အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ကချင်အထူးဒေသ (၁) ကုမ္ပဏီ ဘောလုံးအသင်းထောင်
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > လင်းနိုင်ဦး
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်း၏ သား ဆခုံယိန်းဆောင် ပိုင်ဆိုင်သည့် ဆန်းလင်း သွင်းကုန်ထုတ်ကုန် ကုမ္ပဏီက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်ရန် ဘောလုံးအသင်းတသင်း တည်ထောင်လိုက်ခြင်းသည် ကိုယ်ကျိုးစီးပွားရှာရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောကြားသည်။
အဆိုပါ ကုမ္ပဏီနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက “ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းရဲ့သား ယိန်းဆောင် ဦးစီးပြီး မနောမြေဆိုတဲ့ ဘောလုံးအသင်း ထောင်လိုက်တယ်။ သူပြောတာကတော့ အခြား ဘောလုံးအသင်း ထောင်တဲ့ ဦးတေဇ၊ ဦးစိုင်းဆမ်ထွန်း၊ ဦးဌေးမြင့်၊ ဦးအောင်ကိုဝင်းတို့နည်းတူ စီးပွားရေးအခွင့်အလမ်းတွေ ရအောင်လုပ်မယ် ဆိုပြီး ပြောပြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံကိုယ်စားပြုပြီး အရှေ့တောင်အာရှနိုင်ငံများတွင် သွားရောက်ပြိုင်ပွဲဝင်ခဲ့ဖူးသည့် မြစ်ကြီးနားမြို့ခံ အားကစားသမား တဦးက “ကျနော်တို့ မြစ်ကြီးနားက အားကစားသမားတွေ တိုင်းနဲ့ ပြည်နယ်ပွဲတွေ ရှိလို့ ရန်ကုန်တက်ရရင်တောင် ခရီးစရိတ်၊ စားစရိတ် ထောက်ပံ့မယ့်သူ မရှိဘူး။ ရန်ကုန်ရောက်မှ ကိုယ့်ဖာသာကိုယ် ဟိုလိုက်တောင်းရ၊ ဒီ လက်ဖြန့်ရနဲ့ အတော်မျက်နှာ ငယ်တယ်။ အခု မနောမြေဆိုပြီး ကချင်ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်း ထောင်မယ့်သူတွေဆိုတာကရော ကချင်ပြည်နယ် အားကစားအတွက် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ၊ ငွေကြေးဘယ်လောက် ထောက်ပံ့ခဲ့ပြီးပြီလဲ။ ပြည်နယ်အဆင့် လူငယ်ဘောလုံးအသင်းတောင် မထောင်နိုင်တဲ့ အနေအထားမှာ ကိုယ်ကျိုးစီးပွားအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘောလုံးအသင်းထောင်မယ် ဆိုတာကတော့ ရယ်စရာပဲ” ဟု ပြောသည်။
မြန်မာနေရှင်နယ်လိဂ် ကြေးစားကလပ်အသင်းများ ဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်း ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်း အမေရိကန်နိုုင်ငံသား ဂျွန်ဝီလျံယက်တော ရေကူးဝင်ရောက်မှုကို နအဖက ရုံးတင်စစ်ဆေးနေချိန်ဖြစ်ပြီး အဆိုပါအမှုမှ ပြည်သူများ အာရုံပြောင်းရန် ဘောလုံးပွဲများကို ငွေကုန်ကြေးကျ များစွာခံပြီး ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့သည်။
ဘောလုံးအသင်းထောင်သည့် သူဌေးကြီးများသည် နိုင်ငံခြားဘောလုံးသမားများကို ငှားရမ်းခြင်း၊ ဘောလုံးပွဲလာကြည့်မည့် သူများကို ဘတ်စ်ကားစီစဉ်ပေးခြင်း၊ အခမဲ့ လက်မှတ်ပေးခြင်း၊ တီရှပ် ခေါင်းစီး အပါအဝင် လက်ဆောင်များပေးခြင်း စသဖြင့် ငွေကြေး ကျပ်သိန်းပေါင်း သောင်းနှင့်ချီ အကုန်အကျခံကာ ဆွဲဆောင်မှုများ လုပ်ခဲ့သည့်အတွက် ဘောလုံးပွဲ အထိုက်အလျောက် စည်ကားခဲ့သော်လည်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ်နှောင်းပိုင်း ပြုလုပ်သည့် ဘောလုံးပွဲမှာ လူ မရှိသလောက် နည်းပါးခဲ့သည်။
ဘောလုံးအသင်းထောင်သည့် သူဌေးကြီးများမှာမူ ရန်ကုန်နှင့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဘောလုံးကွင်းများကို ကိုယ်ပိုင် ရရှိခြင်း၊ မော်တော်ကား တင်သွင်းခွင့် ရရှိခြင်း၊ မက်စ်ဇော်ဇော်ဆိုပါက နေပြည်တော်တွင် ပရိသတ် (၃) သောင်းကျော်ဆန့် နိုင်ငံတကာ ဘောလုံးကွင်း တည်ဆောက်ရန် ကန်ထရိုက် ရရှိခြင်းနှင့်အတူ အခြား အခွင့်ထူးပေါင်းများစွာ ရရှိခဲ့သည်။
ယခု အထူးဒေသ (၁) ဥက္ကဋ္ဌသား ဆခုံယိန်းဆောင်၏ ကချင်ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်းမှာ ငွေကြေးများစွာ မရှိခြင်းကြောင့် နိုင်ငံခြားဘောလုံးသမားများကို ငှားနိုင်မည်မဟုတ်ဘဲ ပြည်တွင်းဘောလုံးသမားများဖြင့်သာ ယှဉ်ပြိုင်မည်ဟု သိရသည်။
အဆိုပါ ဆန်းလင်းကုမ္ပဏီသည် ဖေဖော်ဝါရီ (၄၊ ၅၊ ၆) ရက်နေ့တို့တွင် သုဝဏ္ဏကွင်း အမှတ် (၂) ၌ အသင်းအတွက် လူရွေးပွဲ ကျင်းပမည်ဟု ကြေညာထားသည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် မူလက ကလပ်အသင်း (၈) သင်းရှိပြီး ယခုအခါ မနောမြေ ကလပ်အသင်း၊ နေပြည်တော် ကိုယ်စားပြု နေပြည်တော် အက်ဖ်စီကလပ်အသင်း၊ ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင် ယူနိုက်တက် စသည့် (၃) သင်း ဖွဲ့စည်းနေပြီး စုစုပေါင်း ကလပ်အသင်း (၁၁) သင်း ရှိလာမည်ဖြစ်သည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
အကြောင်းအရာတူ
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
BNI အမျိုးသမီးများ အသံ
BNI အမျိုးသမီးများ အသံ
ပြည်သူ့စစ်သား
ပြည်သူ့စစ်သား
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 19 ဦး အွန်လိုင်း ရှိနေသည်။