အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
မဲဆောက်ရှိ ကရင်ခေါင်းဆောင်များနေအိမ် ထိုင်းရဲဝင်စီး
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > ဘစောတင်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဌ ဖဒို ဒေးဗစ် သာကပေါ၏ နေအိမ်ဟောင်းနှင့် ကရင် သတင်းဌာန (KIC) ရုံးခန်းများကို ထိုင်းရဲများက ယနေ့နံနက် ၆ နာရီခန့်တွင် ဝင်ရောက် ရှာဖွေမှုများ ပြုလုပ် သွားကြောင်း သတင်းရရှိသည်၊
KIC တာဝန်ခံ ဒေါ်နန်းဖောဂေက “မနက်က ထိုင်းရဲ တွေနဲ ့ထိုင်းစစ်သားတွေ ၂၀ ဝန်းကျင်လောက် ကျမတို့ ကရင်သတင်း ဌာန ရုံးခန်းနဲ့ ဖဒို ဒေးဗစ် သာကပေါ နေသွားတဲ့ အခန်းဟောင်းကို ဝင်ရှာသွားတယ်၊ ဝင်ပြီးတော့ ပစ္စည်းတွေကို စစ်သွားတယ်၊ ဓာတ်ပုံတွေ ဘာတွေ ရိုက်သွားတယ်၊ ပစ္စည်းယူသွားတာ၊ ဖမ်းဆီး သွားတာမျိုးတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ထိုင်းအာဏာ ပိုင်များသည် ကရင်သတင်းဌာန ရုံးခန်းကို ဝင်ရောက် ရှာဖွေရာတွင် အခန်းကို သော့ဖွင့်၍ ဝင်ခြင်းမဟုတ်ဘဲ ကပ်လျက် အခန်းမှတဆင့် အပေါ်ထပ် ပြတင်းပေါက်ကို ဖွင့်ကာ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်၊
“သူတို ့အဲဒီလို လာရောက် ရှာဖွေတာမှာ ရှာဖွေခွင့် စာရွက် စာတမ်းတွေတော့ ပါတယ်လို ့သိရတယ်၊ ဘာကြောင့် ရှာလည်းတော့ မသိဘူး၊ ကျမတို့လည်း ဒီတခါပဲ အရှာခံထိဖူးတယ်၊ မနက် အစောကြီးဆိုတော့ ဘယ်သူမှ ရုံးမတက်သေးလို့ အဖမ်းခံ ထိတာတော့ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ဘာထပ်ဖြစ်မလဲ မပြောတတ်ဘူး”ဟု ဒေါ်နန်းဖောဂေက ဆိုသည်။
ယခုသတင်းနှင့် ပတ်သက်၍ KNU တာဝန်ရှိသူများကို ဆက်သွယ်၍ မရခဲ့ပါ။
လွန်ခဲ့သော နှစ်ကလည်း မဲဆောက်မြို့ရှိ မြန်မာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် KNU နှင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့နှင့် ပတ်သက်သည့် ရုံးများ၊ အိမ်များကို ထိုင်းအာဏာပိုင်များက ပိတ်ပစ်ရန် ဖိအားပေးခဲ့ ဖူးသည်။ ရှာဖွေ စစ်ဆေးမှုများလည်း ရှိခဲ့ဖူးသည်၊
အလားတူ ပြီးခဲ့သောနှစ်ကပင် ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ၏ ရုံးများကို ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးခဲ့ရာ လူ့အခွင့် အရေးသင်တန်း တက်ရောက်သူ (၁၀) ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
(၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
အကြောင်းအရာတူ
(၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ubuntu linux
အဖတ်များဆုံး
အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
ကိုဖိုးဖြူ လွတ်လာပြီ
အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 6 ဦး အွန်လိုင်း ရှိနေသည်။