၈ နှစ်ကြာသော်လည်း ဦးအောင်ဆန်းဦး နေအိမ် မပြီးပြတ်နိုင်သေး

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > ခိုင်စု သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၅ ရက် ၂၀၁၀ ခုနှစ်


ဦးအောင်ဆန်းဦးနှင့် ဒေါ်လဲ့လဲ့နွယ်သိန်းတို့ တည်ဆောက်နေသော ပုဂံမြို့ရှိ နေအိမ်သည် ၈ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မပြီးပြတ်သေးကြောင်း သိရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံကို ၂ဝဝ၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်က မန္တလေးတိုင်း ပုဂံမြို့ တောင်ဖီအရပ်ရှိ သရဘာဂိတ် ဟိုတယ်အနီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ်ခွင့်ပြုခဲ့ရာ ယခုတိုင် မပြီးပြတ်သေးကြောင်း သိရခြင်း ဖြစ်သည်။
asoo
''တကယ့်ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ဆောက်နေတာ။ ဥရောပစတိုင်ဗျ။ ၂ ထပ်တိုက်ခေါင်မိုး သုံးခုနဲ့ မြေအောက်ခန်း၊ ဓာတ်လှေကားပါ ပါတယ်။ ၂ဝဝ၂ ကတည်းက အင်ဂျင်နီယာတွေ တယောက်ပြီး တယောက် ပြောင်းပြီး  ဆောက်နေတာ အခုထိကို မပြီးသေးဘူး။ သူက ဆောက်လုပ်မှု ကုန်ကျစရိတ် ကျပ်သိန်း ၆ဝဝဝ လောက် မှန်းထားတယ်။ သိန်း ၃ဝဝဝ လောက် ကုန်နေပြီ” ဟု နေအိမ်ဆောက်လုပ်ရေးတွင် ပါဝင်ကူညီနေသူတဦးက မဇ္စျိမကို ပြောသည်။

နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့်မပြုသော မြန်မာနိုင်ငံတွင် အမေရိကနုနိုင်ငံသားက မည်သည့်နည်းဖြင့် ဝယ်ယူထားသည်ကို ရှင်းရှင်းလင်းလင်းမသိရနိုင်သော်လည်း ဒေါ်လဲ့လဲ့နွယ်သိန်း၏ အမျိုးများ အမည်ပေါက် ဝယ်ယူထားသည်ဟု ပုဂံဒေသခံများက ပြောသည်။

ကွယ်လွန်ချိန်အထိ ယခုနေအိမ်တွင် နေထိုင်သွားရန် ဦးအောင်ဆန်းဦးသည် ရည်ရွယ်ထားသည်ဟု သိရသည်။

ဦးအောင်ဆန်းဦးသည် လွန်ခဲ့သည့် ၂ လခန့်ကတည်းက ရန်ကုန်သို့ ရောက်ရှိလာပြီး နိုင်ငံတော် ဧည့်ဂေဟာ ကုန်းမြင့်သာ၌ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အစောင့်အရှောက်များဖြင့် နေထိုင်လျက်ရှိပြီး အမေရိကား၊ ရန်ကုန်နှင့် ပုဂံကို ဥဒဟိုသွားလာနေကြောင်း သိရသည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သည့် ဦးအောင်ဆန်းဦးသည်  အင်ဂျင်နီယာဘွဲ့ရ တဦးဖြစ်ကာ၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူဖြစ်သည်။

သူသည် ညီမ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်မှ အမွေခွဲလိုကာ၊ လတ်တလော နေအိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က တရားစွဲဆိုခြင်းကို ရုတ်သိမ်းပေးရန် သတိပေးခဲ့သော်လည်း  လိုက်နာခြင်း မရှိသဖြင့် ဦးအောင်ဆန်းဦးနှင့် ဒေါ်လဲ့လဲ့နွယ်သိန်းကို ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယခုလ ၂ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. နယ်ခြားစောင့်တပ် အရေး မတ်လ ၁၅ ရက် နောက်ဆုံး အကြောင်းပြန်ရမည်
  2. ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ
  3. မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား
  4. ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ
  5. အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
  6. စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
  7. သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
  8. ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
  9. (၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
  10. မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
  11. သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
  12. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  13. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  14. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  15. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့

အကြောင်းအရာတူ

  1. နယ်ခြားစောင့်တပ် အရေး မတ်လ ၁၅ ရက် နောက်ဆုံး အကြောင်းပြန်ရမည်
  2. ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ
  3. မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား
  4. ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ
  5. အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
  6. စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
  7. သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
  8. ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
  9. (၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
  10. မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
ubuntu linux

အဖတ်များဆုံး

  1. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  2. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  3. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  4. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
  5. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  6. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  7. ကိုဖိုးဖြူ လွတ်လာပြီ
  8. နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
  9. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
  10. မြန်မာ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန်စိုးရိမ်
  11. ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 14 ဦး အွန်လိုင်း ရှိနေသည်။