စည်ပင်နယ်နိမိတ်အတွင်းရှိ ကျူးကျော်အိမ်များကို ရှင်းလင်း

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > မျိုးချစ်သူ ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၁၀ ခုနှစ်


ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်းရှိ ကျူးကျော်နေအိမ်များကို ယခုလအတွင်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကျူးကျော်နေအိမ်များကို ရှင်းလင်းမှု စတင်ခဲ့သည်ဟု ရန်ကုန်စည်ပင် အဆင့်မြင့်အရာရှိတဦးက ပြောသည်။

“မရမ်းကုန်းမြို့နယ်အတွင်းမှာ ရှိတဲ့ စွယ်တော်စေတီအနားမှာ ကျူးကျော်အိမ်တွေ (၆၀) လောက်ရှိတယ်။ အဲဒါတွေကို ရွှေပြည်သာက ၀ါးတရာကို ပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စည်ပင်ဧရိယာအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် ကျူးကျော်အိမ်ရာများ ရှိနေသေးကြောင်း၊ ၎င်းတို့ကို ယခုလအတွင်း ထပ်မံရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မရမ်းကုန်းက ကျိုက်ဝိုင်းအနားမှာလည်း ကျူးကျော်တွေရှိတယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ဒေါပုံ စတဲ့မြို့နယ်တွေမှာလည်း တနေရာစီမှာ အနည်းဆုံး အိမ် (၂၀) လောက် ရှိကြတာချည်းပဲ။ ဒါတွေကို ရှင်းလင်းတယ်ဆိုတာ မြို့ရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်အောင် မီးဘေးအန္တရာယ် ကင်းအောင်လို့ပါ” ဟု စည်ပင်အရာထမ်းတဦးက ပြောသည်။

ကျူးကျော်နေထိုင်သူအများစုသည် အစိုးရပိုင်မြေနေရာ ကွက်လပ်များတွင် နေထိုင်ကြပြီး ၎င်းတို့အား ယခုကဲ့သို့ ရှင်းလင်းနေခြင်းမှာ အစိုးရပိုင်မြေများကို စာရင်းပြုစုနေသည့်အတွက် ဖြစ်ကြောင်း၊ ထိုနေရာများတွင် တည်ဆောက်ရေးလုပ်ငန်း သို့မဟုတ် အခြားတစုံတရာဆောင်ရွက်နိုင်ရန် စီစဉ်နေ၍ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

၀ါးတရာသို့ ပြောင်းရွှေ့ခံရသော မရမ်းကုန်းမြို့နယ်မှ ကျူးကျော်အိမ်များကို ပေ (၆၀x၂၀) မြေကွက်များ စည်ပင်က အခမဲ့ ပေးသော်လည်း ၎င်းတို့အနေဖြင့် နေအိမ်ပြန်လည်တည်ဆောက်ရန် အခက်အခဲဖြစ်နေကြောင်း ခေတ်ပြိုင်က စုံစမ်းသိရသည်။

ယခုလအတွင်း ပြောင်းရွှေ့မည့် ကျူးကျော်နေအိမ်များစာရင်းကို တိတိကျကျမသိရှိရသေးဘဲ စာရင်းပြုလုပ်ဆဲဖြစ်ကြောင်း စည်ပင်အရာထမ််းက ပြောသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 17 ဦး အွန်လိုင်း ရှိနေသည်။