A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင် ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > မြန်မာ့သတင်း တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၈ ရက် ၂၀၁၀ ခုနှစ်


မြန်မာနိုင်ငံတဝှမ်း ယခု ဖေဖော်ဝါရီလအတွင်း A (H1N1) တုပ်ကွေး လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျေးရွာတခုတွင် (၄) ဦးနှင့် ရန်ကုန်မြို့ မြောက်ဒဂုံတွင် (၈) ဦး စုစုပေါင်း (၁၂) ဦး ယခု (၁) လ အတွင်း တွေ့ရှိရခြင်းဖြစ်သည်။ A (H1N1) တုပ်ကွေးကို အများစုက ဝက်တုပ်ကွေးဟု အသိများသော်လည်း စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့လူတုပ်ကွေးကူးစက်ရောဂါဟု အမည်ပေးထားသည်။

ရန်ကုန်မြို့တွင် အဆိုပါ A (H1N1) တုပ်ကွေး ဖြစ်ပွားသည့် ကလေးငယ်များမှာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၃) ရပ်ကွက်မှ ကျောင်းသားငယ်လေးများ ဖြစ်ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရပ်ကွက်အတွင်းရှိ အမှတ် (၂၃) မူလတန်းကျောင်းကို ယာယီပိတ်ထားသည်ဟု အဆိုပါရပ်ကွက်နေ ကျောင်းသားမိဘတို့က ပြောသည်။

“အဲဒီအိမ်က ချင်းကလေးလေးတွေကို စုပြီးထားထားတာ။ အခုရပ်ကွက်ထဲက အိမ်တွေက ကလေးတွေကို အိမ်ပြင် မထွက်ခိုင်း ကြတော့ဘူး၊ ကူးမှာစိုးလို့။ ကျောင်းလည်းပိတ်ထားတယ်။ လူကြီးတွေလည်း ကူးမှာစိုးနေရတယ်။ ဖြစ်တဲ့ အိမ်ကိုတော့ ရယကနဲ့ ရဲ စောင့်နေတယ်။ အဲဒီအိမ်ကလူတွေ အပြင်မထွက်အောင်ပါ” ဟု အဆိုပါရပ်ကွက်တွင်း နေထိုင်သူ ကျောင်းဆရာဟောင်းတဦးက ပြောပြသည်။

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် သက်ဆိုင်ရာက အဆိုပါရပ်ကွက်အတွင်းရှိ ကမ္ဘာ့လူတုပ်ကွေး ကူးစက်ခံထားရသည်ဟု သံသယရှိသော ချင်းတိုင်းရင်းသား ကလေးငယ်များနေထိုင်ရာ ပညာတန်ဆောင် (၃) လမ်းရှိ ဘော်ဒါဆောင်သို့ ရောက်ရှိလာပြီး သံသယရှိသူ ကလေးငယ်အချို့ကို ခေါ်ဆောင်သွားခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူတို့၏ ပြောကြားချက်အရ သိရသည်။

“ကလေးတွေကို ဘယ်လိုကူးလည်းမသိဘူး။ နိုင်ငံခြားကပြန်လာတဲ့ ချင်း (တိုင်းရင်းသား) တယောက်ဆီက ကူးတယ်လို့တော့ ပြောနေကြတာပဲ။ ဘယ်လိုလဲတော့ သေသေချာချာမသိကြပါဘူး” ဟု ရပ်ကွက်နေပြည်သူတဦးက ဆိုသည်။

ထို့နောက် ဖေဖော်ဝါရီ (၇) ရက် ညနေပိုင်းတွင်လည်း ရပ်ကွက်အတွင်း အခြားအိမ်မှ ကလေးငယ်အချို့ကို ထပ်မံခေါ်ဆောင်သွားရာ ယခုအခါ ကလေးငယ် (၂၀) ခန့် ဆေးရုံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း မျက်မြင်သက်သေအချို့က ဆိုသည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အဆိုပါရပ်ကွက်ရှိ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ ကျောင်းသားကလေးငယ်များကို စစ်ဆေးခဲ့ရာ ကလေးငယ် (၈) ဦးတွင် A (H1N1) ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီ (၈) ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖော်ပြသည်။ ယင်းလူနာများကို မြောက်ဥက္ကလာ၊ ဝေဘာဂီအထူးကုဆေးရုံတွင် ထားရှိသည်ဟုလည်း ဖော်ပြထားသည်။ ရောဂါပိုး မည်သို့ကူးစက်ခံရသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ကျေးရွာမှ ချင်းတိုင်းရင်းသား (၄) ဦးနှင့်ပတ်သက်၍ ကုသမှုအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဝက်တုပ်ကွေးရောဂါ ကုသရေးအတွက် ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီ ကူးစက်ဆေးရုံတို့တွင် ဓာတ်ခွဲခန်းတပ်ဆင်ပြီး ပြင်ဆင်ထားသော်လည်း နယ်မြို့များတွင် ပြင်ဆင်မှုမရှိဟု သိရသည်။

ယမန်နှစ် A (H1N1) တုပ်ကွေး ကူးစက်လူနာအများစုမှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်သော်လည်း ယခု ဒေသခံများတွင် ဖြစ်ပွားနေခြင်းကို တွေ့ရခြင်းဖြစ်ကြောင်း ကျန်မာရေးဝန်ထမ်းများက ဆိုသည်။

“ဒီရောဂါ ဖြစ်စတုန်းက ပြည်ပက ပြန်လာတဲ့သူတွေမှာ ဖြစ်တာကို တွေ့တာ။ အခုဟာက ထူးဆန်းတယ်၊ ဒေသခံတွေမှာ ဖြစ်လာတာ ဖြစ်တယ်။ ဒါကြောင့် သေချာစောင့်ကြည့်နေတယ်။ မြို့နယ်ကျန်းမာရေးဌာနတွေကို ထူးခြားတာနဲ့ သတင်းပို့ဖို့ ညွှန်ကြားထားတယ်” ဟု စစ်ကိုင်းတိုင်းမြို့နယ် ဆရာဝန်ကြီးတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလမှစပြီး ကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးနှင့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ တိုက်ဖျက်ရေး၊ ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဆရာဖြစ်သင်တန်းကို အထွေထွေရောဂါကု ဆရာဝန် (၃၁) ဦးအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကူအညီဖြင့် သင်တန်းပေးထားသည်ဟု သိရသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
  2. စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
  3. သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
  4. ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
  5. (၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
  6. မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
  7. သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
  8. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  9. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  10. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  11. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  12. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  13. ကယ်လီဖိုးနီးယားကျောင်းများက ပြည်နယ်အစိုးရကို ကန့်ကွက်ဆန္ဒပြကြ
  14. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  15. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု

အကြောင်းအရာတူ

  1. အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
  2. စစ်အစိုးရထံမှ အကူညီမယူဟု ဦးအေးလွင်ငြင်း
  3. သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
  4. ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ
  5. (၃) လအတွင်း ဂက်စ်စျေး (၄ဝ) ရာခိုင်နှုန်းတက်
  6. မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး
  7. သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
  8. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  9. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  10. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
ubuntu linux

အဖတ်များဆုံး

  1. အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
  2. မီးလောင်ရင် ပြည်သူတွေမှာ တာဝန်ရှိသတဲ့
  3. တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်
  4. ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
  5. မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို
  6. ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
  7. ကိုဖိုးဖြူ လွတ်လာပြီ
  8. နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်
  9. အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို
  10. ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း
  11. ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 27 ဦး အွန်လိုင်း ရှိနေသည်။