အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
သံဃာ့ တပ်ပေါင်းစုနှင့် ဆက်သွယ်သူများကို ထောင်ဒဏ်ချမှတ်
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > ရန်ပိုင်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၃ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
နိုင်ငံရေး လှုပ်ရှား တက်ကြွသူ သံဃာတော် ၃ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး ကို မကြာသေးခင် ရက်ပိုင်းတွင် စစ်အစိုးရ အင်းစိန်ထောင် အထူး တရားရုံးမှ ထောင်ဒဏ် ၆ နှစ် မှ ၉ နှစ်အထိ အသီးသီး အပြစ်ပေး လိုက်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် အမှု စစ်ဆေးနေစဉ် အတွင်း မိသားစုများ လာရောက်တွေ့ဆုံနိုင်ခြင်း မရှိကြောင်း၊ ရှေ့နေလည်းငှားရမ်းနိုင််ခြင်း မရှိသည့်အတွက် အမှုကိုအမြန်ဆုံး စီရင်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်ဟိုးက ပြောသည်။
“ ၆နှစ်ကနေ ၉နှစ်အထိ ထောင်ချခံရတယ်လို့ ရုံးချိန်းထွက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောတယ်”ဟု ၎င်းကဆိုသည်။
ယခုပြစ်ဒဏ်ချခံရသူများကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ မျိုးဆက်သစ်လူငယ်များ အဖွဲ့ စသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်သည့်အတွက် တရားမဝင် အသင်းအဖွဲ့ဆိုင်ရာ ပုဒ်မ ၇၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ပုဒ်မ ၁၃/၁၊ နိုင်ငံခြားငွေ တရား မဝင်ကိုင်ဆောင်မှုပုဒ်မ ၂၄/၁ ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဦးကျော်ဟိုးက ပြောသည်။
ပြီးခဲ့သည်နှစ် စက်တင်ဘာလအတွင်းက သံဃာတော် ၄ ပါးဖြစ်သည့် ရေနံချောင်းမြို့ ရွှေစေတီ ကျောင်းမှ ဆရာတော် ဦးဝါယမ၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့မှ ဦးရေဝတ၊ ပခုက္ကူမြို့ သာသနာ့ဝေပုလ္လာရာမ အနောက် တိုက်မှ ဦးဝိသုဒ္ဓနှင့် ဦးဃောသိတ တို့ အပါ အဝင် မန္တလေးမြို့မှ ဦးရဲမြင့်၊ ကိုညို၊ မစန္ဒာ (ခ) မသန္တာထွန်း နှင့်ပဲခူးမြို့မှ ဦးကျော်ခင်တို့ ၈ ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းဖမ်းဆီးခံရသူများတွင် ကိုညို ၊ မစန္ဒာနှင့် ဦးဃောသိတ တို့သာ NLD အဖွဲ့အား အကူအညီတောင်းသဖြင့် ရှေ့နေငှားရမ်း၍ ဥပဒေ၏ အကျိုးခံစားခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။
“အဲ့ဒီအကျဉ်းသားတွေကို ရှေ့နေလိုက်ပေးမယ်ဆိုပြီးသွားပြောတော့ SB ရဲတွေက ကျနော်တို့ကို ခင်ဗျားတို့နဲ့ မဆိုင်ဘူးဆို ပြီး မောင်းထုတ်တယ်၊တွေ့ခွင့်မပေးဘူး”ဟု ၎င်းကဆိုသည်။
ကိုညိုနှင့် မစန္ဒာတို့ကို အင်းစိန်ထောင်တွင်းထောင်ဒဏ်ကျခံနေသည့် NLD လူမှု့အထောက်အကူအဖွဲ့မှ ဒေါ်ချိုက အကူအညီ ပေးသည့်အတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် ရရှိခြင်းဖြစ်ကြောင်း၊ ဦးဃောသိတ အမှုအတွက် တခြားသော ရှေ့နေ တဦးဖြစ် သည့် ဦးကျော်ဌေးက လိုက်ပါ ဆောင်ရွက်ပေးနေကြောင်းသိရသည်။
သာသနာ့ဝေပုလ္လာရာမ အနောက်တိုက်ကျောင်း တည်ရှိရာ ပခုက္ကူ၌ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် သံဃာ ၅၀၀ ကျော် က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြား မှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။
ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ် လိုက်သည်။
စစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ စွပ်စွဲခံရပြီး ဖမ်းဆီးထားသူများအား ဥပဒေနှင့်အညီ မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေငှားရမ်းခွင့် ပေးအပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့သော ဥပဒေ၏ အကျိုးခံစားခွင့် မရရှိခြင်းသည် လူ့အခွင့်အရေး ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ယခုကဲ့သို့ ရှေ့နေမပါဘဲ စီရင်ချက်ချမှတ်ခြင်းသည် ဥပဒေကြောင်းအရလည်း တရားမဝင်ကြောင်း ဦးကျော်ဟိုးက သုံးသပ်သည်။
၂၀၀၈ ခုနှစ်အတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားများအမှု၊ NLD အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွန်း နှင့် ဦးညီပု အမှု၊ ဦးကျင်ရှင်းထန်၏သား ကမ်ခမ်ခုတ် အမှုနှင့် ရခိုင်လူငယ် ကိုတင်ထူးအောင်တို့အမှုများအား အကျိုးဆောင်ရှေ့နေ ငှားရမ်းခွင့် မရရှိဘဲစီရင်ချက်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
ကိုဖိုးဖြူ လွတ်လာပြီ
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
မြန်မာတောင်းစားသူများ မဲဆောက်တွင် ဖမ်းဆီးခံရပြန်
အကြောင်းအရာတူ
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
ubuntu linux
အဖတ်များဆုံး
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
ကိုဖိုးဖြူ လွတ်လာပြီ
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 59 ဦး အွန်လိုင်း ရှိနေသည်။