ကရင် ဒုက္ခသည် ၃၀၀၀ ခန့် ထိုင်းက နေရပ်ပြန်ခိုင်း

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > သန်းထိုက်ဦး ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၃ ရက် ၂၀၁၀ ခုနှစ်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို ယခုလ ၁၅ ရက်နေ့တွင် နောက်ဆုံး ထားပြီး မြန်မာပြည်သို့ ပြန်ရန် ထိုင်း အာဏာပိုင်များက အသိပေးထားသည်။

“ဒီ စခန်းထဲမှာ ၁၅ ရက်နေ့ နောက်ဆုံး ပေးမနေတော့ဘူး၊ ထိုင်းတွေက ဟိုဘက်ကမ်းမှာ အေးဆေး ပြန်နေလို့ ရတယ်ဆိုပြီး ပြန်နေ ခိုင်းထားတယ်၊ လက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေ အားလုံး ပြန်ဖို့ စိတ်ကူးရှိကြတယ်”ဟု ဒုက္ခသည်အရေး ဆောင်ရွက်သူ တဦးက ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNU လက်အောက်ခံ KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာ ကြခြင်းဖြစ်သည်။ ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များကို ပြန်ပို့ရန်အတွက် DKBA နှင့် KNLA တပ်မဟာ (၇) မှ ခေါင်းဆောင် တချို့က အားတက်သရော ဆောင်ရွက်နေ  ကြသည်ဟု နယ်စပ်ရှိ ကရင် တိုင်းရင်းသားများက ဆိုသည်။

ယခုအခါ မြန်မာ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ၎င်းဒေသများကို ထိန်း ချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင်  သည့်အတွက် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။

ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ် စပ် ဖြတ်ကျော်ခွင့်ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန် ခိုင်းလေ့ရှိသည်။

ထိုင်း စစ်ဗိုလ်ချုပ် Thanongsak Apirakyothin၏ အဆိုကို ကိုးကား၍ ဇန်နဝါရီလ ၂၅ ရက်နေ့ Thai News Agency သတင်း ရေး သားဖော်ပြချက်အရ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းမရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် မြန်မာပြည်သို့ ပြန်သွားပါက လုံခြုံ စိတ်ချရပြီ ဖြစ်ကြောင်း၊  နောက်ထပ် ယာယီခိုလှုံခွင့်နှင့် ပတ်သက်၍ ထိုင်းအစိုးရတွင် မူဝါဒ မရှိကြောင်း ပြောကြားခဲ့သည်။

နေရပ်သို့ ပြန်ရန် စီစဉ်ထားသော အသက် ၄၀ ခန့်အရွယ် အမျိုးသားတဦးက“ပြန်ခိုင်းနေပြီဆိုတော့ ပြန်လို့မရဲလည်း ပြန်ရမှာပဲ”ဟု  ပြောသည်။

ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)က မြန်မာဘက်ကမ်းသို့ ပြန်သည့် ဒုက္ခသည် များကို ဆန်၊ ငါးပိ၊ ဆား အစရှိသည်တို့အား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။   

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

ယင်း ဒုက္ခသည်များ၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်မိသောကြောင့် ယင်း အစီအစဉ်ကို ရပ်တန့်ပေးရန် လူ့အခွင့်အရေး လှုပ်ရှား သည့် အဖွဲ့များက ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း သိရသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
  2. စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
  3. သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
  4. ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
  5. (၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
  6. မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
  7. သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
  8. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  9. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  10. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  11. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  12. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  13. ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
  14. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  15. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု

အကြောင်းအရာတူ

  1. အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
  2. စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
  3. သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
  4. ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
  5. (၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
  6. မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
  7. သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
  8. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  9. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  10. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
ubuntu linux

အဖတ်များဆုံး

  1. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  2. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  3. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  4. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
  5. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  6. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  7. ကိုဖိုးဖြူ လွတ်လာပြီ
  8. နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
  9. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
  10. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  11. ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 26 ဦး အွန်လိုင်း ရှိနေသည်။