အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ပြည်တွင်း ကားစျေးကွက် အေးစက်
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > ကြည်ဝေ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၃ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ပြည်တွင်း ကားဝယ်ရောင်း လုပ်ငန်းများ အေးနေပြီး ကားစျေးများ ကျဆင်းလျက် ရှိကြောင်း ရန်ကုန်နှင့် မန္တလေးမြို့ ကားဝယ်ရောင်း လုပ်ငန်းများမှ သိရှိရသည်။
ထိုသို့ ဖြစ်နေခြင်းမှာ အစိုးရကား လေလံပွဲများ ဆက်တိုက် ကျင်းပလာခြင်း၊ တရားမဝင် ကား တင်သွင်းရောင်းချေသော လုပ်ငန်းများ တွင်ကျယ်လာခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကားများတင်သွင်းခွင့်ပြုတော့မည်ဟူသော သတင်းများထွက်ပေါ်လာခြင်းနှင့် ပြည် တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုကျပ်တည်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။
“ကားစျေးက နေ့တိုင်း ကျနေတာ၊ တရက်နဲ့ တရက်ကို စျေးက မတူတော့ဘူး၊ ပေါက်စျေးကို ပြောရခက်တဲ့ အနေအထား ရောက်နေတယ်၊ စျေးသာရှိပြီး ဝယ်တဲ့သူ မရှိဘူး၊ ကုန်တင်ကား ရောင်းချင်တဲ့သူပဲ များတယ်”ဟု ရန်ကုန်မြို့ ဟံသာဝတီ ကားပွဲစား တန်းမှ ဝယ်ရောင်း သမားတဦးက ပြောသည်။
၂၀၀၉ ခုနှစ်မှ စတင်ပြီး ကားစျေးကွက်တွင် အရောင်းပါး ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် နှစ်ဆန်း ပိုင်းတွင် လုပ်ငန်းသုံး ကားများ ၃ တန်မှ ၅ တန်၊ ၆ တန်မှ ၉ တန်၊ ၁၀ တန်မှ ၂၀၊ ၂၁ တန်နှင့် အထက် Truck , Box Truck ကုန်ကား အမျိုးအစားများ (ဘယ်မောင်း) ကို ထောက်ခံချက် မျိုးစုံဖြင့် တင်ပြ လျှောက်ထားရန် မလိုဘဲ ပြည်ပပို့ကုန်မှ ရသည့် နိုင်ငံခြားငွေ ရှိသူ မည်သူမဆို လွတ်လပ်စွာ တင်သွင်းခွင့် လျှောက်ထား နိုင်ပြီဟု ခွင့်ပြုလိုက်သည့် အတွက် ကားစျေးကွက်မှာ ပိုပြီး အေးသွား ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဆလွန်း၊ဝက်ဂွန်ထိ ခွင့်ပြုတဲ့အဆင့်ကို မရောက်သေးပေမယ့် လုပ်ငန်းသုံးကားနဲ့ ခရီးသည်တင်ကား အဆင့်တော့ ရောက်လာပြီ ဆိုတော့ မကြာခင်မှာ အိမ်စီးကားတွေလည်း ရောက်လာနိုင်တယ်၊အခုဆိုကားကိုအမြတ်ရဖို့ဝယ်မယ့်သူ မရှိတော့ဘူး၊ စျေးကွက် ထဲမှာ ဝယ်လိုအားနည်းလာတော့ အခုရက်ပိုင်းမှာ ရန်ကုန်ကားစျေးကွက်က အေးတဲ့အပြင် အရောင်းအဝယ်စျေးပါ ထပ်ကျလာပြန် တယ်၊ တစီးကို အမျိုးအစားပေါ်မူတည်ပြီး သိန်း ၂၀ ကျော်ကနေ သိန်း ၇၀ ဝန်းကျင်အထိလောက်တောင် ကျတယ်၊ ဒါတောင် ဝယ်မယ့်သူ မရှိဘူး”ဟု ကားစျေးကွက်ကျွမ်းကျင်သူ တဦးက ပြောသည်။
ကားစျေးကျဆင်းရခြင်းမှာ လေလံကားများနှင့် Without(လိုင်စင်မဲ့)ကားများကို လဲစီးကြခြင်းကလည်း အကြောင်းရင်းတချက် ဖြစ်ကြောင်း သူက ဆိုသည်။
အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)မှလည်း Without မော်ဒယ်မြင့် ကားသစ် အမျိုးမျိုးကို ရန်ကုန်အရောက် တရားမဝင်တင်သွင်း လျက်ရှိပြီး ထိုကားများနှင့်လေလံပွဲမှ လေလံအောင် နံပါတ်ရပြီး ကား နှင့် လဲစီး၍ သယ်ယူကြသည်မှာ ၂၀၀၈ ခုနှစ် ကတည်းကပင် ဖြစ်ကြောင်း၊၂၀၀၉ ခုနှစ်အတွင်း ထိုလုပ်ငန်းများ ပိုမို တွင် ကျယ်လာပြီး လူအများစုကလည်း လေလံပွဲများကို အသုံးချလာကြခြင်းဖြစ်ကြောင်း သူက ပြောပြသည်။
“အခု လုပ်နေကြတာက ကားဘယ်လောက်စုတ်စုတ် လေလံဝင်ဆွဲတယ်၊ အဲဒီလိုဆွဲမှ အမည်ပေါက်နဲ့ နံပါတ်ရမှာလေ၊ နောက် Withoutကားမှာ လေလံကားက အင်ဂျင်နံပါတ်တို့ ဘော်ဒီနံပါတ်တို့ ရိုက်ပြီး ရုံးမှာ လိုင်စင်လုပ်တာ ငွေ ကျပ် ၁၀ သိန်း ပေးလိုက် ရင်ရပြီပဲ”ဟုလည်း သူက ပြောဆိုသည်။
Without ကားများကို လေလံကား အင်ဂျင်နံပါတ်ပြောင်းရိုက်ပေးခြင်း၊ ဘော်ဒီနံပါတ်ပြောင်းရိုက်ခြင်းတို့အတွက် စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ၁၂ သိန်းစျေးရှိကြောင်း၊ လေလံကားအဟောင်းကိုမူ ဘုရင့်နောင်ကားပစ္စည်း အရောင်းဆိုင်များက စျေးဖြတ်ပြီး ဝယ်ယူပေးကြောင်း ရန်ကုန်မြို့မှ ကားဘော်ဒီပြုပြင်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။
လေလံပွဲမှ ကားလေလံဆွဲပြီး ကားဘော်ဒီနှင့်နံပါတ်သာ ယူကာ Withoutကားနှင့် လဲစီးနေကြခြင်းမှာ ကားကောင်းကားသစ် စီးရသည့်အပြင် စျေးနှုန်းမှာလည်း ပိုပြီးတွက်ခြေကိုက်သည့်အတွက် လေလံပွဲများကို ကားဝယ်ရောင်းသမားများသာမက၊
အပြင်လူ အိမ်စီးကားဝယ်လိုသူများကပါ စိတ်ဝင်စားလာပြီး လေလံကားမှ ကိုယ်ကြိုက်သည့်ကားကို လေလံဆွဲကာ လဲစီး ခြင်းဖြစ်ကြောင်း ကားလေလံသမားများထံမှ သိရှိရသည်။
“ဗန်ဖင်ကောက် Withoutဆိုရင် အိမ်ရှေ့အရောက် ကျပ် ၄၅ သိန်းပဲ ရှိတယ်၊အင်ဂျင်နံပါတ်နဲ့ ဘော်ဒီနံပါတ် ရိုက်တာက ၁၂ သိန်း၊ လိုင်စင်အတွက် ၁၀ သိန်းဆိုတော့ သိန်း ၆၀ ကျော်ပဲကျတယ်၊ လေလံဆွဲခဲ့တဲ့စျေးပါထည့်ပေါင်းရင်တောင် အပြင်စျေးနဲ့ကွာတယ်၊ အပြင်ပေါက်စျေးက ကျပ် သိန်း ၃၅၀ ရှိတယ်”ဟု လေလံသမား တဦးက ပြောသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနေသောလေလံပွဲတွင် အမြင့်ကား အများဆုံးပါဝင်ပြီး အစီး ၄၀၀ ကျော်လေလံတင်ရောင်းချနေသည့်အတွက် ကားစျေးမှာလည်း၂၀၀၉ ခုနှစ် ဒီဇင်ဘာလကထက် ပိုပြီးစျေးကျသွားကြောင်း၊ အပေါ်ကား၊ အောက်ကားစျေးများမှာ ယခင်ကထက် တစီးလျှင် ကျပ် သိန်း ၂၀ မှ သိန်း ၅၀ ဝန်းကျင်အထိ ကျဆင်းသွားခြင်း ဖြစ်ကြောင်း ဟံသာဝတီကားစျေးကွက်ရှိ လုပ်ငန်းသမားများက ပြောဆိုကြသည်။
ထိုေလေလံပွဲတွင် မစ်ဆူဘီရှီ၊ ပါဂျဲရိုး၊ တိုရိုတာ၊ လန်ခရူဇာ၊ တိုရိုတာဟိုင်းလပ်ဆပ်ဖ် စသည့် ဝက်ဂွန် အမျိုးအစား ကား ၁၅၄ စီး အများဆုံးပါဝင်ပြီး တိုရိုတာ ကိုရိုလာဗင်၊ ကရီနာဗန် စသည့် လူသုံးများသည့် ကား ၈၅ စီး၊ တိုရိုတာ လိုက်အေ့စ် မိုက်ခရိုဘတ်စ် ၄၈ စီး၊ တိုယိုတာမတ်တူး တိုယိုတာကရောင်း စသည့် ဆလွန်းအမျိုးအစား ၆၉ စီး၊ အီစူဇူးဒယ်ဗယ် ကတ်၊နစ်ဆန်းအိတ်စထာကတ် စသည့် ပစ်ကပ်ကား အစီး ၃၀၊ ဗေဂျင်းဂျစ် ၂၁ စီး၊ ကုန်တင်ကား နှင့် တခြားကားအမျိုးစား ၁၅ စီးခန့် ပါဝင်ကြောင်း သိရှိရသည်။
“လေလံပွဲတွေရှိတော့ အရောင်းအဝယ်လဲ မရှိသလောက်ဘဲ၊ ပစ်ကပ် ပုစဉ်းခေါင်းဆို ကျပ် သိန်း ၁၀၀ ဝန်းကျင်လောက်ပဲရှိတေ့ာ တယ်၊ ဆူဇူကီးဆို သိန်း ၃၂၀၊ ဖင်ကောက်က ၄၅၀ ကျော်ကနေ ၅၀၀ ဝန်းကျင်လောက်ပဲရှိတော့တယ်၊ ကားကို စီးဖို့ ဝယ်တဲ့သူ လောက်ပဲ အဆင်ပြေတော့တယ်၊ အရင်လို ကစားဖို့ မစဉ်းစားရဲကြဘူး၊ ကားဆိုတာ အခုဝယ်ထားပြီး မြတ်ဖို့ တော်တော်နည်း သွားပြီ”ဟု ကားပွဲစားတဦးက ပြောသည်။
၂၀၀၈ ခုနှစ် အစိုးရကားလေလံပွဲများ ကျင်းပချိန်မှစ၍ ကားစျေးများ တအိအိကျဆင်းလာခဲ့ပြီး ပြင်ပမှ ငွေဝင်ကစားသူများ က လည်း ကားအစား တခြားသော အိမ်ခြံမြေလုပ်ငန်းများဘက်သို့ ပြောင်းကုန်သည့်အတွက် အရောင်းအဝယ် ကျဆင်းခဲ့သည် မှာ၂၀၀၉ ခုနှစ်မှ ယနေ့ အထိ ဖြစ်ကြောင်း ကားဝယ်ရောင်းသမားများက ပြောဆိုကြသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
နယ်ခြားစောင့်တပ် အရေး မတ်လ ၁၅ ရက် နောက်ဆုံး အကြောင်းပြန်ရမည်
ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ
မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား
ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ
အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
(၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အကြောင်းအရာတူ
နယ်ခြားစောင့်တပ် အရေး မတ်လ ၁၅ ရက် နောက်ဆုံး အကြောင်းပြန်ရမည်
ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ
မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား
ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ
အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
(၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
ubuntu linux
အဖတ်များဆုံး
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ကိုဖိုးဖြူ လွတ်လာပြီ
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။