အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ဇောတိကစီမံကိန်း အမြန်ဆုံးရောင်းချနိုင်ရန် ညွှန်ကြား
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > စိုးမိုး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်တခုဖြစ်သော ဇောတိက စီမံကိန်းမှ ယခုနှစ် ပွင့်လင်းရာသီအတွင်း သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက်ကြရန် စစ်အစိုးရ စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။
ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နှင့် အမေရိကန်ဒေါ်လာ သန်း (၁) ထောင်တန်ဖိုးရှိ ဓာတ်ငွေ့ရောင်းချရန် နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားပြီး အမြန်ဆုံး စတင်ရောင်းချ အကောင်အထည်ဖော်ရန် စစ်အစိုးရ ဝန်ကြီးက အဆိုပါစီမံကိန်းသို့ ယခုလ (၁) ရက်တွင် သွားရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ်ကတည်းက ယခုချိန်ထိ ဇောတိကစီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် အကဲဖြတ်ရေး တွင်းပေါင်း (၁၈) တွင်း တူးဖော်ပြီး ဓာတ်ငွေ့ထွက်ရှိမှုပမာဏကို ခန့်မှန်းတွက်ချက်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်အစိုးရ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းအရ နိုင်ငံမှ သဘာဝဓာတ်ငွေ့ ရောင်းချရငွေများကို စစ်ဗိုလ်ချုပ်ကြီးများ ရရှိနေဦးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။
“(၁) ဒေါ်လာကို တရားဝင် (၆) ကျပ်။ တကယ့် အရှိ ငွေလဲနှုန်းက (၁) ထောင်ကျပ်။ အဲတော့ အစိုးရက ဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်း (၁) ထောင်ဆိုရင် ပြည်သူ့ဘဏ္ဍာထဲ ဝင်လာမှာက ဒေါ်လာ သန်း (၆၀)။ ကျန်တဲ့ ဒေါ်လာ သန်း (၉၄၀) က ဘယ်သူယူမယ််ဆိုတာ မသိနိုင်ဘူး” ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။
မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သည့် ရဲတံခွန်နှင့် ရတနာတို့မှ ထိုင်းနိုင်ငံသို့ ရောင်းချနေပြီး ယခု ဇောတိက သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ ထပ်မံရောင်းချရန် သဘောတူပြီးဖြစ်သည်။
စစ်အစိုးရက ရတနာ သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ဝင်ငွေ အမေရိကန် ဒေါ်လာ (၄.၈၃) ဘီလီယံ ရရှိထားသော်လည်း နိုင်ငံ့ဘဏ္ဍာတွင် ဝင်ငွေစာရင်းအဖြစ် ကန်ဒေါ်လာ (၂၉) သန်းသာ ပြထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် Earth Rights International အဖွဲ့၏ ယမန်နှစ် အစီရင်ခံစာတွင် ပါရှိသည်။
မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်ဖြစ်သည့် ရတနာတခုတည်းမှ ရောင်းချနေသည့် သဘာဝဓာတ်ငွေ့ဖြင့် ထိုင်းနိုင်ငံတွင်း လျှပ်စစ်ဓာတ်အား အသုံးပြုမှု၏ (၂၀) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၂,၅၀၀) ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။
ယင်းပမာဏမှာ မြန်မာတနိုင်ငံလုံး လက်ရှိ ရရှိနေသည့် လျှပ်စစ်ဓာတ်အား၏ (၂) ဆဖြစ်ပြီး စစ်အစိုးရ အာဏာရယူထားသည့် နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း နိုင်ငံအတွက် တည်ဆောက်သော ရေအားလျှပ်စစ် ပမာဏ၏ (၄) ဆကျော်ဖြစ်သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
အကြောင်းအရာတူ
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
BNI အမျိုးသမီးများ အသံ
BNI အမျိုးသမီးများ အသံ
ပြည်သူ့စစ်သား
ပြည်သူ့စစ်သား
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 19 ဦး အွန်လိုင်း ရှိနေသည်။