အင်္ဂလိပ်ဆိုဒ်
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပံ္ပ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ
သတင်း
-
နိုင်ငံရေး
သတင်းရင်းမြစ် > မဇၩိမသတင္းဌာန
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ချင်းမိုင် ။ ။ ပဲခူးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုံ့ဆော်စာများကို ယနေ့နံနက်ပိုင်းက ဖြန့်ကျဲခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။
A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသားထားသည့် စာရွက်များကို မြို့တွင်း ကားလမ်းမများ၊ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် မြို့ခံများအနေဖြင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
“၆ ရက်၊ ၈ လ၊ ၈၈။ အောက်မှာ စာပိုဒ် ၂ ပိုဒ်။ အပေါ်ပိုဒ်က ၄ ကြောင်း ရေးထားတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်တွေ မရှိတော့ရင်တောင်မှ ကျွန်ုပ်တို့ရဲ့ ဝိဉာဉ်တွေက ဆက်လက်ရှင်သန်နေမှာပါတဲ့။ နောက်တပိုဒ်က ၆-၈-၈၈ ပဲခူးမြေမှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေ သွေးမြေကျတဲ့နေ့ကို သင်တို့ မေ့ထားနိုင်ပြီလားတဲ့။ အောက်က ၈၈ ဝိဉာဉ်များ ဆိုပြီးတော့ ရေးထားတာ တွေ့တယ်” ဟု ၎င်းစာရွက်အား ရရှိသည့် မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ယနေ့နံနက်အစောပိုင်းတွင် ရွှေမော်တော ဘုရားလမ်းမကြီးနှင့် သနပ္ပင်လမ်းမပေါ်၌ အဆိုပါ စာရွက်များ တွေ့ရှိခဲ့သည်ဟု အခြား မြို့ခံတဦးကလည်း ပြောသည်။
နောက်ပိုင်းတွင် ၎င်းစာရွက်များကို ရဲများက လိုက်လံရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ရှိခဲ့သည်။
အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ရဲတဦးက “ဟုတ်ပါတယ်ခင်ဗျ။ သူက ကဗျာလိုလို၊ ဘာလိုလို စာတိုင်လေး ပါတယ်။ ဘယ်သူတွေ ကျဲသွားတာလဲတော့ မသိဘူးဗျ။ ရှစ်လေးလုံး စာတော့ မဟုတ်ပါဘူး ခင်ဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။
၁၉၈၈ ခု သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာပြည်တဝှန်းရှိ မြို့နယ်အများအပြားတွင် ဒီမိုကရေစီရေး ဆန္ဒပြပွဲများ ဖြစ်ပွားရာ စစ်တပ်က ပစ်ခတ်သဖြင့် လူဦးရေ ၃ ထောင်ကျော် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။
ထိုနေ့မတိုင်ခင် ၂ ရက်အလို၊ သြဂုတ်လ ၆ ရက်နေ့တွင် ပဲခူးမြို့၌လည်း ကျောင်သားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားရာ စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးမှုများ ရှိခဲ့သည်။
ယခုလို ရှစ်လေးလုံး နှစ်ပတ်လည်နေ့များတွင် ပဲခူးမြို့၌ အလားတူ လှုံ့ဆော်စာများ နှစ်စဉ် ဖြန့်ကျဲလေ့ရှိသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ကျော်သူရ (203.170.206.xxx) 06-10-2009 06:00:33
တုံ့ပြန်
|
ရည်ညွှန်း
0
1
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်
အကြောင်းအရာတူ
ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ် လက်မခံ
ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ
ဘန်ကီမွန်းခရီးစဉ် မအောင်မြင်သော်လည်း အဖွဲ့ချုပ်က ရှေ့ဆက်မည်ဟုဆို
ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲရက် သတ်မှတ်
ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရက် ချိန်းဆို
ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရုံးချိန်း
မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ
ဘန်ကီမွန်းနှင့် တွေ့ဆုံသည့်အပေါ် ကျေနပ်မှုမရှိဟု NLD ပြော
ရွှေဂုံတိုင် ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 13 ဦး အွန်လိုင်း ရှိနေသည်။