အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်း - မြန်မာ မိတ်ဆွေများ တောင်းဆို
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > သန်းထိုက်ဦး
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို အန္တရာယ်ရှိသည့် မိုင်းကွင်းထဲသို့ ပြန်မပို့ရန် အတွက် Friends of Burma (ထိုင်း - မြန်မာ မိတ်ဆွေများ အဖွဲ့)က ယနေ့ တောင်းဆို လိုက်သည်။
“ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ယနေ့ ဘန်ကောက်မြို့၌ကျင်းပသော Friends of Burma သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကရင် အမျိုးသမီး အစည်းအရုံး(KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ဧရာဝတီသို့ ပြောသည်။
လူသားချင်း စာနာထောက်ထားသည့် အနေနှင့် ဒုက္ခသည်များကို မိုင်းနယ်မြေများ၊ အန္တရာယ်ရှိသည့် နေရာများသို့ ပြန်မပို့ဘဲ လက်ရှိ နေရာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
Friends of Burma အဖွဲ့အစည်းသည် အစိုးရမဟုတ်သော NGO အဖွဲ့တခုဖြစ်ပြီး မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေ သောအဖွဲ့အစည်းတခုလည်းဖြစ်သည်။
၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင် အတွင်း မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်ဖွဲ့DKBA ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ဒေသခံ ကရင်ဒုက္ခသည်များသည် ထိုင်း နိုင်ငံသို့ ထွက်ပြေး လာကြခြင်းဖြစ်သည်။
ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။ ၎င်း ဒုက္ခသည်များကို မနက်ဖြန်တွင် ထိုင်းအစိုးရက မြန်မာဘက်ကမ်းသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
“ဒုက္ခသည်တွေကို မနက်ဖြန်ကနေ စပြီးတော့ ရွှေ့တော့မယ်၊ ရွှေ့မယ့် အဖွဲ့က နောင်ဘိုမှာရှိတဲ့ ဒုက္ခသည်စခန်းထဲက ၃၅ အိမ် ထောင်စုကို ရွေးထားတယ်၊ လူဦးရေ ၁၆၁ ယောက်ရှိတယ်၊ အဲဒီတစုကို စတင်ပို့ဖိုရှိနေတယ်၊ သတင်းလည်း ရထားတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က ဆိုသည်။
ယခုအခါ မြန်မာ စစ်တပ်များနှင့် DKBA တပ်များက ၎င်းဒေသများကို ထိန်း ချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင် သည့်အတွက် လူ့အခွင့်အရေး ဆောင်ရွက်နေသူ များကလည်း စိုးရိမ်နေကြသည်။
နော်ဘလူးမင်းနိုက်ဇန်က“တိုက်ပွဲဖြစ်ပြီးတော့ ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်ကို အဲဒီ မြေမြှုပ်မိုင်းရှိတဲ့ နေရာကို ပြန်သွားခိုင်း တယ် ဆိုတာကတော့ ဒီနိုင်ငံ အနေနဲ့ရော၊ နိုင်ငံတကာအနေနဲ့ရော လုံးဝ ဒါဟာ လူသားချင်း မစာနာတဲ့စိတ်ပေါ့နော် ဒုက္ခသည် တွေရဲ့ ဘဝတွေကိုလည်း တန်ဖိုးမထားဘဲနဲ့ အပစ်မဲ့တဲ့ ပြည်သူတွေရဲ့အသက်ကိုလည်း မလေးစားတော့ဘဲနဲ့ သေတွင်းကို တွန်းပို့တာပဲလို့ ပြောချင်တယ်”ဟု ဆိုသည်။
ဒုက္ခသည်များကို ပြန်ပို့ရန် အတွက် DKBA နှင့် KNLA တပ်မဟာ (၇) မှ ခေါင်းဆောင် တချို့က အားတက်သရော ဆောင်ရွက်နေ ကြသည်ဟု နယ်စပ်ရှိ ကရင် တိုင်းရင်းသားများက ဆိုသည်။
ထိုင်း အစိုးရ အနေဖြင့် မြန်မာ နိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ် စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန် ခိုင်းလေ့ရှိသည်။
တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းမရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် မြန်မာပြည်သို့ ပြန်သွားပါက လုံခြုံ စိတ်ချရပြီ ဖြစ်ကြောင်း၊ နောက်ထပ် ယာယီခိုလှုံခွင့်နှင့် ပတ်သက်၍ ထိုင်းအစိုးရတွင် မူဝါဒ မရှိကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း စစ်ဗိုလ်ချုပ် Thanongsak Apirakyothin၏ အဆိုကို ကိုးကား၍ ဇန်နဝါရီလ ၂၅ ရက်နေ့ Thai News Agency တွင် ဖော်ပြထားသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
(၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
အကြောင်းအရာတူ
(၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ubuntu linux
အဖတ်များဆုံး
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
ကိုဖိုးဖြူ လွတ်လာပြီ
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 6 ဦး အွန်လိုင်း ရှိနေသည်။