7th July အထိမ်းအမှတ်ပွဲများ ထိုင်းနိုင်ငံတွင် ကျင်းပ

သတင်း - ပြည်ပသတင်း သတင်းရင်းမြစ် > မဇၩိမသတင္းဌာန အင်္ဂါနေ့၊ ဂျူလိုင်လ ၇ ရက် ၂၀၀၉ ခုနှစ်


ချင်းမိုင်။     ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ၄၇ နှစ်မြောက် 7th July ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ်ပွဲများကို မြို့တော် ဘန်ကောက်နှင့် နယ်စပ်ရှိ မဲဆောက်မြို့တွင် ယနေ့ ကျင်းပကြသည်။

၁၉၆၂ ခု ဇူလိုင် ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ကျောင်းသား အခွင့်အရေးဆိုင်ရာ တောင်းဆိုဆန္ဒပြရာ အာဏာရှင်ဟောင်း ဦးနေဝင်း၏ တပ်များက ပစ်ခတ်ဖြိုခွင်းခဲ့သည်ကို အထိမ်းအမှတ်အဖြစ် ကျင်းပလေ့ရှိသည့် 7th July ဆန္ဒပြပွဲနှင့် အခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ နေ့ခင်းပိုင်း ဆန္ဒပြပွဲနှင့်ပတ်သက်၍ “နှစ်ဆယ်ရာစုခေတ် ရောက်လာတဲ့အခါ လူငယ်လေးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူမှန်းတောင် မသိကြဘူး။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူဆိုတာလဲ မသိကြဘူး။ အဲဒါကြောင့်မို့ သမိုင်းတခု ပျောက်ပျက်သွားမှာ စိုးရိမ်တဲ့အတွက် ကျနော်တို့ လှုပ်ရှားခြင်းဖြစ်ပါတယ်” ဟု ဘန်ကောက် အခြေစိုက် ပြည်ပရောက်အမျိုးသား ကျောင်းသားများအဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ကိုမြင့်ဇူက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများက လွန်ခဲ့သည့် ၄၈ နှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အဦပုံ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ၊ ၈၈ လူထုအရေးတော်ပုံ၌ သွေးမြေကျခဲ့ရသည့် ကျောင်းသား ပြည်သူများ၏ ဓာတ်ပုံများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများ၏ ပထမဆုံး ဆန့်ကျင်ဆန္ဒပြပွဲဖြစ်သည့် 7th July ပေါ်ပေါက်ခဲ့သည်။

ထိုဆန္ဒပြပွဲအတွင်း ကျောင်းသား အများအပြား သေဆုံး၍ အမြောက်အမြား ဒဏ်ရာရခဲ့ပြီး၊ နောက်တရက် နံနက်တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူ ၃၅ ဦးခန့်က ကျောင်းသားရေးရာဌာနများ ဖွင့်လှစ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းပြီး အမျိုးသားရင်ကြားစေ့ရေး အလျင်အမြန် အကောင်အထည် ဖော်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ SAW အထက်တန်းကျောင်းတွင် နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ အခမ်းအနားတရပ် ကျင်းပရာ SAW ကျောင်းနှင့် အခြားကျောင်းများမှ ကျောင်းသားများနှင့် နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ခေတ်အဆက်ဆက်မှာ ဦးဆောင်ခဲ့တဲ့ နောင်တော် ကျောင်းသားတွေရဲ့ အကြောင်း။ ကျောင်းသားဆိုတာ လူထုတိုက်ပွဲရှေ့ကနေ မားမားမတ်မတ် ရပ်ခဲ့တဲ့ အကြောင်းအရာတွေရယ်၊ ကျောင်းသားဆိုတာ မဟုတ်မခံ စိတ်ဓာတ်ရှိတယ်၊ ဖြူစင်တယ်၊ ရဲရင့်တယ်၊ အမှန်တရားဘက်က အမြဲတမ်း ရပ်တည်တယ် ဆိုတာကို မျိုးဆက်သစ် ကျောင်းသားတွေကို လက်ဆင့်ကမ်း အမွေပေးတာပါ” ဟု SAW ကျောင်းမှ ပညာရေးတာဝန်ခံ ကိုမင်းမင်းက မဇ္ဈိမကို ပြောသည်။

7th July အထိမ်းအမှတ်ပွဲများကို အခြားသော ပြည်ပနိုင်ငံများတွင်လည်း ပြုလုပ်ခဲ့ကြသည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 2 ဦး အွန်လိုင်း ရှိနေသည်။