ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရဲအရာရှိတဦး ရဲတပ်သားများဘဝ ရင်ဖွင့်ပြောကြား

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > ရဲရင့် အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂ ရက် ၂၀၁၀ ခုနှစ်


မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုဒဏ်များကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ်မှ ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည့် အဆိုပါ ဒု-ရဲအုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်အာဏာပိုင်များ၏ စေခိုင်းချက်အတိုင်း လှုပ်ရှားနေရပြီး ရဲတပ်ဖွဲ့အတွင်း၌လည်း အထက်မှ အောက်ခြေတပ်ဖွဲ့ဝင်များကို နေ့စဉ်ဖိအားပေးမှုများရှိနေသည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းနေသည်ဟု ပြောသည်။

၎င်းက “ရဲဆိုတာက ဥပဒေကြောင်းအရ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ အထက်အမိန့်အတိုင်းပဲ။ ရဲတပ်ဖွဲ့ဆိုတာက စစ်ဘက်အာဏာပိုင် တွေကို ကြောက်ရတယ်။ သူတို့ကဖမ်းဆိုရင် ဖမ်း၊ တားဆိုရင် တားပဲ။ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘူး” ဟု ပြောသည်။

တဘက်နိုင်ငံသို့ခိုးထုတ်မည့် မြန်မာရှေးဟောင်းဘုရား ဆင်းတုတော်များ အပြည့်တင်ဆောင်လာသည့် ကားတစီးကို စစ်ဆေးတွေ့ရှိခဲ့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်တဦး၏ အမိန့်ကြောင့် ပြန်လွှတ်ပေးခဲ့ရသည်ဟုလည်း အဆိုပါ ဒု-ရဲအုပ်ဖြစ်သူက ပြောသည်။

“ဒေသဆိုင်ရာစစ်ဘက်က ဖိအားပေးရာမှာ ကျနော်ဘားအံက သံလွင်တံတားထိပ်မှာ တာဝန်ကျတော့ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုရဲ့ ညီမကားနဲ့ ထိုင်းဘက်ပို့မယ်လို့ ယူဆရတဲ့ ရှေးဟောင်းဘုရား ဆင်းတုတော် (၄၇) ဆူ ဖမ်းမိတယ်။ အဲဒါကိုအထက်က မင်းတို့ဘာမှမလုပ်နဲဲ့ ပြန်လွှတ်ပေးလိုက်ဆိုတာနဲ့ ကားကိုပြန်လွှတ်ပေးလိုက်ရတယ်” ဟု ပြောသည်။

အမှုရင်ဆိုင်နေရသည့် တရားခံများကို ဥပဒေအရ အရေးယူထိုက်သော်ငြားလည်း ဒေသဆိုင်ရာ အာဏာပိုင်များ၏အမိန့်ကြောင့် ပြန်လွှတ်ပေးရမှုများလည်း ရှိသည်ဟု သိရသည်။



ရဲဝန်ထမ်းလစာနည်းပါးသဖြင့် အောက်ခြေရဲဝန်ထမ်း မိသားစုဝင်အများစုမှာ တရားမဝင်လောင်းကစားဒိုင်များမှ ပေးသည့် လစဉ်ကြေးများဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒုရဲအုပ်က လစာကျပ် (၃၃,၀၀၀) ပဲရတယ်။ အများထင်သလို အောက်ဆိုက်တွေ ဘာတွေ ရတယ်ဆိုတာက လူတိုင်း မဟုတ်ပါဘူး။ ရုံးမှာတာဝန်ကျတဲ့လူဆိုရင် ပိုဆိုးပါတယ်။ အောက်ခြေရဲတွေရဲ့ မိသားစုတွေကတော့ (၂) လုံးထီ၊ (၃) လုံးထီ၊ (၁) လုံးထီ ဒိုင်တွေကရတဲ့ အကောက်တွေနဲ့ပဲ ရပ်တည်နေကြရတယ်။ တပ်ဖွဲ့ဝင်အင်အားနည်းတော့ ညဘက်ဆိုရင် စခန်းမှာ ရဲဝတ်စုံဝတ်ပြီး ရဲသား မိန်းမတွေ ညကင်းစောင့်ကြရတယ်” ဟု ထိုရဲအရာရှိက ပြောသည်။

စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျပါက ငြိမ်းချမ်းရေးအဖွဲ့ပိုင်ကားများနှင့် မကြာခဏပြဿနာများ ဖြစ်ပွားကြောင်း၊ ပြဿနာ ဖြစ်ပါက ရဲတပ်ဖွဲ့ဝင်များသာ အရေးယူခံရကြောင်း၊ အလားတူဖိနှိပ်မှုဒဏ်များကို ဆက်၍ သီးမခံနိုင်တော့သဖြင့် ထွက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဒု-ရဲအုပ်က တတိယနိုင်ငံသို့ ထွက်ခွာမည်မဟုတ်ဘဲ မိမိတတ်နိုင်သည့်အင်အားဖြင့် မြန်မာပြည် လွတ်မြောက်ရေးအတွက် ပူးပေါင်းကူညီသွားမည်ဟု ပြောသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 19 ဦး အွန်လိုင်း ရှိနေသည်။