မြန်မာအသင်း အကြိုခြေစမ်းပွဲ ရလာဒ်မကောင်း

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > ကျော်ခ တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၈ ရက် ၂၀၁၀ ခုနှစ်


အာရှဘောလုံးအဖွဲ့ချုပ် AFC မှ ကြီးမှူးကျင်းပမည့် AFC Challenge Cup ကို သီရိလင်္ကာနိုင်ငံ၌ သွား ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အကြို ခြေစမ်းပွဲများတွင် ရလာဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည်။

Challenge Cup ပြိုင်ပွဲသို့မသွားမီ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် အကြိုခြေစမ်းပွဲများ ကစားနိုင်ရန် MFF မှ ၄ ပွဲ စီစဉ်ပေးခဲ့သော်လည်း ကစားသည့် ၄ ပွဲစလုံးတွင် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။

“ပြုတ်သွားတဲ့နည်းပြက စမ်းတာတွေ များတယ်ဗျ။ မကစားဘူးတဲ့နေရာတွေမှာ စမ်းပြီး ကစားတော့ ကစားသမားတွေက ယောင်တောင်ပေါင်တောင်တွေ ဖြစ်ကုန်တာပေါ့နော။ အဲလိုတွေကြောင့် အသင်းကိုလာထိခိုက်တာပါခင်ဗျ”ဟု MFF ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက မဇ္စျိမကို ပြောသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ယခုလ ၁၆ ရက်နေ့တွင် သိရိလင်္ကာနိုင်ငံတွင် စတင် ကျင်းပမည့် AFC Challenge Cup ယှဉ်ပြိုင်ပွဲတွင် ပါဝင်မည်ဖြစ်သဖြင့် ပွဲကြိုခြေစမ်းပွဲအဖြစ် ပြည်ပအသင်းများကို ခေါ်ယူ၍ ခြေစမ်းကစားခြင်း ဖြစ်သည်။

နိုင်ငံ ကိုယ်စားပြု လက်ရွေးစင်အသင်း မဟုတ်သည့် တောင်ကိုရီးယားနိုင်ငံ အပျော်တမ်း တက္ကသိုလ် ကျောင်းသား အသင်းကို သုဝဏ္ဏ အမျိုးသား အားကစားကွင်းတွင် ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ကစားခဲ့ပြီး ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဒုတိယပွဲစဉ်အဖြစ် ၂၈ နေ့တွင်လည်း ၃-၄ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။

ကြေးစား ကလပ်အသင်းဖြစ်သည့် ယခုလ ၁ ရက်နေ့က ကစားခဲ့ရာ Royal Thai Army FC အား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ ၃ ရက်နေ့တွင် Thai Port FC ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ၄ ပွဲကစား ရဂိုး ၅ ဂိုး ပေးဂိုး ၁၄ ဂိုးတို့ဖြင့် ဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်။  

AFC Challenge Cup အုပ်စု (က) တွင် မြန်မာအသင်းပါဝင်ပြီး အိမ်ရှင်အသင်းသီရိလင်္ကာ၊ တာဂျစ် ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အုပ်စု (ခ) တွင်  လက်ရှိချန်ပီယံ အိန္ဒိယ၊ မြောက်ကိုရီးယား၊ ကာဂျစ္စတန်၊ တာမင်နစ္စတန်တို့ပါဝင်မည် ဖြစ်သည်။

လက်ရွေးစင် အသင်းသည် ခြေစမ်းပွဲများတွင် ရှုံးနိမ့်ရခြင်းကြောင့် မြန်မာ့ လက်ရွေးစင်အသင်း “သိက္ခာ” ကျသည်ဟု ဂိုးအားကစားဂျာနယ်မှ ကလောင်ရှင် ဦးကိုကိုကြီးက ဝေဖန် ပြောကြားလိုက်သည်။

“ရှုံးတယ်ဆိုတာက နည်းပြဆရာ စကားပြောတာပေါ့ဗျာ။ ဘယ်လို ဘောလုံးသမားကို လိုင်းထုတ်ပြီးတော့ ဘယ်လိုဘောလုံးသမားကို အရန်မှာ အထိုင်ခိုင်းမလဲ။ ဘာကြောင့် လက်ရွေးစင်ဟောင်း ကစားသမား တွေကို ချန်ထားခဲ့သလဲ။ လက်ရွေးစင် သိက္ခာကျတာပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။

AFC Challenge Cup 2010 ၌ မြန်မာအသင်းအနေဖြင့် ၁ ရက်ခြား တပွဲစီ ကစားရမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ အိမ်ရှင်သီရိလင်္ကာ အသင်းနှင့်၊ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နှင့်၊ ၂၀ ရက်တွင် တာဂျစ်ကစ္စတန်တို့နှင့် ကစားရမည် ဖြစ်သည်။

ယခုလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး အုပ်စု (က) အတွင်း အနိုင် ရပါက ၂၄ ရက်နေ့တွင် အကြို ဗိုလ်လုပွဲ၊ ၂၇ ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲစဉ်တို့ကို မျှော်မှန်းနိုင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်နှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပသည့် AFC Challenge Cup တွင် အုပ်စု (က) တွင် အိမ်ရှင် ဘင်္ဂလားဒေ့ရှ် အသင်းအား ၂-၁ ဂိုး၊ မကာအို အသင်းအား ၄-၀ ဂိုး၊ ကမ္ဘောဒီးယားအသင်းအား ၁-၀ ဂိုးတို့ဖြင့် သုံးပွဲလုံးအနိုင်ရကာ အုပ်စုပထမ ရခဲ့သည်။

ယခု အသင်းမှ ဖယ်ရှားခြင်းခံလိုက်သည့် ခရိုအေးရှားနည်းပြ ဒရာဂိုမာမစ် နေရာတွင် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်မြင့်အောင် ဝင်ရောက်လာသည်။ ဦးတင်မြင့်အောင်သည် ၂၀၀၉ ခု AFC Challenge Cup ယှဉ်ပြိုင်ပွဲအတွက် နည်းပြတာဝန်ယူခဲ့သူဖြစ်သည်။

AFC Challenge Cup တွင် ဗိုလ်လုပွဲသို့ ရောက်ရှိမည့် အသင်း နှစ်သင်းသည် ၂၀၁၁ အာရှဖလား တိုက်ရိုက်ဝင်ခွင့် ရကြမည် ဖြစ်သည်။

AFC Challenge Cup ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ကျော်လွန်ပါက MFF ဥက္ကဋ္ဌဦးဇော်ဇော်မှ ကျပ်သိန်း ၁၀၀၀ ဆုချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 19 ဦး အွန်လိုင်း ရှိနေသည်။