မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ

သတင်း - နိုင်ငံရေး သတင်းရင်းမြစ် > နန်းဒေဝီ/မဇ္ဈိမ ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၈ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ (မဇ္စျိမ) ။          ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၄ ဦးက  ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည့်အပေါ် ကျေနပ်အားရခြင်း မရှိကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

ယခုလ ၃ ရက်နေ့က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၄ ဦးနှင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာတွင် အရေးကြီးသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးရန် အချိန်လုံလောက်မှု မရှိသည့်အပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) ၄ ယောက်စလုံးက လုံးဝ ကျေနပ်အားရမှု မရှိဘူးလို့ ပြန်ပြောကြတယ်။ မစ္စတာ ဘန်ကီမွန်းကိုလည်း ဒီလိုအရေးကြီးတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ပြောဆိုဆွေးနွေးဖို့ အချိန်မလုံလောက်ဘူးလို့ သူတို့ ပြောခဲ့တယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “ဟဲလို၊ ဘိုင့်ဘိုင် ပြောတာနဲ့တင် ၃-၄ မိနစ် ပြည့်သွားပြီလေ” ဟု ပြောသည်။

CEC အဖွဲ့ဝင်များထဲမှ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနှင့် ဦးလှဖေက မစ္စတာ ဘန်ကီမွန်းနှင့် ၁ဝ မိနစ်ကြာ သီးခြားပြောဆိုခွင့်ရရှိရာ NLD က အချက် ၄ ချက် တင်ပြခဲ့သည်။

၎င်းအချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။

NLD ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် မစ္စတာဘန်ကီမွန်းက နှုတ်အားဖြင့် တစုံတရာ ပြန်လည်တုံ့ပြန်ပြောဆိုခြင်း မရှိသော်လည်း ခေါင်းညိတ်၍သာ နားထောင်ခဲ့ကြောင်း သိရသည်။

“အဖွဲ့ချုပ်က ပြောချင်တဲ့အချက်လေးတွေ ပြောခွင့်ရခဲ့ပေမယ့် အပြန်အလှန် ဆွေးနွေးဖို့ အချိန်မရခဲ့ပါဘူးလို့ CEC တွေက ပြန်ပြောပြတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုလ ၃ ရက်နှင့် ၄ ရက်နေ့တွင် နှစ်ရက်ကြာ နေထိုင်သွားသည့် ကုလ အတွင်းရေးမှူးချုပ်သည် သူ၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး၊ NLD ဗဟိုအလုပ်အမှုဆောင် ၄ ဦးနှင့်သာ တွေ့ဆုံခွင့်ပေးခဲ့သည်။

NLD ခေါင်းဆောင်များက ယခုလ ၂ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိသွားပြီး၊ ၃ ရက်နေ့တွင် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့ကာ၊ ၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာပြည် ခရီးစဉ်နှင့်ပတ်သက်၍ တွေ့ဆုံခွင့်ရခဲ့သူ ပါတီခေါင်းဆောင် ၄ ဦးက ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ နိုင်ငံခြားသံရုံးတချို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မစ္စတာဘန် ခရီးစဉ်နှင့် ပတ်သက်၍ ပါတီ၏ သဘောထား ကြေညာချက်တရပ်ကို မနက်ဖြန်တွင် ထုတ်ပြန်သွားမည့်အကြောင်း ပါတီ (ဗဟို) ၏ ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

ယခုခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် အောင်မြင်မှု မရှိသော ခရီးစဉ်အဖြစ် မြန်မာ့အရေး လှုပ်ရှားသူများက ဝေဖန်ကြသော်လည်း၊ မစ္စတာဘန်ကမူ အောင်မြင်မှု ရှိ၊ မရှိကို ထိုအချက် တချက်တည်းဖြင့် မပြောဆိုနိုင်ကြောင်း ပြောဆိုခဲ့သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို
  2. မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ
  3. ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ
  4. ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြား ဖေါ်ပြ
  5. နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁ဝဝဝ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
  6. ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
  7. ဖခင်အား ဖမ်းဆီးနိုင်ရန် သားဖြစ်သူဖြင့် ပြန်ပေးဆွဲ
  8. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  9. ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ
  10. သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ
  11. ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့
  12. ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်
  13. တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော
  14. မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ
  15. ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

အကြောင်းအရာတူ

  1. ဝတပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ လိုလားကြောင်း ပြောဆို
  2. နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ် လက်မခံ
  3. ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ
  4. ဘန်ကီမွန်းခရီးစဉ် မအောင်မြင်သော်လည်း အဖွဲ့ချုပ်က ရှေ့ဆက်မည်ဟုဆို
  5. ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲရက် သတ်မှတ်
  6. ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရက် ချိန်းဆို
  7. ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရုံးချိန်း
  8. မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ
  9. ဘန်ကီမွန်းနှင့် တွေ့ဆုံသည့်အပေါ် ကျေနပ်မှုမရှိဟု NLD ပြော
  10. ရွှေဂုံတိုင် ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်းဖြစ်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား
ubuntu linux

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 5 ဦး အွန်လိုင်း ရှိနေသည်။