အကော်ဒီယံအုန်းကျော်ကို ဂီတအစည်းအရုံး တရားစွဲ

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > မျိူးဝင်းဇော် ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၁၀ ခုနှစ်


မြန်မာနိုင်ငံ ဂီတအစည်းအရုံးပိုင် အဆောက်အအုံမှ ဖယ်ရှားပေးရန် အကော်ဒီယံအုန်းကျော် မိသားစုကို ဂီတအစည်းအရုံးက တာမွေ တရားရုံးတွင် တရားစွဲဆို ထားသည်။

ဂီတအစည်းအရုံးကော်မတီ အဖွဲ့ဝင်တဦးက “အဲဒီ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဆောက်အအုံမှာ ကျနော်တို့ အပြည့်အဝ ပြောင်းရွှေ့ အလုပ်လုပ်ဖို့ လိုတယ်။ အဲဒီမှာ အကော်ဒီယံ အုန်းကျော်မိသားစုဝင်တွေက လူနေအိမ်အဖြစ် အသုံးပြုပြီး နေနေကြတယ်။ ဒါနဲ့ ဘယ်လိုလုပ်ရမလဲဆိုပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကို တင်ပြတော့ သူက တရားစွဲ ဆိုတာနဲ့ ခု အကော်ဒီယံအုန်းကျော် မိသားစုတွေကို ဖယ်ရှားပေးဖို့ တရားစွဲ လိုက်တာဖြစ်တယ်” ဟု ပြောသည်။

ဂီတအစည်းအရုံးမှ အကော်ဒီယံအုန်းကျော်ကို ဖယ်ရှားပေးရန် မေတ္တာရပ်ခံထားသည်မှာ ကြာပြီဖြစ်ကြောင်း၊ ထိုသို့ မေတ္တာရပ်ခံမှုကို အကော်ဒီယံအုန်းကျော်က အတွင်းရေးမှူး (၁) ထံ စာတင်ထားကြောင်း အခြား တေးဂီတ ထုတ်လုပ်အလွှာမှ ကော်မတီဝင်တဦးက ပြောသည်။

“ဒီလို စာရေးတင်ပြ တိုင်တန်းတဲ့အတွက် ဗိုလ်မှူးချုပ်ကျော်ဆန်းက ဒေါသထွက်ပြီး ဂီတအစည်းအရုံးကနေတဆင့် တရားစွဲ ဖယ်ရှားခိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းစာတွင် အဆိုပါအဆောက်အအုံကြီးကို သူကိုယ်တိုင်ကမကထလုပ် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအကြောင်း ကြေးသွင်းစာ ရေးထိုးပြီး အဆောက်အအုံ မြေညီထပ်တွင် ဖော်ပြထားကြောင်း၊ သူ့အနေဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုခဲ့သည်များကို ထောက်ထားပြီး ဆက်လက်နေထိုင်ခွင့်ပြုစေလိုပါကြောင်း၊ သူ ဂီတအစည်းအရုံးကို တာဝန်ယူစဉ်က ကော်မတီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ စသည်တို့ကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂီတအစည်းအရုံး တာဝန်ရှိသူများကို သူ့သဘောကျ ခန့်အပ်ခဲ့ကြောင်း စသဖြင့် ရေးသားခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအဆောက်အအုံကို ၁၉၉၁ ခုနှစ်က အကော်ဒီယံအုန်းကျော် ကိုယ်တိုင် ကမကထလုပ်ပြီး ဂီတလောကသားများ ထည့်ဝင်သည့် အလှူငွေဖြင့် သုံးထပ် အဆောက်အဦကြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ငွေကျပ်သိန်း (၆ဝဝ) ကျော် ကုန်ကျခဲ့ကြောင်း၊ ဆောက်လုပ်ပြီးစဉ်မှစ၍ အကော်ဒီယံအုန်းကျော် မိသားဝင်များ အဆိုပါ အဆောက်အအုံ တထပ်ကို ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု နှစ်ပေါင်းများစွာ ကြာလာပြီး နောက်ပိုင်း တက်လာသည့် ဂီတအစည်းအရုံး ကော်မတီဝင်များက အဆောက်အအုံ တခုလုံးကို အစည်းအရုံးအတွက် အသုံးပြုလိုသောကြောင့် ယခုကဲ့သို့ နေထိုင်ရာမှ ဖယ်ရှားခိုင်းခြင်း၊ တရားစွဲဆိုခြင်း အဆင့်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ နာမည်ကြီး တေးရေးဆရာတဦးကမူ ယခုကိစ္စသည် စစ်အာဏာပိုင်များနှင့် ပလူးပလဲ လုပ်ချင်သည့် အဆိုတော်၊ တေးရေး၊ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ မင်းသမီး စသည်တို့အတွက် သင်ခန်းစာယူစရာ ဖြစ်ကြောင်း ပြောသည်။

၎င်းက “စစ်အာဏာရှင်တွေဆိုတာ သူတို့ကို ဘယ်လိုပဲ အလုပ်အကျွေးပြုပြု၊ ပြည်သူတွေကို ဘယ်လောက်ပဲ သစ္စာမဲ့ပြပြ သူတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မျက်နှာထောက်ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအချိန် ဒီအနုပညာရှင်ကို ပြည်သူတွေကလည်း မုန်းတီးနေပြီဖြစ်လို့ ဘဝသေသွားပြီဖြစ်တယ်” ဟု ပြောသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 18 ဦး အွန်လိုင်း ရှိနေသည်။