Kang Nam 1 သူ့နိုင်ငံဆိပ်ကမ်းကို ပြန်ရောက်သွားပြီ

သတင်း - ပြည်ပသတင်း သတင်းရင်းမြစ် > ဧရာဝတီ အင်္ဂါနေ့၊ ဂျူလိုင်လ ၇ ရက် ၂၀၀၉ ခုနှစ်


မြန်မာနိုင်ငံသို့ တရားမ၀င် လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မြောက် ကိုရီးယား Kang Nam 1 သင်္ဘောသည် ၎င်းနိုင်ငံရှိ နမ်ပိုဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိသွားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့မှ စတင်၍ မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး မြန်မာပြည် သို့ ဦးတည်လာသည်ဟု ခန့်မှန်းခဲ့ကြပြီးနောက် ရုတ်တရက် ပြန်လည်ထွက်ခွာခဲ့ရာ ယခုအခါ ၎င်းနိုင်ငံ ဆိပ်ကမ်းတွင် ပြန်လည် ရောက်ရှိနေ ခြင်းဖြစ်သည်။

၎င်း Kang Nam 1 သင်္ဘောသည် တရားမ၀င် လက်နက် ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရပြီး အမေရိကန် စစ်သင်္ဘောတစီးကလည်း ယင်းသင်္ဘောကို နောက်ယောင်ခံ လိုက်လျှက်ရှိရာ ပါလာသည့် ကုန်ပစ္စည်းများ ပေးပို့ခြင်းမရှိဘဲ မိမိလာရာ ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားပြီဟု ယူဆရကြောင်း တောင်ကိုရီးယား နိုင်ငံမှ တာဝန်ရှိသူတဦး၏ စကားကို ကိုးကား၍ AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

Kang Nam 1 မြောက်ကိုရီးယား သင်္ဘောပေါ်တွင် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် လာနိုင်သည်ဟု လေ့လာသူများက ယူဆခဲ့ကြသည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက “မြောက်ကိုရီးယား အနောက် ဖက် ကမ်းရိုးတန်းမှာ ရှိတဲ့ နမ်ပို ဆိပ်ကမ်းကို ပြန်ရောက်သွားပြီ” ဟု ပြောကြားခဲ့ကြောင်း ၎င်းသတင်း၌ ရေးသားထားသည်။

သို့သော် သင်္ဘောရောက်ရှိခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် ရရှိရန် ကြိုးစားနေဆဲဖြစ်သည် ဟုလည်း ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော အမေရိကန် ရေတပ် စစ်ဆင်ရေး၏ ကြီးအကဲ ဗိုလ်ချုပ်ကြီး Gary Roughead က မြောက်ကိုရီးယား သင်္ဘော လှည့်ပြန်ခဲ့ခြင်းက ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ ထိရောက်မှုရှိကြောင်း ဖော်ပြနေသည်ဟု ပြောကြားသည်။

“ကျနော့် အနေနဲ့ ဒီဖြစ်စဉ်ဟာ နိုင်ငံတကာ အသိုင်းအ၀န်းက ပူးပေါင်းဆောင်ရွက်လို့ ဆိုတာ ယုံကြည်တယ်”ဟု ၎င်း ဗိုလ်ချုပ်ကြီး Gary Roughead က ဆိုသည်။

မြောက်ကိုရီးယားသည် မေလက နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင် စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခြင်း ခံခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိရမည် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နျူကလီးယားလက်နက် စမ်းသပ်သည့် မြောက်ကိုရီးယားကို လက်နက်တင် ပို့ရောင်းချမှု တားမြစ်ရန် သဘောတူ ဆုံးဖြတ်ပြီး နောက်ပိုင်း ယင်းသင်္ဘောသည် ပထမဆုံး အကြိမ် စောင့်ကြည့် ခံရသည့် သင်္ဘော ဖြစ်သည်။

မြန်မာ စစ်အစိုးရက ထိုသင်္ဘောနှင့် ပတ်သက်ပြီး မသိရှိကြောင်း ငြင်းဆိုထားရာ ပည်ပ သတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ သတင်း တစုံတရာ မရရှိကြောင်း၊ သို့သော် လည်း ဆန်တန်ချိန် ထောင်ပေါင်းများစွာ လာရောက်သယ်ဆောင်မည့် မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစီး မြန်မာပြည်သို့ လာရောက်မည်ဖြစ်ကြောင်း အစိုးရ၏ သတင်းဌာနက ဖော်ပြခဲ့သည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 1 ဦး အွန်လိုင်း ရှိနေသည်။