတင်းရင်းမြစ် > ကိုဝုိင္း/မဇၩိမ တနင်္လာနေ့၊ ဂျူလိုင်လ ၆ ရက် ၂၀၀၉ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံတွင် A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူပေါင်းမှာ လွန်ခဲ့သည့် ၂ လကျော် ကာလအတွင်း လူပေါင်း ၂၂၇၂ ဦးရှိခဲ့ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထိုင်းသတင်းဌာနများကို ယနေ့ ပြောဆိုလိုက်သည်။

ယနေ့တွင် ရောဂါပိုးကူးစက်ခံရသူ လူနာအသစ် ၁၉၆ ဦး ထပ်မံ တွေ့ရှိရသဖြင့် ဧပြီလ ၂၈ ရက်နေ့မှ ယနေ့အထိ ကူးစက်ခံရသူပေါင်း ၂၂၇၂ ဦးသို့ မြင့်တက်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်ဟု  သတင်းစာများက ဆိုသည်။

“ဒီရောဂါပိုးဟာ အခုလအတွင်းမှာ ပိုပြီး ပျံ့နှံ့ကူးစက်ဖို့ ရှိပါတယ်။ အထူးသဖြင့် လူကနေ လူချင်း ကူးစက်မှာပါ” ဟု ဝန်ကြီး ဝိထာရ ကယောက်ပါရိုင်ဒိုင် Witthaya Kaewparadai က ပြောဆိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံအရှေ့ဘက်ရှိ ရာခ်ျဘူရီ Ratchaburi ခရိုင်အတွင်း A (H1N1) တုပ်ကွေးရောဂါဖြင့် ယခုလ ၄ ရက်နေ့တွင် သေဆုံးခဲ့ပြီးနောက် တိုင်းပြည်တွင်း ယခုရောဂါပိုးဖြင့် သေဆုံးသူပေါင်းမှာလည်း ၇ ဦးရှိပြီဟု ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဤသည်မှာ ကူးစက်ခံရသူ စုစုပေါင်း ဦးရေအနက် ၂၂၃၀ ဦးသည် ပြန်လည် ကျန်းမာလာကြပြီဖြစ်ကာ၊ ၃၅ ဦးမှာမူ ဆေးရုံတွင် ကုသမှု ဆက်လက် ခံယူနေကြပြီး ၇ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၇ ဦးမြောက် သေဆုံးခဲ့သူ၏ အမည်နှင့် အသက်ကို ထိုင်းသတင်းများတွင် ဖော်ပြထားခြင်း မရှိပါ။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၅၆ ခုတွင် A (H1N1) ရောဂါပိုး ပျံ့နှံ့နေပြီး ကူးစက်မှုခံရသူ လူနာအသစ်များမှ ၁၆၀ ဦးမှာ ပညာသင်ကြားနေသူများ ဖြစ်သည်။

နိုင်ငံပေါင်း ၇၀ ကျော်၌ A (H1N1) ရောဂါပိုးကူးစက်မှု ၉၄၅၁၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၂၉ ဦး ရှိသွားပြီဖြစ်သည်။

မြန်မာ့အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံတွင် ၂၀၄၀ မှု၊ အိန္ဒိယတွင် ၁၂၉ မှု၊ ဘင်္ဂလားဒေ့ရှ်တွင် ၁၈ မှု၊ လာအိုတွင် ၅ မှု ရှိသွားပြီဖြစ်သော်လည်း သေဆုံးသူ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး - WHO က ဖော်ပြသည်။



စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 2 ဦး အွန်လိုင်း ရှိနေသည်။