စိတ်ကြွဆေးပြား လေးသန်းသည် UWSA လုပ်ဟု ထိုင်းကပြော

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > စိုင်းဇွမ်ဆိုင်း ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၁၀ ခုနှစ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခင် လကုန်ပိုင်းနှင့် ယခုလဆန်းအတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေး လေးသန်းခန့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့၏ လက်ချက်ဟု ထိုင်း အာဏာပိုင်များက စွပ်စွဲလိုက်သည်။

ယခင်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ယခင်လ ၂၉ ရက်နေ့အကြား ဖမ်းမိခြင်းဖြစ်သည့် မူးယစ်ဆေးဝါး များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့ မြောက်ပိုင်းရုံးက ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြသည်။

ဝ တပ်ဖွဲ့ UWSA ခေါင်းဆောင် ဝေဆူခန်းသည် ထိုင်းနိုင်အတွင်း ဖြန့်ဖြူးနေသောမူးယစ်ဆေးဝါးအများစု အတွက် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်အစိုးရကို တိုက်ခိုက်ရန် လက်နက်ဝယ်ယူရေး အတွက် ငွေရလွယ်သည့် မူးယစ်ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်နေကြကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဘန်ကောက်ရုံးချုပ်မှ လက်ထောက်ညွှန်မှူး ပမ်ပွန် ချောင်ဗာလစ် Permpong Chaovalit က ပြောသည်။

ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် နအဖစစ်တပ်၏ တိုင်းရင်းသားများအပေါ် ထိုးစစ်ဆင်များ တိုး မြင့်လာနိုင်မည်ဟုလည်း တွက်ဆကြောင်း သူကပြောသည်။

သူက “မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့တွေဟာ မြန်မာစစ်သားတွေကို တိုက်ဖို့အတွက် လက်နက်တွေ ဝယ်နိုင်ဖို့ သူတို့ရဲ့ မူးယစ်ဆေးထုတ်တဲ့နှုန်းကို မြှင့်နေတယ်လို့ ကျနော်တို့ သတင်းတွေရထားတယ်” ဟု ဘန်ကောက်ပို့စ်သို့ပြောသည်။

မက်တာဖက်တမင်း (methamphetamines)ဟုခေါ်သော စိတ်ကြွရူးသွပ်ဆေးပြားများသည် အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ဝင်ရောက်လာပြီး ထုတ်လုပ်သော စက်ရုံများမှာ ချင်းရိုင်း၊ မယ်ဟောင်ဆောင် တ ဘက်ကမ်း မြန်မာနိုင်ငံဘက်ခြမ်းတွင်တည်ရှိသည်ဟုလည်း သတင်းစာတွင် ဖော်ပြထားသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကမူ “ဘိန်း လုံးဝမစိုက်ဖို့၊ ဆုံးဖြတ်ပြီး ၁၉၉၁-၉၂ လောက် ကနေ ၁ဝ နှစ်၊ ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်တာလေ။ ၂ဝဝ၆ မှာ အပြီးအပြတ် ကမ္ဘာကို အခမ်းအနားနဲ့ကို ကြေညာပြီးတော့ တားဆီးပိတ်ပင်လိုက်တာ ဖြစ်တယ်လေ” ဟု မဇ္စျိမကို ယခင်က ပြောထားသည်။

တရုတ်ပြည်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ “ထိုင်းထဲကို မူးယစ်ဆေးဝါးတွေ ဘိန်းတွေပို့ပြီး လက်နက်ဝယ်တယ်ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။ လက်နက်တွေက သူတို့ဆီမှာ အဆင် သင့်ရှိပြီးသားပဲ” ဟု မဇ္စျိမကို ပြောသွားသည်။

ရှမ်းပြည်နယ်အတွင်း သတင်းများကို အထူးပြုဖော်ပြနေသည့် သျှမ်းသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက “အခုအဖမ်းခံရတဲ့ ပစ္စည်းတွေဆိုတာကလည်း အများအားဖြင့်က ပြည်သူ့စစ်အဖွဲ့တွေရဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ အခြေ အနေ တင်းကြပ်လာတဲ့အခါ။ ပြည်သူ့စစ် ဆိုတာတွေက ပိုပြီးတော့ အာဏာတွေရလာတယ်” ဟု ပြော သည်။

ထိုင်းမူးယစ်တာဝန်ရှိသူများက ပြောဆိုသော ချင်းရိုင်း၊ ချင်းမိုင်နှင့် မယ်ဟောင်ဆောင် တဘက်ခြမ်း မြန်မာ နိုင်ငံအတွင်း၌ ဝ’ တပ်မများ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်၊ နအဖ တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ တပ်စွဲ ထားကြောင်းသိရသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာပြီး၊ စိတ်ကြွဆေးများလည်း တိုးထုတ်လာနေ ကြောင်း မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် လည်း ဖော်ပြထားသည်။

ထို့အပြင် မူးယစ်ဆေးထုတ်သည့် နယ်မြေများသည်လည်း တည်ငြိမ်မှု၊ လုံခြုံမှုမရှိခြင်းနှင့် မူးယစ်ဆေး အစားထိုး သီးနှံပြောင်းလဲစိုက်ရန် အထောက်အကူများလိုအပ်နေကြောင်း ဖော်ပြသည်။

ဝ' ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အဖွဲ့နှင့် အဖွဲ့မှ ထိပ်တန်းတပ်မှူးများဖြစ်သည့် ဝေရှောက်ခန်၊ ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် UWSA စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန် အပါအဝင် လူပုဂ္ဂိုလ် ၂၆ ဦးနှင့် ကုမ္ပဏီ ၁၇ ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာန (OFAC) က ၂ဝဝ၈ ခု နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 17 ဦး အွန်လိုင်း ရှိနေသည်။