ဘားမား ဗီဂျေ အော်စကာရရန် အလားအလာကောင်း

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > သဲသဲ သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၀ ခုနှစ်


၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ မြန်မာနို်င်ငံတွင် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးကို အဓိက ရိုက်ကူး ထားသော ဘားမား ဗီဂျေ (Burma VJ) မှတ်တမ်း ရုပ်ရှင်ဇာတ်ကား မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိရန် အလားအလာ အလွန်ကောင်းမွန် သည်ဟု ခန့်မှန်းပြောဆို နေကြသည်။

[(burmavjmovie.com)] ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် အွန်လိုင်း သတင်းစာ၏ အဆိုအရ “ဆန်ခါတင် ၅ ကားမှာ ဒီ ဘားမား ဗီဂျေက အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုရဖို့ အကောင်းဆုံး အနေအထားမှာ ရှိတယ်”ဟု ရုပ်ရှင် အကဲခတ်များမှ ခန့်မှန်း ပြောဆိုနေ ကြသည်ဟု ရေးသားဖော်ပြ ခဲ့သည်။

ယခုနှစ် အော်စကာ ဆုပေးပွဲ အခမ်းအနားကို လာမည့် မတ်လ ၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားမှာ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန််ရေးမှ သံဃာတော်များနှင့် လူထုအုံကြွမှုများ၊ စစ်အစိုးရ၏ ပြင်းထန်စွာ နှိပ်ကွပ်မှုများကို နိုင်ငံတကာမှ သိမြင်လာစေရန် သတင်းပေးပို့ ခဲ့သည့် ပြည်တွင်းမှ ဗီဒီယို သတင်းထောက်များ အကြောင်းကို ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard က ရိုက်ကူးထားခြင်း ဖြစ်သည်။



ဆန်ခါတင် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားများမှာ ဗားမား ဗီဂျေ အပါအဝင် The Cave ၊ Food, Inc . ၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers ၊ Which Way Home စသည့် ဇာတ်ကားများ ဖြစ်သည်။

အော်စကာ ဆုပေးပွဲတွင် တခြားသော အကောင်းဆုံး ရုပ်ရှင်ဆု အဖြစ် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ရိုက်ကူးသည့် Avatar ၊ The Blind Side ၊ District 9 ၊An Educationစသည့် ဇာတ်ကား အပါအဝင် ၁၀ ကားထဲမှ Avatar ဇာတ်ကားမှာ ထင်ကြေးပေး အခံရဆုံးဖြစ်သည်။

အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုများကို Crazy Heart ဇာတ်ကားမှ Jeff Bridges ၊ Up in the Air ဇာတ်ကားတွင် George Clooney ၊ Colin Firth၊ Morgan Freeman ၊ Jeremy Renner စသည်တို့အား ဆန်ခါတင် ရွေးချယ်ထားကြောင်း သိရသည်။

ဆန်ခါတင် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်များမှာ Sandra Bullock ၊ Helen Mirren စသည်တို့ဖြစ်ကြသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 18 ဦး အွန်လိုင်း ရှိနေသည်။