ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > သဲသဲ သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၀ ခုနှစ်


စနေနေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရကြောင်း သရုပ်ဆောင် ကျော်သူက ပြောသည်။

အကယ်ဒမီဆုဟု ထင်ရှားသည့်  မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဖိတ်စာ မရရှိခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိပြီဖြစ်သည်ဟု ဆိုသည်။

“ကျနော့်ကို ဖိတ်စာလည်း မပို့ဘူး၊ ဖိတ်စာ ရရမယ့် လူစာရင်း ထဲမှာလည်း မပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရတာ။ ax

၂၀၀၇ ခုနှစ်တွင် ကျော်သူက ဆန္ဒပြသည့် သံဃာများကို ဆွမ်းကပ် သည့်အတွက် အာဏာပိုင်တို့က အငြိုးထားပြီး သူ၏ အနုပညာ လုပ်ငန်းများနှင့် ပတ်သက်သမျှကို ပိတ်ပင်တားဆီးခြင်း ဖြစ်သည်ဟု ကျော်သူက ယူဆသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ကျင်းပသည့် မြန်မာ့ရုပ်ရှင် ၈၉ နှစ်ပြည့် အခမ်းအနားတွင် ချိတ်ဆွဲခဲ့သော အသံတိတ် ခေတ်မှ ဆေးရောင်စုံခေတ် အထိ ထင်ရှားသည့် သရုပ်ဆောင်တို့၏ ပုံများထဲတွင် ကျော်သူ၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။

အာဏာပိုင်တို့က ထိုသို့သော ကန့်သတ်မှုများရှိနေချိန်တွင် ကျော်သူကလည်း အာဏာပိုင်တို့နှင့် “ခပ်ကင်းကင်း” နေထိုင်ခဲ့သည်။

နှစ်စဉ် ရန်ကုန်တွင် ပြုလုပ်လေ့ရှိသည့် အကယ်ဒမီပေးပွဲကို ၂၀၀၇ မှ စတင်ပြီး ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်သို့ ပြောင်းရွှေ့ ကျင်းပစဉ်က ကျော်သူကို ဖိတ်ကြားခဲ့သော်လည်း သူက တက်ရောက်ခြင်း မပြုခဲ့ပေ။

အာဏာပိုင်များက ၎င်းတို့နှင့် သဟဇာတ မဖြစ်သည့် အနုပညာရှင်များ၏ အမည်၊ ဓာတ်ပုံ စသည်တို့ကို နေရာတိုင်းတွင် လိုက်လံ ပိတ်ပင်တတ်ကြောင်း၊ တို့နဲ့မတူ တို့ရန်သူ ဟု ယူဆထားကြောင်း အကယ်ဒမီဆုရှင် ၀ါရင့် ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။

“သူ့အရည်အသွေးအလျောက်၊ သူ့တန်းနဲ့သူ ထားရမှာပေါ့။ ငါနဲ့ မတည့်တာနဲ့ ဒီကောင့်ကို အကုန်လုံး ဖျောက်၊ ဘာမှ လုပ်ပိုင်ခွင့် မပေးဘူး ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါတွေက မလုပ်သင့်တဲ့ အရာတွေပေါ့” ဟု သူက ဝေဖန် ပြောဆိုသည်။

မြန်မာပြည်တွင် ရုပ်ရှင်ထူးချွန်ဆု ရလိုပါက ထူးချွန်မှုအပြင် ၀ါဒဖြန့်ချိရေးဇာတ်ကားများတွင် ပါဝင်ကူညီမှုကဲ့သို့သော အာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်။

စနေနေ့တွင် ပေးအပ်မည့် အကယ်ဒမီဆုများကို ၂၀၀၈ ခုနှစ်အတွင်း ရုံတင်ပြသသည့် ဇာတ်ကား ၁၂ ထဲမှာ ရွေးချယ်မည် ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀ ကား ရှိသည့်အနက် ရုပ်ရှင်၂ ကားသည် အကယ်ဒမီဆု ၆ ဆု ရခဲ့သည်။ ထို ၆ ဆုတွင် အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆုတို့ မပါဝင်ခြင်းမှာ အာဏာပိုင်တို့က အမျိုးသမီးများ ဆုရရှိခြင်းကို မလိုလားသောကြောင့် ဖြစ်သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ရုပ်ရှင်အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ အကယ်ဒမီကျော်သူက  အရည်အချင်း အမှန်တကယ် ရှိသူများသာ ရစေလိုသည်ဟု ဆိုသည်။

“အော်စကာရွေးပွဲလိုပဲ ဆန်ခါတင် ငါးကား ရှိတယ် ဆိုရင် ဒီဇာတ်ကားမှာ ဒီသရုပ်ဆောင်ရဲ့ လုပ်ဆောင်ချက်က ဇာတ်ကားကို ဘယ်လောက် အထိ အထောက်အကူ ပြုသလဲ၊ တော်သလဲ ဆိုတာကို သတ္တိရှိရှိနဲ့ လုပ်စေချင်တယ်။ ပြောစေချင်တယ်။ အခုတော့ ရချင်တဲ့ ကားတွေက ရနေတယ်။ သိပ် အဓိပ္ပာယ်မရှိဘူး” ဟု အကယ်ဒမီကျော်သူက သုံးသပ်သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  2. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  3. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  4. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  5. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  6. ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
  7. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  8. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
  9. မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
  10. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
  11. နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
  12. ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
  13. ကိုဖိုးဖြူ လွတ်လာပြီ
  14. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
  15. မြန်မာတောင်းစားသူများ မဲဆောက်တွင် ဖမ်းဆီးခံရပြန်

အကြောင်းအရာတူ

  1. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  2. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  3. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  4. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  5. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  6. ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
  7. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  8. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
  9. မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
  10. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
ubuntu linux

အဖတ်များဆုံး

  1. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  2. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  3. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
  4. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  5. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  6. နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
  7. ကိုဖိုးဖြူ လွတ်လာပြီ
  8. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  9. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  10. ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
  11. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 58 ဦး အွန်လိုင်း ရှိနေသည်။