အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > မျိုးချစ်သူ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၈ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
နေပြည်တော်တွင် ဖေဖော်ဝါရီ (၆) ရက်က ပြုလုပ်သော ၂၀၀၈ ခုနှစ် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ယမန်နှစ်လောက် လုံခြုံရေး မတင်းကျပ်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက စာနယ်ဇင်း သမားများကို နှိပ်ကွပ်ခဲ့ကြောင်း သိရသည်။
သတင်းယူမည့် ပြည်တွင်းသတင်းထောက်များ၊ နိုင်ငံခြားသတင်းထောက်များအား အကယ်ဒမီဆုပေးပွဲ ကျင်းပရာ နေပြည်တော် လေဟာပြင်ကဇာတ်ရုံတွင် ဝင်ပေါက်လုံခြုံရေးက ယမန်နှစ်လောက် မတင်းကျပ်သော်လည်း ပြန်ကြားရေးဝန်ကြီးဌာန အရာရှိများက ဓာတ်ပုံရိုက်ကူးမှုနှင့် ပတ်သက်၍ တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထောက်များက ပြောသည်။
“အကယ်ဒမီပွဲဆိုတော့ အဓိကလိုတာက ဓာတ်ပုံလေ၊ ပုံကောင်းရဖို့ကိုပဲ အရေးထားနေရတာ။ ပွဲတက်လာတဲ့ လူကြီးမင်းတွေ မြင်ကွင်းကွယ်နေမှာ စိုးလို့ဆိုပြီး မောင်းထုတ်တာ။ ပြည်တွင်းသတင်းထောက် ကောင်မလေး တယောက်ဆိုရင် အဲဒီက လူကြီး တယောက်က မောင်းထုတ်တာ၊ ကောင်မလေးလက်ကို အတင်းဆွဲပြီးတော့။ ကောင်မလေးလည်း ရှက်သွားတယ်နဲ့ တူပါတယ်။ ကျနော်နဲ့လည်း စကားများ လိုက်ရသေးတယ်။ ဘာဖြစ်နေမှန်းကို မသိတာ။ ဒါပေမယ့် MRTV 4 ကို ကျတော့ ရိုက်ချင်သလို ရိုက်ခွင့်ပေးတယ်။ ဒါ့ကြောင့် ပြည်တွင်းဂျာနယ်တွေရဲ့ သတင်းထောက်တွေက မကျေနပ်ကြဘူး” ဟု ပွဲတက်ခဲ့သည့် ဓာတ်ပုံဆရာတဦးက ပြောသည်။
ယမန်နှစ် အကယ်ဒမီပွဲသို့ တက်ရောက်သတင်းယူခဲ့သည့် ပြည်တွင်းသတင်းထောက်များအား စစ်ဆေးရာတွင် ဓာတ်ခဲအပို ယူဆောင်ခွင့် ပိတ်ပင်ခဲ့သည့်အပြင် အကယ်ဒမီပွဲခင်းသို့ ဝင်ရောက်စဉ် သတင်းထောက်များအနေဖြင့် တယောက်ချင်းစီ ဓာတ်ပုံရိုက်ပြပြီးမှ ဝင်ရကြောင်း နှစ်စဉ်အကယ်ဒမီပွဲတက်ရောက်ခဲ့သည့် ပြည်တွင်းမှ ဂျာနယ်လစ်တဦးက ပြောသည်။
၎င်းက “အကယ်ဒမီပွဲကို တနိုင်ငံလုံးက စိတ်ဝင်စားကြတယ်လေ။ ဓာတ်ပုံတွေကို မရ အရ ရိုက်နေကြတဲ့ ဂျာနယ်သမားတွေက အကယ်ဒမီပွဲတက်ရင် တနှစ်တခါ စိတ်ညစ်ရတယ်လို့ မှတ်ယူကြတယ်၊ လုံခြုံရေးကိစ္စတွေကြောင့်ပေါ့။ ဒီနှစ်တော့ အရင်နှစ် ကထက် ဝင်ရတာချောင်တယ်လို့ မှတ်ယူထားပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက လူတွေကြောင့် ပိုပြီး စိတ်ညစ်ရတယ်ဗျ” ဟု ပြောသည်။
၂၀၀၈ ခုနှစ် အကယ်ဒမီပွဲအတွက် ဟောကိန်းထုတ်မှုများရှိခဲ့သော်လည်း ဆုရသူများစာရင်း ကြိုတင်ထွက်ပေါ်ခဲ့ကြောင်း၊
MRTV 4 ၊ ပြည်တွင်းဂျာနယ်များ၊ FM အသံလွှင့်ဌာနများက အကယ်ဒမီ ဆုရမည့်သူများစာရင်းကို ကြိုသိနေကြကြောင်းလည်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
၎င်းက “ခင်မို့မို့အေးကို အကယ်ဒမီဇင်ဝိုင်းက ပွဲမစခင်မှာ အကြိုလာရောက်နှုတ်ဆက်ပါတယ်လို ့ပြောပြီး လက်ဆွဲနှုတ်ဆက် တယ်။ ပြီးတော့ ခန့်စည်သူကို အကယ်ဒမီ မြင့်မြင့်ခိုင်က လာပြီး အကြို ခုကတည်းက နှုတ်ဆက်တာနော်လို့ပြောပြီး နှုတ်ဆက် ပြန်တယ်။ အကယ်ဒမီစာရင်းက ပွဲမစခင်ကပဲ ပေါက်နေတာပါ” ဟု ပြောသည်။
ဓာတ်ပုံဆရာများက ဆုကြေညာသူ၏အသံမဆုံးသေးခင် အမျိုးသမီးဇာတ်ပို့ဆုဆိုသည်နှင့် ခင်မို့မို့အေးနားကို၊ အမျိုးသား ဇာတ်ဆောင်ဆုဆိုသည်နှင့် ကိုခန့်စည်သူဆီ ပြေးသွားကြသည်ကို ကြည့်ပါက ကြိုသိနေသည့်သဘောပေါ့့ဟု အဆိုပါ ပြည်တွင်းသတင်းထောက်က ပြောသည်။
၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီထူးခွန်ဆုပေးပွဲတွင် အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားမှ (၄) ဆုအပါအဝင် စုစုပေါင်း (၇) ဆု ရရှိခဲ့သည်။
အမျိုးသားဇာတ်ဆောင်ဆုကို အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားဖြင့် ခန့်စည်သူကလည်းကောင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို မို့မို့မြင့်အောင်က မြင်းမိုရ်ထက်က သရဖူ ဇာတ်ကားဖြင့်လည်းကောင်း၊ အမျိုးသားဇာတ်ပို့ဆုကို အကယ်ဒမီရှော့ခ် ဇာတ်ကားဖြင့် အကယ်ဒမီ ရဲအောင်ကလည်းကောင်း၊ အမျိုးသမီးဇာတ်ပို့ဆုကို ခင်မို့မို့အေးက အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ကြသည်။
ရုပ်ရှင်ဓာတ်ပုံဆုကို အကယ်ဒမီသန်းညွန့် (ပန်းသာ) က ကြိုးတန်းဇာတ်ကားဖြင့်လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားဆုကို မျက်ခြယ်ရုပ်ရှင် ထုတ်လုပ်ရေးမှ အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားအတွက်လည်းကောင်း၊ ဒါရိုက်တာဆုကို ညီညီထွန်းလွင်က အများနှင့်မသက်ဆိုင်သောသူ ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ကြသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
အကြောင်းအရာတူ
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
BNI အမျိုးသမီးများ အသံ
BNI အမျိုးသမီးများ အသံ
ပြည်သူ့စစ်သား
ပြည်သူ့စစ်သား
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 17 ဦး အွန်လိုင်း ရှိနေသည်။