ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို

သတင်း - နိုင်ငံရေး သတင်းရင်းမြစ် > လြတ္လပ္တဲ့ အာရွအသံ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၅ ရက် ၂၀၀၉ ခုနှစ်

UWSA ဝတပ်ဖွဲ့ တွေ အနေနဲ့ မိမိတို့ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေပြီး ပြည်နယ်ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း ဝတပ်ဖွဲ့ တပ်မှူးတဦးက RFAကို ပြောပါတယ်။ စစ်အစိုးရ အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့များ တပ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ဝခေါင်းဆောင်တွေက ငြင်းပယ်လိုက်ပြီးတဲ့နောက် စစ်အစိုးရ တပ်ဖွဲ့များရဲ့ လှုပ်ရှားမှုများ ဝနယ်များ အနီးအနားမှာ ပြီးခဲ့တဲ့ အပတ်ကစပြီး လုပ်လာချိန်မှာ ဝတပ်မှူးတဦးက RFA ကို ထုတ်ဖော်ပြောဆိုတာပါ။

ဝတပ်ဖွဲ့များအနေနဲ့ ပြည်နယ်ငြိမ်းချမ်းရေးနဲ့ အတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန် ဆောင်ရွက်လျက် ရှိရာမှာ သြဂုတ်လ ၄ရက် မနေ့က အောက်ခြေအဆင့်များရဲ့ အစည်းအဝေးတခုကို UWSA ဌာနချုပ်ရှိရာ ပန်ဆိုင်းမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ဝတပ်မှူးတဦးက ခုလိုပြောပါတယ်။

ဝတပ်မှူး။       ။ 'ပြီးခဲ့တာတော့ ပြီးသွားပါပြီ။ ကျွန်တော်တို့က ဒေသတွင်းမှာပဲ ဖွံ့ဖြိုးရေး လုပ်ငန်းလေးတွေ၊ ကျွန်တော်တို့ ကုမ္ပဏီတွေပါ၊ အခု စိုက်ပျိုးရေး ရာသီ ရောက်ပြီလေ၊ စိုက်ပျိုးရေး မိုးရာသီ ရောက်ပြီဆိုတော့ အဲဒီမှာ ဒေသတွင်းမှာ ဖြစ်တဲ့ လှေကားထစ် လုပ်ငန်းတွေ၊ ဆန်စပါး၊ ရေ ဘာညာပေါ့ဗျာ၊ ဟိုဥစ္စာ ကျွန်တော်တို့ ဒေသတွင်းရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေပဲ ဆွေးနွေး လုပ်တာပါ။ ဟို ဗဟိုအနေနဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အောက်ခြေတွေ။'

UWSA ဝတပ်ဖွဲ့များအနေနဲ့ ခေါင်းဆောင်များရဲ့ လမ်းညွှန်မှုအရ ဆောင်ရွက်နေတာ ဖြစ်ပြီး မိမိနယ်မြေကို ကျူးကျော်လာမယ်ဆိုရင်တော့ ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

ဝတပ်မှူး။       ။ 'ငြိမ်းချမ်းရေးပဲ လိုလားချင်တယ်။ စစ်ဖြစ်တာကို ဘယ်သူမှ မလိုလားချင်ဘူး။ ဒါ သူတို့ရဲ့ ဟိုဥစ္စာပေါ့၊ တကယ်လို့ ဝင်လာရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ ကိုယ့်မှာ အခွင့်အရေး ရှိပြီးသားပါ၊ အဲဒါတွေ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဘယ်သူမှ စစ်မတိုက်ချင်ပါဘူး။ တကယ်လို့ သူတို့ အဲလို ဝင်လာရင်တော့ ကျွန်တော်တို့ အခွင့်အရေးကို ကာကွယ်ဖို့ ကျွန်တော်တို့ နယ်မြေကာကွယ်ဖို့တော့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။'

ဝတပ်မှူးတဦးပြောပြတာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်အစိုးရ အရာရှိကြီးများ ပန်ဆိုင်းမြို့ကို အကြိမ်ကြိမ် သွားရောက်ပြီး တပ်များ အသွင်ပြောင်းလဲရေးကိစ္စများကို ဆွေးနွေးလျက်ရှိရာမှာ ဝခေါင်းဆောင်များက ဒီကိစ္စကို နောင်တက်လာတဲ့ အစိုးရလက်ထက်မှာမှ ဆွေးနွေးဖို့ ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်၊ ဒီအကြောင်းတွေ နဲ့ ပတ်သက်ပြီး UWSA ဝတပ်မှူးတဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
redicon (203.81.166.xxx) 18-09-2009 10:09:29
ဖတ်ချင်လို့ပါ
redicon (203.81.166.xxx) 18-09-2009 10:08:25
ဖတ်ချင်လို့ပါ
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

အကြောင်းအရာတူ

  1. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  2. နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ် လက်မခံ
  3. ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ
  4. ဘန်ကီမွန်းခရီးစဉ် မအောင်မြင်သော်လည်း အဖွဲ့ချုပ်က ရှေ့ဆက်မည်ဟုဆို
  5. ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲရက် သတ်မှတ်
  6. ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရက် ချိန်းဆို
  7. ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရုံးချိန်း
  8. မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ
  9. ဘန်ကီမွန်းနှင့် တွေ့ဆုံသည့်အပေါ် ကျေနပ်မှုမရှိဟု NLD ပြော
  10. ရွှေဂုံတိုင် ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား
ubuntu linux

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 7 ဦး အွန်လိုင်း ရှိနေသည်။