အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
စက်လှေမှောက်၊ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ဆယ်ယူရရှိ
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > ခိုင်စု
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၈ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
ထိုင်းနိုင်ငံအတွင်းသို့ ကော့သောင်းခရိုင် နှစ်နိုင်ငံနယ်စပ်မြစ် ပါချန်မြစ်ဖျားမှနေ၍ လူ ၂၃ ဦးပါ စက်လှေဖြင့် ယခုလ ၅ ရက်နေ့ ညပိုင်းတွင် တိတ်တဆိတ် ဝင်ရောက်စဉ် စက်လှေ တိမ်းမှောက်ခဲ့ရာ ပျောက်ဆုံးနေသူများဟု ယူဆရသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းတွင် ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
အမျိုးသမီးအများစု ပါရှိသည့် မြန်မာလုပ်သား ၂၀ ဦး၊ စက်လှေမောင်းသမား၊ ၄ နှစ်သားအရွယ် ကလေးငယ် တဦးနှင့် လူပွဲစားတဦး လိုက်ပါသည့် စက်လှေသည် အေးချမ်းသာရွာအနီးရှိ ပါချန်မြစ်မှ ထိုင်းနိုင်ငံ သစ်စက်နီအရပ်သို့ ဝင်ရောက်ရင်း တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကျန်လူများမှာမူ လွတ်မြောက်ခဲ့ကြသည်။
“ညဘက် ၇ နာရီမှာ တာလပတ် အုပ်ထားတဲ့အခါကျ ရေဝင်ပြီး နစ်သွာတာ။ ၁၆ နှစ် ကောင်မလေး တယောက်နဲ့ ၄၀ နီးပါးရှိမယ့် အမျိုးသမီး တဦး ရေနစ်ကျန်ခဲ့ပြီး ကျန်တဲ့လူတွေက ပြန်လာတယ်။ လှေနစ်တယ်ဆိုလို့ ရွာကလူတွေ သွားရှာတော့လည်း မတွေ့ဘူး။ မနေ့က ညနေ ၃ နာရီလောက်မှ ကောင်မလေးအလောင်း အရင်ပေါ်လာတယ်၊ ပြီးတော့ အမျိုးသမီး အလောင်း ပေါ်လာတယ်။ အခုတော့ အလောင်းတွေကို ကော့သောင်းဆေးရုံကို သယ်သွားကြတယ်” ဟု အေးချမ်းသာရွာခံ တဦးက မဇ္စျိမကို ပြောသည်။
ကော့သောင်းမြို့ခံတဦးကလည်း “ဒီမနက် ၉ နာရီခွဲက အေးချမ်းသာရွာနားမှာ မနေ့ကပေါ်တဲ့ အလောင်း နှစ်လောင်းကို ကော့သောင်း နာရေးမှု ကူညီမှု အသင်းက ကားနဲ့သယ်ပြီး ဆေးရုံပို့လိုက်ရတယ်” ဟု ပြောသည်။
ပုံမှန်အားဖြင့် စက်လှေတစီးတွင် ၁၈ ဦး ခန့်သာ စီးနင်းနိုင်သော်လည်း ယင်းနေ့တွင် လိုက်ပါသွားခဲ့သူ ၂၃ ဦး ရှိသည့်အပြင် အားလုံးကို တာလပတ်အုပ်၍ လိုက်ပါစေခဲ့သည်။
စက်လှေမောင်းသူမှာ နစ်မြုပ်သည့်နေ့မှ ယနေ့ထိတိုင် တွက်ပြေးတိမ်းရှောင်နေကာ၊ ပွဲစား အပါအဝင် ကျန်ရှိသည့် ၂၀ ဦးစလုံးကိုမူ အေးချမ်းသာ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အဆိုပါ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ဒုရဲမှူးက ဖြေကြားခြင်း မရှိပါ။
အထိန်းသိမ်းခံများထဲမှ ကလေးငယ်၏ မိခင်မှာ ယမန်နေ့ ည ၇ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။
“ကလေး နေမကောင်းလို့ ဆေးခန်းသွားပြတာ။ လမ်းမှာ အမေက နှလုံးရပ်သွားတယ်။ ဆေးခန်းရောက်တော့ သေနေပြီ။ သူ့ယောက်ျားလည်း အခု ရဲစခန်းမှာပဲ အဖမ်းခံနေရတယ်။ ရေနစ်သေသွားတဲ့ ကောင်မလေးရဲ့ အမေကလည်း ရဲစခန်းမှာပဲ” ဟု အေးချမ်းသာ ရွာခံက ပြောသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
အကြောင်းအရာတူ
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
BNI အမျိုးသမီးများ အသံ
BNI အမျိုးသမီးများ အသံ
ပြည်သူ့စစ်သား
ပြည်သူ့စစ်သား
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 19 ဦး အွန်လိုင်း ရှိနေသည်။